Category - Human Resource Management


Course Name - The Six Disciplines of Breakthrough Learning

Description - 'ယခုသင်ခန်းစာမှာတော့ HR နယ်ပယ်ရပ်မှာ အခက်အခဲများကို ထိုးဖေါက်ကျော်လွှား လေ့လာသင်ယူနိုင်ခြင်းဆိုင်ရာ စည်းကမ်း ဥပဒေသ (၆) ရပ် ဖြစ်တဲ့ - ၁။ လုပ်ငန်းရလဒ်များကိုသတ်မှတ်ခြင်း ၂။ ပြီးပြည့်စုံသော အတွေ့အကြုံအတွက်ဒီဇိုင်းလုပ်ခြင်း ၃။ သင်ယူလေ့လာခြင်းတွေကို အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်း ၄။ လေ့လာသင်ယူခဲ့တာတွေကို လက်တွေ့မှာ ပြန်လည်အသုံးပြုကြဖို့တိုက်တွန်းခြင်း ၅။ စွမ်းဆောင်ရည်အတွက် ပံ့ပိုးပေးဖို့ နေရာချပြင်ဆင်ခြင်း ၆။ ရရှိလာသောရလဒ်များကိုမှတ်တမ်းတင်ခြင်း တို့ကို ရှင်းလင်း ပြောပြပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'လုပ်ငန်းများအနေနဲ့ သူတို့ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ဆောင်ရွက်နေကြသော Training and Development ကိစ္စများမှ မိမိတို့လိုချင်သောရလဒ်များ ရရှိလာကြဖို့ရာ စည်းကမ်းတင်းကြပ်၊ စနစ်ကျသော process ရှိသင့်သည်ကို လက်ခံလာကြပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ လုပ်ငန်းအဖွဲ့အစည်းအတော်များများမှာ ဒီ စည်းကမ်းဥပဒေသ (၆) ရပ်ကို ၎င်းတို့ရဲ့ လုပ်ငန်းမှာ ရှိတဲ့ Learning & Development ကြိုးစားမှုတွေအတွက် လိုက်နာစရာနိယာမများအနေနဲ့ လိုက်နာကျင်သုံးခဲ့ကြပါတယ်။ ဒီသင်ခန်းစာမှာဆိုရင် 6 D အကြောင်းကို နားလည်မှတ်သားပြီး သင်ယူလေ့လာမှုဆိုင်ရာ အလေအလွင့် (learning scrap) တွေကိုလျော့ချကာ စီးပွားရေးလုပ်ငန်းတွေအပေါ် မှာသက်ရောက်နေတဲ့ သင်ယူလေ့လာမှုတွေကိုလည်း ထိရောက်စေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


U Saw Carry Win

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဦးစောကယ်ရီဝင်းကတော့ HR နယ်ပယ်မှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ပြည်တွင်းပြည်ပ အတွေ့အကြုံရှိခဲ့ပြီး လက်ရှိ Yoma Strategic Holding ရဲ့ Group HR Manager (Talent Development) အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ လွယ်ကူ လေ့လာ HRM, လွယ်ကူလေ့လာ CSM (ဝန်ဆောင်မူ ဓလေ့ ဖန်တီးတည်ဆောက်ခြင်း) အစရှိတဲ့ စာအုပ်များ ရေးသားသူ Top Ten Best-seller စာရင်းဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။