Category - English & IT for Business


Course Name - Business Letters

Description - 'ယခု သင်ခန်းစာလေးကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဆက်သွယ်မှုတွေမှာ အရေးပါပြီး မသိမဖြစ်တဲ့ အင်္ဂလိပ်လို အီးမေးလ် နဲ့ စာတွေ ရေးပုံရေးနည်းလေး အကြောင်းကို (၁) မေတ္တာရပ်ခံတဲ့စာ၊ (၂) အကြောင်းပြန်စာ (၃) အကြွေးတောင်းခံတဲ့စာ နဲ့ (၄) အဆင်မပြေမှုတွေ၊ တိုင်ကြားမှုတွေ အတွက်ရေးတဲ့စာ ဆိုပြီးအပိုင်း (၄) ပိုင်း ခွဲပြီး ဥပမာတွေနဲ့ ရှင်းလင်း သင်ကြား ပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'ကမ္ဘာနဲ့ တဝှမ်းရှိ လုပ်ငန်းခွင်တိုင်းက အီးမေးလ်၊ စာတွေ၊ ရုံးစာရွက်စာတမ်းတွေနဲ့ ပက်သက်ပြီး စနစ်ကျပြီး မှန်ကန်စေဖို့ ပိုမိုအားစိုက်လာတာနဲ့ အမျှ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာများ ရေးသားနည်းတွေကလည်း ပိုပြီး အရေးပါလာပါတယ်။ ယနေ့ခေတ်က နည်းပညာခေတ် ဖြစ်တဲ့အလျှောက် အီးမေးလ် ကို စာထက် ပိုအသုံးများလာကြပါတယ်။ ယခု သင်ခန်းစာက စီးပွားရေးလုပ်ငန်းတိုင်းအတွက် နဲ့ အသုံးဝင်တဲ့ လုပ်ငန်းသုံး အင်္ဂလိပ်စာ အရေးအသား တိုးတက်ချင်သူတိုင်းအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။'


Daw Hnin Myu Aung

Phone ♦ 09899991979

Address ♦ Mandalay

ဒေါ်နှင်းမြူအောင်သည် အင်္ဂလန်နိုင်ငံ Keele တက္ကသိုလ်မှ စာရင်းအင်း နှင့် ဘဏ္ဍာရေးဆိုင်ရာဘွဲ့ (BA Accounting and Finance) နှင့် Manchester တက္ကသိုလ်မှ စာရင်းအင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့ (MSc Accounting and Finance) တို့ကို ရရှိထားသူဖြစ်ပါသည်။ ထို့ပြင် Central Lancashire (UCLan) တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့(MBA) ကိုလည်း သင်ယူခဲ့ပါသည်။ လုပ်ငန်းအတွေ့အကြုံအနေဖြင့် အင်္ဂလန်နိုင်ငံရှိ Oxfam company တွင် Assiatant Manager အဖြစ်လည်းကောင်း၊ မန္တလေးမြို့ ရွှေအင်ကြင်း ဟော်တယ်တွင် Operation Manager အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခုအခါတွင် ကိုယ်ပိုင် သွင်းကုန် ပို့ကုန် လုပ်ငန်း အပြင် Rangoon အင်္ဂလိပ်စာ သင်တန်းကျောင်းကိုလည်း ဦးစီးလုပ်ကိုင်လျှက်ရှိသည်။


Contents of Course

Duration: 00:00:44

Duration: 00:05:54

Duration: 00:03:05

Duration: 00:06:30

Duration: 00:06:30

Duration: 00:06:36

Duration: 00:04:45

Duration: 00:03:06