Subscription

Subscription

The Compound Effect
95

The Compound Effect

ဒီနေ့ခေတ်မှာ စွန့်ဦးတီထွင်သူတွေရဲ့ အောင်မြင်မှုဇာတ်လမ်းတွေ၊ အောင်မြင်ကြီးပွားရေး ဟောပြောပွဲတွေ၊ စာအုပ်တွေကြောင့် လူတိုင်းက အချိန်တိုတိုအတွင်းမှာ မြန်မြန်ဆန် ဆန်ချမ်းသာကြွယ်ဝချင်ကြပါတယ်။ ဒီသင်ခန်းစာလေးကတော့နာမည်ကျော်ဟောပြောသူနှင့် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ Darren Hardy က Compound Effect ဆိုတဲ့စာအုပ်ထဲမှာစစ်မှန်တဲ့အောင်မြင်မှုကိုရဖို့နဲ့ အဲဒီအောင်မြင်မှုကို ရေရှည်ထိန်းသိမ်း ထားနိုင်ဖို့အတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်တွေချနိုင်ပြီး လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်းကို သိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

Compound Effect လို့ပြောတဲ့ ဆင့်ပွားတိုးတက်မှု ဆိုတာက အရာတစ်ခုဟာ ကြိုးစားအားထုတ်မှုတစ်ခုကြောင့် တသတ်မတ်တည်း တဖြည်းဖြည်းချင်းတိုးပွားလာမယ်ဆိုရင်တစ်ချိန်မှာ ကြီးမားတဲ့ရလဒ်တစ်ခု ဖြစ်ပေါ်စေတာကိုဆိုလိုပါတယ်။ မိမိရဲ့လုပ်ဆောင်ချက်တွေကို မိမိဘဝအတွက် အကျိုးရှိစေမယ့် အလေ့အထတွေအနေနဲ့ စွဲမြဲသွားအောင် တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းလေးမှာ စစ်မှန်တဲ့ အောင်မြင်မှုကိုရရှိဖို့ ကိုယ်တိုင်တည်ဆောက်ထားရမယ့် အလေ့အကျင့်ကောင်းတွေကို နားလည်သိရှိစေရန် အသေးစိတ်ရှင်းလင်းဖော်ပြထားပါတယ်။

Permission Marketing
107

Permission Marketing

ဒီနေ့အချိန်မှာပြောင်းလဲလာတဲ့ လူမှုပတ်ဝန်းကျင်နဲ့ နည်းပညာသစ်တွေကြောင့် အရင် တုန်းကလို သမားရိုးကျမားကတ်တင်းလုပ်ဆောင်ချက်တွေက ထိရောက်မှုအားနည်းလာ ပါတယ်။ အရင်တုန်းက ကြော်ငြာတာကို အဓိကလုပ်ဆောင်ခဲ့ကြတဲ့ မားကတ်တင်းလုပ် ဆောင်ချက်တွေကို Interruption Marketing လို့ရည်ညွှန်းခေါ်ဝေါ်ပြီးတော့ စားသုံးသူ တွေအနေနဲ့ မိမိဆီကို လုပ်ငန်းတွေရဲ့ မားကတ်တင်းလုပ်ဆောင်ချက်တွေ ရောက်ရှိခွင့်ပြု မယ်၊မပြုဘူးဆိုတာကို စားသုံး သူတွေ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးလိုက်တာကို Permission Marketing လို့ခေါ် ပါတယ်။ ဒီသင်ခန်းစာလေးမှာတော့ ထူးခြားဆန်းသစ် တဲ့ မားကတ်တင်း အယူအ ဆတွေကို ရေးသားတင်ပြရာမှာထင်ရှားတဲ့ စာရေးသူ Seth Godin ရဲ့ Permission Marketing နဲ့ပက်သတ်တဲ့ အယူအဆတွေကို ရှင်းလင်းဖော်ပြ ပေးမှာဖြစ်ပါတယ်။

မိမိလုပ်ငန်းရဲ့အကြောင်းကို လူတွေစိတ်ဝင်စားတဲ့အစီအစဉ်တွေမှာ ကြားဖြတ်ကြော်ငြာတာကအလုပ်မဖြစ်တော့တဲ့အတွက် အခြားနည်းလမ်းကို စဉ်းစားဖို့လိုအပ်လာပါတယ်။ အဲဒီအတွက်အဖြေတစ်ခုကတော့ Permission Marketing ဖြစ်တယ်လို့ စာရေးသူ Seth Godin ကဆိုပါတယ်။ Permission Marketing ရဲ့ အဓိကအချက်ကတော့ ကုန် ပစ္စည်းကို ချက်ချင်းရောင်းရဖို့ထက် စားသုံး သူတွေနဲ့ဆက်ဆံရေးကို ခိုင်မာမှုရရှိအောင် အရင်ဆုံး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ယုံကြည်မှုတည်ဆောက်နိုင် စေဖို့အတွက် Permission ဆိုတဲ့ စားသုံးသူတွေရဲ့ ခွင့်ပြုချက်ကို ရယူရာမှာ လုပ်ဆောင် ရမယ့် အဆင့် (၅) ဆင့်ကို ရှင်းလင်းဖော်ပြထားပါတယ်။

