Category - Start-up & Entrepreneurship


Course Name - Advices for Start-up Businesses

Description - 'ဒီသင်ခန်းစာထဲမှာဆိုရင် လုပ်ငန်းသစ် စတင်တည်ထောင်လိုသူတွေအတွက် မဖြစ်မနေ သိမှတ်ထားသင့်သော အချက်များကို ဘယ်လိုလုပ်ငန်းမျိုးလုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားခြင်းကနေ တကယ်စတင်တော့မယ့် အချိန်ကာလအထိ ကြားထဲမှာ စဉ်းစားရမှာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။'

Objectives - 'လုပ်ငန်းသစ်တစ်ခုကို စတင်ချင်တဲ့သူတွေ အနေနဲ့ ဘယ်ကစပြီးစဉ်းစားရမလဲ၊ ဘာတွေကို အဓိက စဉ်းစားရမလဲ ဆိုပြီးအခက်အခဲကြုံတွေ့ရလေ့ ရှိကြပါတယ်။ အဲဒီလိုအချိန်မှာ ဘာတွေကို ဘယ်လို ဆက်စပ်စဉ်းစားရမယ်ဆိုတာတွေအတွက် အထောက်အကူဖြစ်စေတဲ့ Business Plan ပုံစံတွေ၊ Business Model Canvas တွေလိုပုံစံတွေရှိပေမယ့် ရိုးရိုးလေးဘဲ သိချင်တယ်ဆိုသူတွေအတွက် အခုဖော်ပြတဲ့ အချက် ၈ ချက်ကို စဉ်းစားခြင်းအားဖြင့် ပုံဖော်ကြည့်နိုင်ရန် ရည်ရွယ်ပြီး ယခုသင်ခန်းစာကို တင်ပြရခြင်းဖြစ်ပါတယ်။'


U Kyaw Zaw Lin

Phone ♦ 09899991979

Address ♦ Mandalay, Myanmar.

ဦးကျော်ဇောလင်းသည် မန္တလေးမြို့ရှိ Apex Business School ၏ တည်ထောင်သူ၊ ကျောင်းအုပ်ဖြစ်ပြီး စီမံခန့်ခွဲမှုဘာသာရပ်များကိုသင်ကြားခြင်း အတွေ့အကြုံ ၁၀-နှစ်ကျော်ရှိသူ ဖြစ်ပါသည်။ Association of Business Executives - UK ၏ ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရဖြစ်ပြီး၊ Mandalay MBA Alumni Association ၏ EC Member ဖြစ်သည်။ လက်ရှိတွင် Apex Business School ၌လည်းကောင်း၊ အခြားပြင်ပ ကုမ္ပဏီဝန်ထမ်းများအားလည်းကောင်း စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် မိမိကိုယ်ပိုင်လုပ်ငန်းဖြစ်သော Hotel & Tourism လုပ်ငန်း ၂-ခုကိုလည်း စီမံအုပ်ချုပ်လျက်ရှိပါသည်။


Contents of Course

Duration: 00:13:24