Category - Personal Development


Course Name - Public Speaking

Description - 'ဒီသင်ခန်းစာထဲမှာဆိုရင် လူအများရှေ့ မှောက်မှာ ပြောဆိုဆွေနွေးတဲ့အခါ ဘယ်လိုမျိုး အကြောက်တရားတွေကို ကြုံတွေ့ ရနိုင်မလဲ၊ ဒီလို အခက်အခဲတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ၊ ကိုယ်ပြောမယ့် အကြောင်းအရာကို ဘယ်လို စီစဉ်ထားရမလဲ၊ ပြောဆိုဆွေနွေးတင်ပြမှုကောင်းသူ တစ်ဦးဖြစ်အောင် လုပ်ဆောင်သင့်တဲ့အချက်တွေ နဲ့ ရှောင်ရှားသင့်တဲ့အချက်တွေ တွေကို အသေးစိတ် ရှင်းလင်း ပြောပြပေးထားပါတယ်။'

Objectives - 'လူအများရှေ့ မှောက်မှာ ပြောဆိုဆွေနွေးခြင်းဆိုတာ နားထောင်သူ ပရိတ်သတ်ကို ကိုယ်ပေးချင်တဲ့ အချက်အလက်တွေ မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုပြောဆို ဆက်ဆံနိုင်တဲ့ စွမ်းရည်က လုပ်ငန်းခွင်မှာသာမက ကိုယ်ပိုင် ဘဝမှာပါ အထူး လိုအပ်လှပါတယ်။ ပြောဆိုဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်က သာမန်လူတွေထက် ပေါင်းသင်းဆက်ဆံရေး မှာ တပန်းသာတဲ့အပြင် လူအများကိုလည်း ဆွဲဆောင် စည်းရုံးနိုင်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ ဒီ ဗီဒီယိုလေးက လူအများရှေ့ မှာ ကျွမ်းကျင်ကောင်းမွန်စွာ ပြောဆိုဆွေးနွေးချင်လိုသူများအတွက် အသုံးဝင်မယ့် အချက်လေးတွေကို မျှဝေပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။'


Daw Myat Hsu Pyae Sone

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါ်မြတ်ဆုပြည့်စုံသည် မန္တလေးတက္ကသိုလ် စီးပွားရေးဌာနမှ ပေးအပ်သော စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရတစ်ဦးဖြစ်ပါသည်။ ‘ယုံကြည်ရာ’ အသိပညာပြန့်ပွားရေးအသင်း နှင့် အခမဲ့ စာကြည့်တိုက်တွင် Execctive Member အဖြစ် ပါဝင်လုပ်ကိုင်လျက် ရှိသည့်အပြင် မန္တလေးမြို့ ရှိ Apex Business School တွင် Senior Lecturer အဖြစ် စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပေးလျှက်ရှိသည်။ ထို့ပြင် မန္တလေးမြို့ (MRYEA) အသင်းမှ ပေးအပ်သော “Entrepreneurship Award” ကို ရရှိခဲ့သော Trendiest အမှတ်တံဆိပ်ဖြင့် ခတ်မှီ၍ လှပဆန်းသစ်သော လက်ကိုင်အိတ်များထုတ်လုပ်သော လုပ်ငန်းကို ဦးစီးလုပ်ကိုင်လျှက်ရှိပါသည်။


Contents of Course

Duration: 00:12:54

Duration: 00:10:24

Duration: 00:01:36