Subscription

Subscription

Atomic Habits
61

Atomic Habits

အောင်မြင်ချင်တဲ့သူတွေဟာ ကိုယ်လိုချင်တဲ့ရလဒ်တွေအတွက် အလေ့အကျင့်ကောင်း လေးတွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်တွေဆိုတာက အချိန် ကြာလာတာနဲ့အမျှ စွဲမြဲလာတာမလို့ ကာလတိုအတွင်းမှာ မသိသာပေမယ့် အချိန်တစ်ခု ရောက်တဲ့အခါမှာတော့ သိသာတဲ့ရလဒ်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ယခုသင်ခန်း စာလေးကတော့ နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ James Clear ရဲ့ Atomic Habit ဆိုတဲ့စာအုပ်လေးကို လေ့လာပြီး လူတွေမှာ စွဲမြဲဖြစ်ပေါ်တတ်တဲ့ အလေ့ အကျင့်ကိုအခြေခံပြီးတော့ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ နည်းလမ်း ကောင်းတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးမှာတော့ စာရေးသူ James Clear ရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ မှားယွင်းခဲ့ဲ့တဲ့ အမှားတွေကို သုံးသပ်ချက်တွေနဲ့ လူတွေရဲ့ တွေးခေါ် စဉ်းစားပုံ၊ အလေ့အကျင့်ဖြစ်ပေါ်ပုံတွေ၊ ပြီးတော့ ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုကို စွဲမြဲလာအောင် လုပ်ဆောင်ရာမှာ လက်တွေ့လေ့လာရမယ့် အဓိကအချက် (၄) ချက်ကို ရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်။

Financial Advice
172

Financial Advice

ငွေကြေးနဲ့ပတ်သက်တဲ့ ပူပင်သောကတွေကို ကင်းဝေးနေချင်တာဟာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် အဲဒီလိုငွေကြေးလိုအပ်ချက်ကြောင့် မပူမပင်ရ ဘဲကိုယ်စိတ်ဆန္ဒရှိတဲ့အတိုင်း သုံးစွဲနိုင်တဲ့အခြေအနေမှာရှိဖို့ဆိုတာက ကိုယ့်ရဲ့ငွေအဝင်အထွက်တွကို စနစ်တက်ထိန်းသိမ်းနိုင်မှသာ ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် ဒီသင်ခန်းစာမှာ ငွေကြေးနဲ့ပတ်သက်တဲ့ ပူပင်သောကတွေ ကင်းဝေးစေဖို့ အကြုံပြုချက်တွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

အနာဂတ်အချိန်မှာ ငွေအကုန်အကျသက်သာဖို့နဲ့ ဥစ္စာတွေတိုးပွားလာစေဖို့ ငွေကြေးသုံးစွဲမှုကို ကောင်းမွန်စွာစီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။ ဒီသင်ခန်း စာမှာဆိုရင်တော့ မိမိရဲ့ ငွေကြေးတွေကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့အတွက် အချက် (၁၀) ချက်ဖြင့် ရှင်းလင်းဖော်ပြထားပါတယ်။

The Kaizen Way
203

The Kaizen Way

Kaizen ဆိုတဲ့စကားလုံးဟာ ဂျပန်အသံထွက်ဖြစ်ပေမယ့် ဒီစကားလုံးရဲ့အယူအဆကို စတင်ဖော်ပြခဲ့သူကတော့ အမေရိကန်ပညာရှင် ပါမောက္ခ Edward Deming ဖြစ်ပါ တယ်။ Kai ဆိုတာက “ပြောင်းလဲခြင်း” လို့ အဓိပ္ပာယ်ရပြီး Zen ဆိုတာကတော့ “ပိုမိုကောင်းမွန်မှု” လို့အဓိပ္ပာယ်ရပါတယ်။ ဒီသင်ခန်းစာလေးကတော့ ဝါရှင်တန် တက္ကသိုလ်က စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အတိုင်ပင်ခံတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ Robert Maurer ရဲ့ “Kaizen Way” ဆိုတဲ့ စာအုပ်ထဲက ပြောင်းလဲတိုးတက်မှုတွေမှာ အဓိကကျတဲ့ သဘောတရားတစ်ခုကို လူတစ်ဦး စီရဲ့ ဘဝတိုးတက်မှုအတွက် အသုံးပြုနိုင်ရန်ရည်ရွယ်ပြီး တင်ပြထားခြင်းဖြစ်ပါတယ်။

