Category - Personal Development


Course Name - Public Relationship

Description - 'ယခုသင်ခန်းစာထဲမှာတော့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက လူအချင်းချင်း ဒါမှမဟုတ် သတင်းမီဒီယာတွေကတဆင့် ပြောဆိုဆက်ဆံမှုနည်းလမ်းအကြောင်းကို တင်ပြထားတဲ့ အပြင် ဒီလိုဆက်ဆံမှုတွေရဲ့ ရည်မှန်းချက်၊ လုပ်ဆောင်ချက်၊ အမျိုးအစားများ နဲ့ အရေးပါမှုများကို ဥပမာများဖြင့် အသေးစိတ် ရှင်းလင်းပြောပြပေးထားတာပဲ ဖြစ်ပါတယ်။'

Objectives - 'အများပြည်သူနှင့် ဆက်ဆံရေးဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ အများပြည်သူတွေရဲ့ အကြား အပြန်အလှန်အကျိုးရှိသော ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ ပြောဆိုဆက်ဆံမှု ဖြစ်စဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီဆက်ဆံမှုက လုပ်ငန်းဈေးကွက်မဟာနည်းဗျူဟာတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ အရောင်းတွေတိုးတက်ဖို့အတွက် ကိုယ့်ရဲ့ ဝယ်သူတွေအပါအဝင် ပြည်သူတွေကို လုပ်ငန်းနဲ့ပက်သတ်တဲ့အချက်အလက်များကို အသိပေးဖို့ရန် ပဲဖြစ်ပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့ ကုမ္ပဏီလုပ်ငန်းများအနေနဲ့ ကိုယ့်ရဲ့ ဝယ်သူတွေနဲ့ ကောင်းမွန်သော ဆက်သွယ်ပြောဆိုမှုများမှ အကျိုးအမြတ်ပေါ်ထွန်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အသိပညာကို မျှဝေဖို့ရန်ပဲ ဖြစ်ပါတယ်။'


Daw Myat Hsu Pyae Sone

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါ်မြတ်ဆုပြည့်စုံသည် မန္တလေးတက္ကသိုလ် စီးပွားရေးဌာနမှ ပေးအပ်သော စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရတစ်ဦးဖြစ်ပါသည်။ ‘ယုံကြည်ရာ’ အသိပညာပြန့်ပွားရေးအသင်း နှင့် အခမဲ့ စာကြည့်တိုက်တွင် Execctive Member အဖြစ် ပါဝင်လုပ်ကိုင်လျက် ရှိသည့်အပြင် မန္တလေးမြို့ ရှိ Apex Business School တွင် Senior Lecturer အဖြစ် စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပေးလျှက်ရှိသည်။ ထို့ပြင် မန္တလေးမြို့ (MRYEA) အသင်းမှ ပေးအပ်သော “Entrepreneurship Award” ကို ရရှိခဲ့သော Trendiest အမှတ်တံဆိပ်ဖြင့် ခတ်မှီ၍ လှပဆန်းသစ်သော လက်ကိုင်အိတ်များထုတ်လုပ်သော လုပ်ငန်းကို ဦးစီးလုပ်ကိုင်လျှက်ရှိပါသည်။


Contents of Course

Duration: 00:17:46

Duration: 00:17:47

Duration: 00:08:02