Category - Sales & Marketing


Course Name - Guerrilla Marketing

Description - 'ဒီသင်ခန်းစာလေးမှာတော့ Guerrilla Marketing ဆိုတာ ဘာလဲ၊ ဘယ်လို အမျိုးအစားတွေရှိတာလဲ၊ ဘယ်လို ကောင်းကျိုးတွေရှိလို့ သုံးကြတာလဲ၊ ဘာကြောင့်သုံးရတာလဲ ဆိုတာတွေအပြင် Guerrilla Marketing ကို စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက်ဖော်ဆောင်ခြင်းတွေမှာ ဘယ်လို အကောင်အထည်ဖော်၊ လုပ်ဆောင်ကြသလဲဆိုတာတွေကို ရှင်းလင်း တင်ပြပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'Guerrilla marketing ဆိုတာက ဈေးကွက်စီးပွားရေးလုပ်ဆောင်ရာမှာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ အကောင်းဆုံး ရလဒ် ရရှိအောင် သမားရိုးကျမဟုတ်တဲ့ နည်းဗျူဟာများကို အသုံးပြုပြီး လူအများသိလာအောင် လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် အရောင်းတိုးတက်ရုံသာမက ကိုယ့်လုပ်ငန်းရဲ့ ဝယ်သူတွေနဲ့ အခြားဆက်စပ်လုပ်ငန်းတွေနဲ့ပါ ဆက်သွယ်ချိတ်ဆက်မှုများ ပိုမိုကောင်းမွန်လာစေပါတယ်။ ဒီသင်ခန်းစာလေးရဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တိုင်း Guerrilla Marketing ရဲ့ အရေးပါမှုကို သိရှိနားလည်ပြီး သူတို့လုပ်ငန်းကို လူအများသိအောင်လုပ်ဆောင်ရာမှာ ကုန်ကျစရိတ် သက်သာပြီး ထိရောက်တဲ့ နည်းလမ်းများကို အသုံးပြုနိုင်ကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


U Kyaw Zaw Lin

Phone ♦ 09899991979

Address ♦ Mandalay, Myanmar.

ဦးကျော်ဇောလင်းသည် မန္တလေးမြို့ရှိ Apex Business School ၏ တည်ထောင်သူ၊ ကျောင်းအုပ်ဖြစ်ပြီး စီမံခန့်ခွဲမှုဘာသာရပ်များကိုသင်ကြားခြင်း အတွေ့အကြုံ ၁၀-နှစ်ကျော်ရှိသူ ဖြစ်ပါသည်။ Association of Business Executives - UK ၏ ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရဖြစ်ပြီး၊ Mandalay MBA Alumni Association ၏ EC Member ဖြစ်သည်။ လက်ရှိတွင် Apex Business School ၌လည်းကောင်း၊ အခြားပြင်ပ ကုမ္ပဏီဝန်ထမ်းများအားလည်းကောင်း စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် မိမိကိုယ်ပိုင်လုပ်ငန်းဖြစ်သော Hotel & Tourism လုပ်ငန်း ၂-ခုကိုလည်း စီမံအုပ်ချုပ်လျက်ရှိပါသည်။


Contents of Course

Duration: 00:04:23

Duration: 00:13:59