Airbnb
69

Airbnb

Airbnb လို့ဆိုလိုက်တာနဲ့ Hospitality လုပ်ငန်းများစွာထဲကမှ နိုင်ငံတကာမှာ အောင်မြင်မှု များစွာရရှိထားတဲ့ အမေရိကန်အခြေစိုက် အွန်လိုင်းဈေးကွက်တစ်ခု ဖြစ်ပါ တယ်။ အသက် 27 နှစ်အရွယ် ဒီဇိုင်နာလူငယ်နှစ်ယောက်ဖြစ်တဲ့ Brian Chesky နဲ့ Joe Gebbia တို့ဟာ Airbnb ကိုစတည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ အိုင်တီကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Nathan Blecharczyk နဲ့ပေါင်းမိကြပြီးတော့ Nathan ဟာ Airbnb ရဲ့ ပူးတွဲတည်ထောင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီသင်ခန်း စာရဲ့ရည်ရွယ်ချက်ကတော့ Airbnb ဖြစ်ပေါ်လာပုံနဲ့ Brian Chesky နဲ့ Joe Gebbia တို့ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံများကို မျှဝေလိုခြင်းဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင်တော့ ဈေးနှုန်းသက်သာမှုရှိတဲ့ ဝန်ဆောင်မှုတွေပေးပြီးတော့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ အချက်တွေကိုကိုင်ထားပြီးတော့ အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ Airbnb လုပ်ငန်းရဲ့ ဈေးကွက်စီးပွားရေးပုံစံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

The Art of Negotiation
71

The Art of Negotiation

ကျွန်တော်တို့ဘဝမှာ ဘယ်လိုအလုပ်အကိုင်ကိုပဲလုပ်လုပ် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းကို မဖြစ်မနေလုပ်ဆောင်ရပါတယ်။ စေ့စပ်ညှိနှိုင်းမှုမှာ ကျွမ်းကျင်ခြင်းက ကျွန်တော်တို့အ တွက်များစွာ အကျိုးရှိစေပါတယ်။ ဒီသင်ခန်းစာမှာတော့ ဟားဗတ်တက္ကသိုလ်မှာ စေ့စပ် ညှိနှိုင်းမှုဘာသာရပ်ကို အထူးပြုသင်ကြားသူတစ်ဦးဖြစ်တဲ့ Professor Michael Wheeler ရေးသားထားတဲ့ The Art of Negotiation စာအုပ်မှာ စေ့စပ်ညှိနှိုင်းမှုနဲ့ ပတ်သက်တဲ့ သိရှိထားရမယ့်အချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

ဒီသင်ခန်းစာမှာဆိုရင်တော့ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက် စေ့စပ်ညှိနှိုင်းမှုမှာလည်း မတူညီနိုင်တာကြောင့် ကိုယ့်ရဲ့ခံယူချက်နဲ့ လက်တန်းကြံဆ ဆောင်ရွက်နိုင်မှုကသာ အရေးကြီးတဲ့အကြောင်းကို အချက် (၉) ချက်နဲ့ အဓိက တင်ပြ ထားတာဖြစ်ပါတယ်။

Transfer of Training
351

Transfer of Training

The goal of training is not simply to gain knowledge and skills, but to transfer learning into performance, which in turn leads to improvements in jobs. Transfer of training refers to the effect that knowledge or abilities acquired in one area have on problem solving or knowledge acquisition in other areas. This lecture is aimed to people in the business sectors to understand the importance of transfer of training and to enhance the skills, knowledge, the thinking and learning ability of themselves and their employees.

This lecture elaborates a model of transfer of training process, work environment factors and benefits of transfer of training in business organizations.

Training Design
56

Training Design

Every company and business always consider the benefits, practical utilization for better performance and the effectiveness of trainer and educational courses of a training before the give a training to their employees. The reason is that only an effective training design allows the employees to strengthen workplace skills that each and brings them to a higher level. The goal of this lecture to lead people in the business to a happier, more satisfied workforce.

This lecture details about training design including training design factors and motivation to transfer of training.

