Category - Human Resource Management


Course Name - Job Design (1)

Description - 'ဒီသင်ခန်းစာထဲမှာဆိုရင် အလုပ်တစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်ရခြင်းတို့ကြောင့် ပေါ်ပေါက်လာတဲ့ ဝန်ထမ်းများ၏ လုပ်ငန်းခွင် စိတ်မကျေနပ်မှုများကို လျော့ချ ကျော်လွှားနိုင်မည့် နည်းလမ်းများဖြစ်သော အလုပ်ကို ရှင်းလင်းလွယ်ကူအောင်ပြုလုပ်ခြင်း၊ မတူညီသော အလုပ်၏အစိတ်အပိုင်းများကို ပြောင်းလဲလုပ်ကိုင်စေခြင်း၊ အလုပ်၏အစိတ်အပိုင်း အရေအတွက်ကို ပိုမိုလုပ်ကိုင်စေခြင်း နှင့် အလုပ်၏သဘာဝကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်း တို့ကို ရှင်းလင်းပြောပြပေးထားတာပဲ ဖြစ်ပါတယ်။'

Objectives - 'အလုပ်၏ပုံစံအားလေ့လာခြင်း (Job design) သည် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၏ အဓိက လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ သေချာတည်ဆောက်ထားသော အလုပ်ပုံစံတစ်ခုက ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်မှာ ပါဝင်လုပ်ဆောင်မှု၊ စိတ်ကျေနပ်မှုတွေကို တိုးစေရုံသာမက သူတို့လုပ်ငန်းခွင်မှာ အကောင်းဆုံးဆောင်ရွက်နိုင်စေရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာက ဝန်ထမ်းတွေရဲ့ လုပ်အားနှင့် အဖွဲ့အစည်းအပေါ် သစ္စွာရှိမှု ပိုမိုတိုးတက်လာအောင် ကူညီပေးနိုင်တဲ့ Job design အကြောင်းကို မျှဝေပေးဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


Dr. Tin Win

Phone ♦ 09899991979

Address ♦ Mandalay

ဆရာကြီး ဒေါက်တာ တင်ဝင်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၁၉၈၄ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒဘွဲ့ (B.com) ကိုလည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒ (ဂုဏ်ထူးဘွဲ့) B.Com (Hons) ကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် မဟာဝါဏိဇ္ဇဘွဲ့ (M.Com) ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ……...ခုနှစ်တွင် Keio University (Japan) မှ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့ (Ph.D) ကို ရရှိခဲ့ပါသည်။ ဆရာကြီးသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်တို့တွင် အဆင့်ဆင့် တာဝန်များထမ်းဆောင်ရင်း ယခု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ယူထမ်းဆောင်နေဆဲ ဖြစ်ပါသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများစွာတွင် စီးပွားရေး အကြံပေး အဖြစ်လည်းကောင်း၊ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်များ အသိပညာပြန့်ပွားရေး အစီအစဉ်များတွင့် ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။


Contents of Course

Duration: 00:22:53