Category - English & IT for Business

122
00:00:00
Positive customer service language for positive conservations
Description
'ဒီသင်ခန်းစာလေးမှာတော့ ဝယ်ယူသူတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးဖို့အတွက် ပြောဆိုဆက်ဆံရာမှာ အသုံးပြုနိုင်တဲ့ အပြုသဘောဆောင်တဲ့ စကားအသုံးအနှုန်းတွေကို ပြောပြပေးမှာ ပဲဖြစ်ပါတယ်။ အရောင်းဝန်ထမ်းတွေ၊ လုပ်ငန်းတွင်းက ဝန်ထမ်းတွေအနေနဲ့ ဝယ်သူတွေ နဲ့ ဆက်ဆံတဲ့အခါမှာ အပြုသဘောဆောင်တယ်လို့ သက်ရောက်မှုရှိအောင် သတိထားသင့်တဲ့ အချက်တွေ၊ ရှောင်ရှားသင့်တဲ့ စကားလုံးတွေကို အချက် (၁၁) ချက် ခွဲပြီးတော့ ရှင်းလင်းတင်ပြပေးထားပါတယ်။'
Objectives
'ဈေးဝယ်သူတွေကို ဝန်ဆောင်မှုပေးရာမှာ ဘာသာစကား အသုံးအနှုန်းက အရေးပါပါတယ်။ ဝန်ထမ်းဘက်က ဝယ်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆို ဆက်ဆံတတ်ခြင်းကြောင့် ဝယ်သူရဲ့စိတ်ထဲမှာ ယခင်ကထက် လုပ်ငန်းပေါ်ထားတဲ့ အထင်ကြီးမှု သဘောကျမှု တိုးလာစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အမြဲတမ်း အားပေးတဲ့ ဖောက်သည်တွေ ဖြစ်လာပြီး လုပ်ငန်းရဲ့ ရောင်းအားတွေ၊ အမြတ်တွေကို တိုးတက်လာစေပါတယ်။ ဒါကြောင့် ဝယ်သူနဲ့ ပြောဆိုဆက်ဆံရာမှာ သုံးနှုန်းတဲ့ စကားလုံး ရွေးချယ်မှုက အရေးကြီးတဲ့ ဝန်ဆောင်မှု စွမ်းရည်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးက ဝယ်ယူသူတွေနဲ့ ဆက်ဆံပြောဆိုနေရတဲ့ လုပ်ငန်းတိုင်း သူတို့ရဲ့ ဝန်ဆောင်မှု တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'