Work Smarter, Not Harder
59

Work Smarter, Not Harder

စမတ်ကျကျအလုပ်လုပ်ဖို့ဆိုတာ သာမန်ထက်ပိုပြီးထူးခြားတဲ့ အရည်အချင်းတွေ၊ လျှို့ ဝှက်ချက်တွေကို ပိုင်ဆိုင်ထားဖို့ မလိုအပ်ပါဘူး။ နေ့စဉ်လုပ်ဆောင်ချက်တွေမှာ ရလဒ် ကောင်းတွေရဖို့အတွက် လက်တွေ့ကျကျနည်းလမ်းတွေကို ဘယ်လိုအသုံး ချမလဲဆိုတာ ကိုသိထားဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။ “ အလုပ်ကိုစမတ်ကျကျလုပ်ပါ၊ ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့” ဆိုတဲ့စကားက တကယ်တော့ အလုပ်ပြီးမြောက်မှုပမာဏကို မြှင့်တင်နိုင်စွမ်း ရှိဖို့နဲ့ အလုပ်အတွက် အားအင်သုံးစွဲရတာကို လျော့နည်းသက်သာစေဖို့အတွက် ရည် ရွယ်ခြင်းဖြစ်ပါတယ်။ စွမ်းဆော င်ရည်မြှင့်တင်မှုနဲ့ ဘဝအောင်မြင်ရေး နယ်ပယ်မှာ နာမည် ကျော်ကြားတဲ့ စာရေးသူနှစ်ဦးဖြစ်တဲ့ Jack Collis နဲ့ Michael Leboeuf တို့ရေးသား ထားတဲ့ Work Smarter, Not Harder ဆိုတဲ့စာအုပ်မှာ စမတ်ကျကျအလုပ်လုပ်ခြင်း အားဖြင့်နေ့စဉ်လုပ်ဆောင်ချက်တွေမှာ ရလဒ်ကောင်းတွေရရှိဖို့အတွက် လုပ်ဆောင်ရ မယ့်အချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန်တွေက အကန့်အသတ်ရှိပေမယ့် လုပ်ဆောင်ရမယ့် အလုပ်တွေက ပိုပိုများလာပါတယ်။ ဘဝမှာမျှော်မှန်းထားတာတွေအတွက် ကိုယ့်ရဲ့ အချိန် တွေကိုအကျိုးရှိရှိ အသုံးချပြီးတော့ အလုပ်ပြီးမြောက်မှုပမာဏ ကို မြှင့်တင်ဖို့လိုပါတယ်။ ဒီသင်ခန်းစာမှာတော့ လူတိုင်းရဲ့ ဘဝတစ်လျောက်မှာ ဆောင်ရွက်မယ့် အလုပ်တွေအ တွက်အကောင်းဆုံးရလဒ်တွေ ရရှိနိုင်စေဖို့ အဓိက အချက် (၁၂) ချက်ကို အကြုံပြု ရေး သားထားပါတယ်။

Made to Stick
30

Made to Stick

မိမိတို့ ပတ်ဝန်းကျင်မှာ ကြားလိုက်မြင်လိုက်ရတဲ့ အချို့အကြောင်းအရာတွေ၊ အဖြစ်အ ပျက်တွေက လူတွေရဲ့ စိတ်အာရုံထဲမှာ စွဲမြဲနေပြီးတော့၊ မမေ့နိုင်အောင် ဖမ်းစားနိုင်စွမ်း ရှိ ကြပေမယ့် အချို့အကြောင်းအရာတွေကတော့ အချိန်တိုအတွင်းမှာပဲ လူတွေက မမှတ်မိ ကြတော့ပါဘူး။ ဒါဆိုရင်လူတွေက မှတ်မိနေတတ်တဲ့ အကြောင်အရာတွေမှာ ဘယ်လို လက္ခဏာရပ်တွေ ရှိနေ တာလဲ? Stanford တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Chip Health နဲ့ Aspen Institute က အတိုင်ပင်ခံပညာရှင်တစ်ဦးဖြစ်တဲ့ Dan Health တို့က Made to Stick ဆိုတဲ့စာအုပ်မှာ လူတွေပြောဆိုလိုက်တဲ့ အကြောင်းအရာတွေဟာ အ ခြားလူတွေရဲ့ စိတ်အာရုံထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေစေဖို့အတွက် သက်ရောက်မှုရှိစေတဲ့ အ ချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

