Category - Leadership


Course Name - The Formation of Team 5 Stages

Description - 'ယခုပို့ချချက်မှာဆိုရင် အသင်းအဖွဲ့တည်ဆောက်ရာမှာ ကျော်ဖြတ်ရတဲ့ အဓိကကျတဲ့ (၁) အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခြင်း ၊ (၂) အဖွဲ့ဝင်အားလုံး မျက်နှာချင်းဆိုင် ဆွေးနွေးတဲ့အဆင့် ၊ (၃) လုပ်ငန်းဆောင်တာတွေကို စတင်လုပ်ဆောင်တဲ့အဆင့် ၊ (၄) လုပ်ကိုင်ဆောင်ရွက်ချက်တွေကနေ အဖြေတစ်ခု ထွက်လာတဲ့အဆင့် နှင့် (၅) နှုတ်ဆက်ခွဲခွာရတဲ့အဆင့် ဆိုတဲ့ အဆင့် (၅)ဆင့်ကို အသေးစိတ် ရှင်းလင်းပြောပြပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'အသင်းအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အဖွဲ့အစည်းများ၏ ရည်မှန်းချက်ပန်းတိုင်များအားလုံး ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ရန်အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒီလို အသင်းအဖွဲ့တိုင်းက “Tuckman’s Stages” လို့ခေါ်တဲ့ အသင်းဖွဲ့စည်းခြင်း အဆင့် (၅) ဆင့် ကို ဖြတ်ကျော်ရပါတယ်။ ဒီအဆင့်တိုင်းက အသင်းတွေ တိုးတက်ကြီးထွားဖို့၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့၊ အစီအစဉ်တွေ ရေးဆွဲနိုင်ဖို့ နဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို အရယူနိုင်ဖို့အတွက် မလွဲမသွေ လိုအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာရဲ့ရည်ရွယ်ချက်က အဖွဲ့အစည်းတိုင်းရဲ့ အလုပ်ပြီးမြောက်မှုနဲ့ တက်ကြွစွာ လုပ်ဆောင်လိုသူတိုင်းအတွက် ရည်ရွယ်ပြီး အသင်းအဖွဲ့တည်ဆောက်ခြင်း အကြောင်းကို ဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ်။'


Daw Myat Hsu Pyae Sone

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါ်မြတ်ဆုပြည့်စုံသည် မန္တလေးတက္ကသိုလ် စီးပွားရေးဌာနမှ ပေးအပ်သော စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရတစ်ဦးဖြစ်ပါသည်။ ‘ယုံကြည်ရာ’ အသိပညာပြန့်ပွားရေးအသင်း နှင့် အခမဲ့ စာကြည့်တိုက်တွင် Execctive Member အဖြစ် ပါဝင်လုပ်ကိုင်လျက် ရှိသည့်အပြင် မန္တလေးမြို့ ရှိ Apex Business School တွင် Senior Lecturer အဖြစ် စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပေးလျှက်ရှိသည်။ ထို့ပြင် မန္တလေးမြို့ (MRYEA) အသင်းမှ ပေးအပ်သော “Entrepreneurship Award” ကို ရရှိခဲ့သော Trendiest အမှတ်တံဆိပ်ဖြင့် ခတ်မှီ၍ လှပဆန်းသစ်သော လက်ကိုင်အိတ်များထုတ်လုပ်သော လုပ်ငန်းကို ဦးစီးလုပ်ကိုင်လျှက်ရှိပါသည်။


Contents of Course

Duration: 00:15:58