Category Courses

Richard Branson

ဒီသင်ခန်းစာထဲမှာတော့ Virgin လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့တဲ့ Richard Branson ရဲ့ ငယ်စဉ်ကလေးဘဝကတည်းက စီးပွားရေးလောကကို စတင်ဝင်ရောက်ခဲ့ပုံ၊ သွက်လက်ထက်မြက်စွာနဲ့ Customer တွေရဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးရင်း Vrigin Empire & Virgin Atlantic ကို ကြိုးစားတည်ထောင်ခဲ့ပုံနှင့် Branded Venture Capital ဆိုတဲ့ စီးပွားရေးချဲ့ထွင်မှု မဟာဗျူဟာတစ်ခုကို ဖော်ဆောင်ခဲ့ပုံများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

view count - 72

Aung Myin Online Learning

Aung Myin Online Learning.

Buy.ology

ယခုဖော်ပြထားတဲ့ ဝယ်ယူအောင်ဆွဲဆောင်ခြင်းပညာ (Buy-ology) သင်ခန်းစာမှာဆိုရင် စားသုံးသူများရဲ့ စိတ်အာရုံထဲမှာ Brand အမှတ်တံဆိပ်တွေ အမြဲရောက်နေအောင် လုပ်ငန်းတွေ လုပ်ဆောင်ပုံအကြောင်းကို - ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို စီစဉ်တကျ ကြော်ငြာခြင်း၊ သွယ်ဝိုက်ပြီး ကြော်ငြာခြင်းနှင့် လိုဂိုများ၏ အရေးပါမှု၊ စကားလုံးများက လူတို့၏ အမူအကျင့်အပေါ် လွှမ်းမိုးနိုင်စွမ်းအား စတဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များနဲ့ တင်ပြပေးထားတာဖြစ်ပါတယ်။

view count - 66

Aung Myin Online Learning

Aung Myin Online Learning.

Start with 'WHY'

ဒီသင်ခန်းစာကတော့ နာမည်ကျော် ဟောပြောသူနဲ့ စာရေးဆရာဖြစ်တဲ့ Simon Sinek ရေးသားထားတဲ့ “Start with WHY” ဆိုတဲ့ စာအုပ်မှာ ပါဝင်တဲ့ စာသုံးသူများ ကုန်ပစ္စည်းတစ်ခုကို အခြားတစ်ခုထက် ပိုနှစ်သက်ရခြင်း အကြောင်းအရင်းများကို ရှင်းလင်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

view count - 74

Aung Myin Online Learning

Aung Myin Online Learning.

Deep Work

ယခုသင်ခန်းစာမှာဆိုရင် Satya Nadella ရေးသားခဲ့တဲ့ “Deep Work” စာအုပ်မှာ ပါဝင်တဲ့ အလုပ်လုပ်ရာမှာ အာရုံစူးစိုက် လုပ်ဆောင်ဖြင်းအကျင့်ကို မွေးမြူခြင်း၊ ပျင်းရိငြီးငွေ့ခြင်းကို လက်ခံခြင်း၊ Social Media အသုံးပြုခြင်းများကို လျော့ချခြင်း၊ ပေါ့ပေါ့တန်တန် လုပ်ဆောင်စိတ်ကို လျော့ချခြင်း စတဲ့ အချက်များကို လေ့လာနားလည်ပြီး တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်စေမှာ ဖြစ်ပါတယ်။

view count - 67

Aung Myin Online Learning

Aung Myin Online Learning.

