Category - Human Resource Management

intermediate
220
00:00:00
Motivational Theories Part (2)
Description
'ယခုသင်ခန်းစာမှာဆိုရင် process theory နှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများနဲ့ ကုမ္ပဏီတွေအတွက် အရေးပါပုံကို စေ့စပ်စုံလင်စွာ ရှင်းလင်းတင်ပြပေးထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် စိတ်ဓါတ်ခွန်အားကို လှုံ့ဆော်ပေးနိုင်တဲ့ သီအိုရီများဖြစ်သည့် - Goal Setting, Equity Theory နှင့် Expectancy Theory များကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။'
Objectives
'စိတ်အားထက်သန်စေခြင်း၊ စိတ်စေတနာ ထက်သန်စေခြင်း ဆိုသည်မှာ စီးပွားစီမံခန့်ခွဲမှု၏ လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူတွေရဲ့ အပြုအမူတွေကို တွန်းအားပေးတဲ့ အတွင်းစိတ်ရဲ့ လှုံ့ဆော်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုစိတ်ကို လှုံ့ဆော်မှုပေးနိုင်တဲ့ အရာအမျိုးမျိုးနဲ့ အသက်သွင်းပေးနိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေ ပိုမိုတိုးတက်အောင် ထောက်ပံ့ပေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားကို လှုံ့ဆော်ပေးနိုင်သော သီအိုရီ များစွာကို စူးစမ်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုသင်ခန်းစာကတော့ မန်နေဂျာတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပြီး ပိုမိုကောင်းမွန်စွာ အုပ်ချုပ်စီမံနိုင်စေရန် ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။'