Category - Personal Development


Course Name - Trust in Work Environment

Description - 'ယခုသင်ခန်းစာထဲမှာဆိုရင် လုပ်ငန်းခွင်အတွင်း ရာထူူးတစ်ခုနဲ့ တစ်ခုကြား ယုံကြည်မှု၊ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအချင်းချင်းကြားက ယုံကြည်မှု စတာတွေရဲ့ အရေးပါပုံများနဲ့ ကိုယ့်အပေါ်မှာ သူများတွေထားတဲ့ ယုံကြည်မှုကို တိုးတက်အောင်လုပ်ပြီး လူတော်လူကောင်းတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် Brand တစ်ခုတည်ဆောက်နိုင်အောင် ဆွေးနွေးတင်ပြထားတာပဲ ဖြစ်ပါတယ်။'

Objectives - 'ယနေ့ခေတ် စီးပွားရေးလောကမှာ လုပ်ငန်းရဲ့ ဖောက်သည်တွေ၊ ဝယ်သူတွေ၊ ဝန်ထမ်းတွေနဲ့ ရှယ်ယာရှင်အားလုံး အပြန်အလှန် ပက်သက်ဆက်ဆံလာရတဲ့အခါမှာ ယုံကြည်မှုက အရာအားလုံးထက် ပိုပြီးအရေးပါလာပါတယ်။ ဒါ့ပြင် ယုံကြည်မှုရှိခြင်းက လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့အရာတွေကို တိုးတက်စေတဲ့အတွက် လုပ်ငန်းတွေမှာ အမြဲအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ရေရှည်မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြန့်ကျက်ထားနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ လူတစ်ယောက်က တခြားလူတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုအပေါ်မှာ ယုံကြည်မှုမရှိတော့ရင် ထိုအသင်းအဖွဲ့ရဲ့ အောင်မြင်နိုင်ခြေက သိသိသာသာ နည်းသွားပါလိမ့်မယ်။ ဒါကြောင့် ယခုသင်ခန်းစာက စီးပွားရေးလုပ်ငန်းတိုင်း အောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်စေဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။'


U Kyaw Lwin Oo

Phone ♦ 09899991979

Address ♦ Mandalay

ဆရာ ဦးကျော်လွင်ဦး သည် B.A (English), Dip - ELTM, M.A (TEFL) စသည့်ဘွဲ့များကို ရရှိထားပါသည်။ ဆရာ ဦးကျော်လွင်ဦး သည် ယခင်က UMFCCI (Union of Myanmar Federation of Chambers of Commerce and Industry) တွင် Deputy Executive Officer အနေဖြင့် လည်းကောင်း၊ TIC (TEMASKE INTERNATIOANL COLLEGE) တွင် Deputy Director အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဆရာဦးကျော်လွင်ဦးသည် ပညာရေး၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးနယ်ပယ်တို့တွင် (၁၅) နှစ်ကျော် အတွေ့အကြုံရှိထားသူ ဖြစ်ပါတယ်။ ယခုအခါတွင် မြန်မာနိုင်ငံ ACCA ဌာန၏ Country Head အဖြစ် စီမံအုပ်ချုပ်လျှက်ရှိပါသည်။


Contents of Course

Duration: 00:09:52