စီးပွားရေးလုပ်ငန်းများတွင်လည်း မိမိတို့အသိပေးချင်တဲ့ ထုတ်ကုန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ကြော်ငြာသတင်းစကားတွေကို စားသုံးသူတွေဆီကို ရောက်ရှိဖို့အ တွက်ငွေအမြောက်အများ သုံးစွဲပေမယ့်၊ အချို့အကြောင်း အရာတွေကိုပဲ စားသုံးသူတွေ ကမှတ်မိကြပါတယ်။ ဒါကြောင့် လူတစ်ယောက်ပြောဆိုလိုက်တဲ့ အကြောင်းအရာတွေ ဟာအခြားလူတွေရဲ့ စိတ်အာရုံ ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေစေဖို့အတွက်က သမားရိုးကျစ ကားပြောဆို တဲ့ပုံစံနဲ့ မဖြစ်နိုင်တဲ့အတွက် ဘယ်လိုအရာတွေက သက်ရောက်မှုရှိစေလဲ ဆိုတာတွေကို Made to Stick စာအုပ်ထဲမှာ အချက် ၆ ခုကို အတိုကောက်စာလုံးအနေ နဲ့ SUCCES လို့ရေးသားခဲ့ပြီး တစ်ခုချင်းစီကို အသေးစိတ်ရေးသား ဖော်ပြထားပါတယ်။

All Marketers are Liars
58

All Marketers are Liars

မားကတ်တင်းဆိုတာ စိတ်ကူးအိုင်ဒီယာတွေကို ပျံ့နှံ့အောင်လုပ်ဆောင်ရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းဇာတ်ကွက်တွေ ဆင်ပြီးတော့ လူတွေစိ တ်ဝင်စားဖို့လုပ်ဆောင်တဲ့အခါ အဖြစ်မှန်ထက်ပိုပြီးချဲ့ကားပြောဆို တာတွေ၊ လှည့်စားတာတွေလည်း ပါဝင်လာပါတယ်။ ဒါကြောင့် မားကက်တင်းသမားကောင်းတွေက ထုတ်ကုန်ပစ္စည်းရဲ့ အချက်အလက်တွေ၊ စွမ်းဆောင်ရည်တွေကို မပြောကြဘဲ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း တွေကိုသာ အဓိကဖန်တီးကြပါ တယ်။ ဒီသင်ခန်းစာလေးမှာတော့ ထင်ရှားတဲ့ စာရေးသူ တစ်ဦးဖြစ်တဲ့ Seth Godin က All Marketers are Liars ဆိုတဲ့စာအုပ်မှာ မားကက်တင်းသမားတွေရဲ့ စဉ်းစားပုံတွေနဲ့ စားသုံးသူတွေအတွက် ကောင်းကျိုးရော ဆိုးကျိုးပါသက်ရောက်မှုရှိစေတဲ့ ဇာတ်လမ်းတွေကို ဖန်တီးလေ့ရှိပုံ အကြောင်းကို ဖော်ပြထားပါတယ်။

ဇာတ်လမ်းပုံပြင်တွေကို ထုတ်ကုန်ပစ္စည်းတွေနဲ့ ကိုက်ညီအောင် ဖန်တီးဖော်ပြတာက ဖောက်သည်တွေကို ရည်ရှည်ထိန်းသိမ်းထားနိုင်ပြီးတော့ အကျိုးအမြတ်လဲ ပိုကောင်းမွန် တယ်ဆိုတာကို လုပ်ငန်းတွေက လက်ခံထားကြပါတယ်။ ဒီသင်ခန်းစာမှာတော့ ထူးခြားတဲ့မားကက်တင်းအတွေးအမြင်တွေကို ရေးသားဖော်ပြလေ့ရှိတဲ့ စာရေးဆရာ Seth Godin က ဇာတ်လမ်းကောင်းတွေကို ဖန်တီးနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဘယ်လိုအချက်တွေကို လုပ်ဆောင်ရမလဲဆိုတဲ့ အကြောင်းအရာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

Leadership
423

Leadership

Leadership is an important function of management which helps to achieve organizational goals and to maximize efficiency of operations. A good leader can guide and instruct the subordinates the way they have to perform their work effectively and efficiently. Therefore, this video is aimed for everyone who wants to be a good leader.

This lecture teaches the learners how can be more effective leader, difference between leadership and management and six types of leadership approaches.

7 Habits of Highly Effective People
60

7 Habits of Highly Effective People

The 7 Habits of Highly Effective People, first published in 1989, is a business and self-help book written by Stephen Covey. It is a self-improvement book. It is written on Covey's belief that the way we see the world is entirely based on our own perceptions. In order to change a given situation, we must change ourselves, and in order to change ourselves, we must be able to change our perceptions.

This is a book review of “7 habits of highly effective people” written by Stephen Covey. You can learn 7 habits that is used by successful people in their specific fields.

Challenges for Start-up Businesses -2
96

Challenges for Start-up Businesses -2

Challenges for Start-up Businesses -2