Kaizen ဆိုတာက ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုတွေအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီအယူအဆကို စက်မှုလုပ်ငန်းတွေရဲ့ အရည်အသွေးမြှင့်တင်မှုအပိုင်းတွေမှာ အဓိကအသုံးပြုတာဖြစ်ပေမယ့် လူတစ်ယောက်ရဲ့ ဘဝတိုးတက်မှုအတွက်လည်း အသုံးပြုနိုင်ပါတယ်လို့ စာရေးသူကဆိုပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာလေးမှာ မိမိရဲ့အမူအကျင့်တွေကို ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ့် အချက် (၆) ချက်ကို အဓိကဖော်ပြထားပါတယ်။

Reference Groups
92

Reference Groups

The most important thing about studying consumer behavior is the reference groups. The purpose of this lesson is to identify directly or indirectly the factors that influence consumer decision-making regarding the Reference Group.

In this lesson, there are four types of Reference Group. 1. Primary Membership Group 2. Secondary Membership Group 3. Aspirational Group 4. Dissociative Group

Marketing Mix
326

Marketing Mix

Every business uses a set of marketing tools also called marketing mix to sell the products or services to its customers. The marketing mix is a crucial tool to help understand what the product or service can offer and how to plan for a successful product offering. This lecture aims to know the components of marketing mix and how to use it properly in a business.

The components in Marketing Mix are shortened to 4P, followed by 7P. And once again, it’s another 11 P. This lesson is: “What is 4P? What is 7P? What are those P’s referring to?”

No Excuses
98

No Excuses

လူတိုင်း မိမိရဲ့ဘဝမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်လိုကြပေမယ့် အားကျစရာကောင်းတဲ့ ထူးထူးခြားခြားအောင်မြင်မှုတွေကိုတော့ လူအနည်းစုကသာ ရရှိကြပါတယ်။ တကယ် တော့မအောင်မြင်ရခြင်းရဲ့ အဓိကအကြောင်းရင်းက မိမိကိုယ်တိုင်ဆင်ခြင်တွေအမျိုးမျိုးနဲ့ မိမိရဲ့တက်လမ်းကို ပိတ်ဆို့ထားတာကြောင့် ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ခေါင်း ဆောင်မှုနဲ့ အောင်မြင်တိုးတက်မှုတွေကို ဟောပြောပို့ချနေသူ ဘရိုင်ယန်ထရေစီရဲ့ “ No Excuses” ဆိုတဲ့စာအုပ်က ဘဝတိုးတက်ရေးအတွက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းကိုင် တွယ်ရမယ့်နည်းလမ်းတွေကို သိရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

လူတိုင်း ကိုယ့်ရဲ့ဘဝမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်လိုကြပေမယ့်၊ အားကျစရာကောင်းတဲ့ ထူးထူးခြားခြားအောင်မြင်မှုတွေကိုတော့ လူအနည်းစုကသာ ရရှိကြပါတယ်။ ဘာကြောင့် မအောင်မြင်ရတာလဲဆိုတော့ "မိမိကိုယ်တိုင် ဆင်ခြေတွေအမျိုးမျိုးနဲ့ ကိုယ့်ရဲ့တက်လမ်းကို ပိတ်ဆို့ထားတာကြောင့်ဖြစ်တယ်" လို့ ခေါင်းဆောင်မှုနဲ့ အောင်မြင်တိုးတက်မှုတွေကို ဟောပြောပို့ချနေသူ Brian Tracy က "No Excuses" ဆိုတဲ့ ဒီစာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

