Category - Sales & Marketing

204
00:00:00
Consumer Buying Process
Description
'ယခုသင်ခန်းစာမှာတော့ စားသုံးသူတို့၏ ဝယ်ယူသုံးစွဲမှုဖြစ်စဉ် အကြောင်းကို အဆင့် (၆) ဆင့်နဲ့ ရှင်းလင်းတင်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဒီအဆင့် (၆) ဆင့်ကတော့- (၁) စားသုံးသူတယောက်က သူ့မှာ လိုအပ်ချက် (သို့) ဖြေရှင်းရမယ့် ပြသနာ တစ်ခုခု ရှိနေပြီဟု သိမြင်လာသော အဆင့် (၂) အဲဒီလိုအပ်ချက်၊ပြသနာကို ဖြေရှင်းရန် နည်းလမ်း ရှာဖွေသောအဆင့် (၃) ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို အသေးစိတ် နှိုင်းယှဉ်စဉ်းစားသော အဆင့် (၄) ဝယ်ယူမှုတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ချက်ချသော အဆင့် (၅) ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်သောအဆင့် (၆) ဝယ်ခဲ့သောပစ္စည်းက ကိုယ့်ရဲ့လိုအပ်ချက်၊ ပြသနာကို ဘယ်လောက်ပြေလည်စေသလဲ၊ ဘယ်လောက်စိတ်ကျေနပ်မှုရသလဲ ဆိုတာကို ပြန်လည်သုံးသပ်တဲ့အဆင့် တို့ပဲဖြစ်ပါတယ်။'
Objectives
'စားသုံးသူတို့၏ ဝယ်ယူသုံးစွဲမှုဖြစ်စဉ်သည် စားသုံးသူများက ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချရာတွင် ဆက်တိုက်လုပ်ဆောင်လေ့ရှိသော အဆင့်များဖြစ်ပါတယ်။ ဒီလိုမျိုး ကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပဲ ဖြစ်ဖြစ် ဝယ်ယူတဲ့ဖြစ်စဉ်မှာဆိုရင် အဆင့် (၆) ဆင့်ပါဝင်ပါတယ်။ ဈေးကွက်အတွင်း ရောင်းဝယ်မှုလုပ်ကိုင်နေသူများအနေနဲ့ ဝယ်ယူသူများကို ဆွဲဆောင်နိုင်စေရန် ဝယ်သူများ၏ အပြုအမူများကို လေ့လာထားရန် လိုအပ်ပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာက ဈေးကွက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆောင်ရွက်နေရသူတိုင်း စားသုံးသူများရဲ့ ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်သာမက ဝယ်ယူသုံးစွဲမှုဖြစ်စဉ်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားတတ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'