Category - Human Resource Management


Course Name - Interview Questions

Description - 'ဒီသင်ခန်းစာမှာတော့ အလုပ်အင်တာဗျူးတွေမှာ အမေးများလေ့ရှိတဲ့ မေးခွန်းတွေကို ပြင်ဆင်တဲ့ နည်းလမ်းတွေနဲ့ မေးခွန်းတစ်ခုချင်းစီရဲ့ ဆောင်ရမယ့် အချက်များနဲ့ ရှောင်ရမယ့်အချက်များကို ဆွေးနွေးတင်ပြပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'အလုပ်အင်တာဗျူးတွေက အလုပ်ခန့်အပ်မယ့် လုပ်ငန်းနဲ့ အလုပ်လျှောက်ထားသူ နှစ်ဘက်လုံးကို အကျိုးအမြတ်ရှိစေတဲ့ အရာဖြစ်ပါတယ်။ ဒီလို အင်တာဗျူးတွေကတဆင့် အလုပ်လျှောက်ထားသူမှာ လုပ်ငန်းခွင်မှာ လိုအပ်နေတဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ တက်ကြွမှု နဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းများ ရှိ၊ မရှိကို ဆုံးဖြတ်ပေးပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာက အလုပ်လျှောက်ထားသူတွေ နားလည်ထားသင့်တဲ့ အင်တာဗျူးမေးခွန်းများရဲ့ သဘောသဘာဝကို နားလည်ပြီး အင်တာဗျူးတွက် မေးခွန်းတစ်ခုချင်းစီကို ကောင်းစွာ ပြင်ဆင်နိုင်အောင် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


U Saw Carry Win

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဦးစောကယ်ရီဝင်းကတော့ HR နယ်ပယ်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ပြည်တွင်းပြည်ပ အတွေ့အကြုံရှိခဲ့ပြီး လက်ရှိ Mottama Holdings Ltd. ရဲ့ Chief HR Officer အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ခေါင်းဆောင်မှုကိုလေ့လာဖို့နဲ့ လူတွေကို စိတ်ဓါတ်တက်ကြွစေဖို့ စိတ်အားထက်သန်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုမှာတော့ Mottama Holdings Ltd အတွက် business plan နဲ့ strategic direction တွေကို ဖေါ်ထုတ်သတ်မှတ်လုပ်ဆောင်နေပါတယ်။ လွယ်ကူ လေ့လာ HRM, လွယ်ကူလေ့လာ CSM (ဝန်ဆောင်မှု ဓလေ့ ဖန်တီးတည်ဆောက်ခြင်း) အစရှိတဲ့ စာအုပ်များ ရေးသားသူ Top Ten Best-seller စာရင်းဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။


Contents of Course

Duration: 00:15:48