McDonald's
57

McDonald's

အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် ဟမ်ဘာဂါလုပ်ငန်းဖြစ်တဲ့ McDonald ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီလုပ်ငန်းရဲ့ ပထမဆုံးသော McDonald စားသောက်ဆိုင်ကို ၁၉၄၈ ခုနှစ်မှာ McDonald Brothers လို့လူသိများတဲ့ မောရိ(စ်) နဲ့ ရက်ချက်စ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် McDonald ကိုဒီနေ့အချိန် မှာတွေ့မြင်ရတဲ့ ကမ္ဘာကျော်လုပ်ငန်းတစ်ခုဖြစ်လာအောင် လုပ်ဆောင်ခဲ့သူ ကတော့ Ray Kroc ဆိုသူဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ Ray Kroc ရဲ့ McDonald နဲ့ပတ်သက်တဲ့ လုပ်ဆောင်ပုံတွေ၊ ဒီနေ့အချိန်ထိ အောင်မြင် လာအောင်ကြိုးစားခဲ့ပုံတွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

အခုအခါမှာတော့ McDonald ဟာနိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဆိုင်ခွဲပေါင်း ၃၇၀၀၀ ကျော်ထိဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ Ray Kroc ရဲ့ အဓိကခံယူချက် ကတော့ ဝင်ငွေနည်းတဲ့လူတွေအားလုံး ဈေးသက်သက်သာသာနဲ့ ဝယ်ယူစားသုံးနိုင်မယ့် အစားအသောက်တွေကို ထုတ်လုပ်ရောင်းချဖို့ ဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးမှာတော့ အခက်အခဲ၊ ဝေဖန်မှုတွေကြားထဲမှ McDonald ကိုဒီနေ့ဒီအချိန်ထိ အောင်မြင်အောင်မှုရရှိရန် ဖန်တီးခဲ့တဲ့ Ray Kroc ရဲ့ စွမ်းဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Marketing Concept
250

Marketing Concept

Marketing is a human activity directed at satisfying needs and wants. At a fundamental level, marketing is the process of understanding your customers, and building and maintaining relationships with them. In this lecture, every business organization has to know the basic levels of marketing concepts.

There are two basic concepts of marketing. They are: 1. Benefit 2. Exchange

This is Marketing
75

This is Marketing

ဟိုအရင်တုန်းကတော့ မာကတ်တင်းလုပ်ဆောင်ချက်တွေဆိုရင် ငွေများများသုံးပြီး ကြော်ငြာခြင်းကိုအဓိကလုပ်ဆောင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်အချိန်မှာတော့ သမားရိုးကျ မာကတ်တင်းလုပ်ဆောင်ချက်တွေက ထိရောက်မှုမရှိတော့ပါဘူး။ တိုးတက်လာတဲ့ နည်းပညာတွေ၊ ပြောင်းလဲလာတဲ့ လူတွေရဲ့အမူအကျင့်တွေနဲ့ ကိုက်ညီအောင်စဉ်းစားပြီးတော့ စနစ်တကျလုပ်ဆောင်မှသာ ကောင်းမွန်တဲ့ရလဒ် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာ တော့ကမ္ဘာကျော် မာကတ်တင်းစာအုပ်အများအပြားကို ရေးသားခဲ့ပြီး ထူးခြားဆန်းသစ်တဲ့မားကတ်တင်း အတွေးအမြင်တွေကို ဟောပြောလေ့ရှိသူ Seth Godin ရဲ့ This is Marketing ဆိုတဲ့စာအုပ်က ဘယ်လိုလုပ်ငန်းမျိုးမှာမဆို လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့ မားကတ်တင်းအယူအဆတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