Enchantment

နာမည်ကျော်စာရေးစရာ တစ်ဦးဖြစ်တဲ့ Guy Kawasaki က သူ့ရဲ့ ဆယ်အုပ်မြောက်ဖြစ်တဲ့ “Enchantment” ဆိုတဲ့ စာအုပ်မှာ လုပ်ငန်းတစ်ခုအနေနဲ့ ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်ညှို့ငင်နိုင်ဖို့အတွက်- ဆွဲဆောင်ညှို့ငင်မှု အဓိပ္ပါယ်၊ ဆွဲဆောင်ညှို့ငင်နည်းများ၊ လုပ်ငန်းအတွက် တည်ဆောက်ယူနိုင်ပုံ နှင့် လုပ်ငန်းများရဲ့ လုပ်ဆောင်ချက်များမှာပါ ပေါင်းစပ် အသုံးပြုနိုင်ပုံများ အကြောင်းကို အသေးစိတ် ရေးသား တင်ပြပေးထားတာ ဖြစ်ပါတယ်။

view count - 81

Aung Myin Online Learning

Aung Myin Online Learning.

Leaders Eat Last

ဒီသင်ခန်းစာလေးမှာတော့ Simon Sinek ရေးသားခဲ့တဲ့ Leader eats last စာအုပ်မှ ခေါင်းဆောင်မှုဖြစ်ပေါ်လာပုံ၊ ခေါင်းဆောင်မှုအတွက် စွန့်လွှတ်အနစ်နာခံနိုင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူနိုင်မှု၊ အတူယှဉ်တွဲ တည်ရှိနေမှု၊ ယုံကြည်မှုရယူနိုင်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း စတဲ့ ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများ နဲ့ နည်းလမ်းများ အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

view count - 107

Aung Myin Online Learning

Aung Myin Online Learning.

Starbucks

ယခုသင်ခန်းစာမှာဆိုရင် Starbucks ကော်ဖီဆိုင် ယဉ်ကျေးမှုနဲ့ အတူ ကမ္ဘာပေါ်မှာ လူအသိများဆုံး ကော်ဖီ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Starbucks ကော်ဖီ Brand ကို ဖန်တီးတည်ထောင်ခဲ့သူ Howard Schultz (ဟိုးဝပ်(ခ်) ရွှပ်ဇ်)ရဲ့ အတ္ထုပတ္တိ နှင့် အခက်အခဲအဆင့်ဆင့်ကို ဖြတ်သန်းပြီး အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ခဲ့ပုံများအကြောင်းကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

view count - 84

Aung Myin Online Learning

Aung Myin Online Learning.

3E's

ယခုသင်ခန်းစာမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရည်မှန်းချက် ပန်းတိုင်တွေသတ်မှတ်တဲ့နေရာမှာ၊ လုပ်ဆောင်ချက် တွေကို အကဲဖြတ်သုံးသပ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ 3E’s – ၁. Effectiveness ၂. Efficiency ၃. Economy of scale အကြောင်းကို တင်ပြပေးထားတာ ဖြစ်ပါတယ်။

view count - 94

Aung Myin Online Learning

Aung Myin Online Learning.

Be a Sales Superstar

ယခုသင်ခန်းစာမှာတော့ Brian Tracy က သူရေးသားခဲ့တဲ့ “ အရောင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်စေဖို့ ”Be a Sales Superstar ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ အရောင်းဝန်ထမ်း တစ်ဦး အနေနဲ့ လက်ရှိ ရောင်းအားထက် အဆပေါင်းများစွာ ပိုမိုမြှင့်တင်နိုင်ဖို့ ရှိသင့်ရှိထိုက်တဲ ဗဟုသုတတွေနဲ့ ဖြည့်စည်းထားရမယ့် အချက်တွေကို ရှင်းလင်းတင်ပြ ပေးထားတာ ဖြစ်ပါတယ်။

view count - 178

Aung Myin Online Learning

Aung Myin Online Learning.

Tribes

ဒီဗီဒီယိုလေးမှာဆိုရင် ကမ္ဘာ့ရောင်းအကောင်းဆုံး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူ စာရေးဆရာ- ဆက်ဂိုဒင် ရဲ့Tribes စာအုပ်မှာ ပါဝင်တဲ့ အုပ်စုတွေရဲ့ သဘာဝနဲ့ ခေါင်းဆောင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တွေကို ဆွေးနွေးတင်ပြပေးထားတာပဲ ဖြစ်ပါတယ်။

view count - 56

Aung Myin Online Learning

Aung Myin Online Learning.