Category - Human Resource Management


Course Name - Motivational Theories Part (1)

Description - 'ယခုသင်ခန်းစာမှာဆိုရင် စိတ်အားထက်သန်စွာ လုပ်ဆောင်စေရန် လှုံ့ဆော်ခြင်း (Motivation) ရဲ့အဓိပ္ပါယ်နှင့် စီးပွားရေးလုပ်ငန်းများနဲ့ ကုမ္ပဏီတွေအတွက် အရေးပါပုံကို စေ့စပ်စုံလင်စွာ ရှင်းလင်းတင်ပြပေးထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် ထင်ရှားသော စိတ်ဓါတ်ခွန်အားကို လှုံ့ဆော်ပေးနိုင်တဲ့ သီအိုရီများဖြစ်သော- Maslow’s needs hierarchy၊ Alderfer’s ERG theory နှင့် Herzberg’s two-factor theory များကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။'

Objectives - 'စိတ်အားထက်သန်စေခြင်း၊ စိတ်စေတနာ ထက်သန်စေခြင်း ဆိုသည်မှာ စီးပွားစီမံခန့်ခွဲမှု၏ လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူတွေရဲ့ အပြုအမူတွေကို တွန်းအားပေးတဲ့ အတွင်းစိတ်ရဲ့ လှုံ့ဆော်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုစိတ်ကို လှုံ့ဆော်မှုပေးနိုင်တဲ့ အရာအမျိုးမျိုးနဲ့ အသက်သွင်းပေးနိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေ ပိုမိုတိုးတက်အောင် ထောက်ပံ့ပေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားကို လှုံ့ဆော်ပေးနိုင်သော သီအိုရီ များစွာကို စူးစမ်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုသင်ခန်းစာကတော့ မန်နေဂျာတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပြီး ပိုမိုကောင်းမွန်စွာ အုပ်ချုပ်စီမံနိုင်စေရန် ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။'


Dr. Tin Win

Phone ♦ 09899991979

Address ♦ Mandalay

ဆရာကြီး ဒေါက်တာ တင်ဝင်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၁၉၈၄ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒဘွဲ့ (B.com) ကိုလည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒ (ဂုဏ်ထူးဘွဲ့) B.Com (Hons) ကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် မဟာဝါဏိဇ္ဇဘွဲ့ (M.Com) ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ……...ခုနှစ်တွင် Keio University (Japan) မှ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (Ph.D) ကို ရရှိခဲ့ပါသည်။ ဆရာကြီးသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်တို့တွင် အဆင့်ဆင့် တာဝန်များထမ်းဆောင်ရင်း ယခု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ယူထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများစွာတွင် စီးပွားရေး အကြံပေး အဖြစ်လည်းကောင်း၊ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်များ အသိပညာပြန့်ပွားရေး အစီအစဉ်များတွင့် ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။


Contents of Course