"This is Marketing" ဆိုတဲ့ ဒီစာအုပ်မှာ သမားရိုးကျလုပ်ဆောင်ပုံတွေနဲ့ မလုံလောက်တော့တဲ့အတွက်၊ ထိရောက်တဲ့မားကက်တင်းလုပ်ဆောင်ချက်တွေကို ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့အကြောင်းအရာတွေ" နဲ့ "ဘယ်လုပ်ငန်းမျိုးမှာမဆို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ မားကက်တင်းအယူအဆတွေကို တဆင့်ချင်းလုပ်ဆောင်ရမယ့် အဓိကအချက် (၅) ချက်" တို့ကို ရေးသားဖော်ပြထားပါတယ်။

Built to Last
142

Built to Last

Visionary Companies ဆိုတဲ့ စံနမူနာပြုရလောက်တဲ့ ကုမ္ပဏီတွေမှာ ရေရှည်အောင် မြင်မှုကိုဖြစ်စေတဲ့ အဓိကအချက်ကတော့ တန်ဖိုးထားယုံကြည်မှုတွေကို အခြေခံဖွဲ့စည်း ထားတဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ထားနိုင်ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ထူးခြားအောင်မြင်တဲ့လုပ်ငန်းတွေအကြောင်းကို ဖော်ပြထားတဲ့ Good to Great ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူ Jim Collins ဟာ Standford တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Jerry Porras နဲ့အတူ Build to Last ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီသင်ခန်းစာမှာတော့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ လုပ်ငန်းတွေကို လေ့လာခဲ့ပြီးတော့ ဘာကြောင့်သူတို့ဒီလို အောင်မြင်နေရသလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြထားပါတယ်။

Jim Collins နဲ့ Jerry Porras တို့ ရေးသားခဲ့တဲ့ "Built to Last" ဆိုတဲ့ ဒီစာအုပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့လုပ်ငန်းတွေကို ၆- နှစ်ကျော် လေ့လာခဲ့ပြီးတော့ ဘာကြောင့်သူတို့ဒီလိုအောင်မြင်နေရသလဲဆိုတဲ့ အကြောင်းရင်းခံတွေကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

The One Thing
163

The One Thing

“တစ်ခုတည်းသောအရာ” ဆိုတာက နာမည်အတိုင်းပဲ ကိုယ့်ဘဝအတွက် ဘယ်အရာက အရေးအပါဆုံးလဲဆိုတာကို သိရှိအောင်လုပ်ဆောင်ပြီးတော့ ကျန်တာတွေကို လျစ်လျူရှုထားဖို့ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးကတော့ အမေရိကန်မှာ အကြီးဆုံးအိမ်ခြံမြေရောင်းဝယ်ငှားရမ်းမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Keller Williams ကိုတည်ထောင်ခဲ့သူ Gary Keller နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Jay Papasan တို့အတူရေးသားထားတဲ့ “The One Thing” ဆိုတဲ့စာအုပ်မှာ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းနှင့် ပင်ကိုယ်စွမ်း ရည်တို့ကိုတိုးတက်လိုသူများအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းကောင်းများကို သိရှိ စေရန်ဖြစ်ပါတယ်။

"The One Thing - တစ်ခုတည်းသောအရာ" ဆိုတဲ့ ဒီစာအုပ်ဟာ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းအားနဲ့ ပင်ကိုယ်စွမ်းရည်တို့ကို တိုးတက်လိုတဲ့သူတိုင်း ဖတ်ရှုထားသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

မရွေ့မပြောင်းနိုင်သောပစ္စည်းများငှားရမ်းခြင်းအတွက် ကျသင့်သောအခွန်အခများ
336

မရွေ့မပြောင်းနိုင်သောပစ္စည်းများငှားရမ်းခြင်းအတွက် ကျသင့်သောအခွန်အခများ

မရွေ့မပြောင်းနိုင်သောပစ္စည်းများငှားရမ်းခြင်းအတွက် ကျသင့်သောအခွန်အခများ