Category - Personal Development

139
00:00:00
Insider Dealing
Description
'ယခုသင်ခန်းစာမှာတော့ အများပိုင် ကုမ္ပဏီတွေရဲ့ စတော့တွေ နဲ့ ရှယ်ယာတွေနဲ့ ပက်သက်တဲ့ လျှို့ဝှက်ထားသင့်တဲ့ သတင်းအချက်အလက်တွေကို လုပ်ငန်းတွင်းရှိ တစ်ဦးတစ်ယောက်က ပြန်လည်ရောင်းချခြင်း ဖြန့်ဝေခြင်း၊ ၎င်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ နဲ့ ဒီလိုအခြေအနေတွေကို ဘယ်လို အရေးယူဆောင်ရွက်သလဲဆိုတဲ့ အကြောင်းအရာများကို ရှင်းလင်း တင်ပြပေးထားတာ ဖြစ်ပါတယ်။'
Objectives
'လုပ်ငန်းအတွင်းသတင်းများ အပြင်ကိုပေါက်ကြားခြင်း (သို့) အတွင်းသတင်း ရောင်းချခြင်းသည် လူတစ်ဦးကောင်းကျိုးအတွက် ကုမ္ပဏီရဲ့ စတော့ရောင်းဝယ်မှုနှင့်ပက်သက်တဲ့ လျှို့ဝှက်သတင်းများကို အပြင်လူသို့ ပြန်လည်ရောင်းချခြင်း ၊ ပြောပြခြင်း ကဲ့သို့ တရားမဝင်တဲ့ အပြုအမူပဲဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာဆိုရင် ဒီလိုသတင်းရောင်းချမှုနဲ့ ဈေးကွက်ကို ကြိုးကိုင်ချယ်လှယ်မှုတို့ကြောင့် ဈေးကွက်ပျက်စီးရုံသာမက ဝယ်သူများရဲ့ အကျိုးစီးပွားကိုပါ ပျက်စီးစေနိုင်တဲ့အတွက် တရားမဝင်သတ်မှတ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မကြာသေးမီက စတော့ရောင်းဝယ်မှုဈေးကွက်က စတင်ဖွံ့ဖြိုးလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာက စတော့လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက် insider trading အကြောင်းကို နားလည်သဘောပေါက်စေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်။'