Category - Personal Development


Course Name - 17 anti- procrastination hacks

Description - 'ဒီသင်ခန်းစာလေးမှာဆိုရင် စာရေးဆရာ Dominic Mann ရေးသားထားတဲ့ 17 anti- procrastination hacks စာအုပ်ထဲမှာပါတဲ့ အချိန်ဆွဲခြင်း အလေ့အထကို ကျော်လွှားနည်း ၁၇ နည်းအကြောင်းကို ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်က လူတွေကို ပျင်းရိမှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲ၊ အချိန်ဆွဲတာကို ဘယ်လိုကျော်လွှားပြီး အလုပ်တွေပြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အကြံပြု ထားပါတယ်။'

Objectives - 'အချိန်ဆွဲခြင်းဆိုတာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အလုပ်တစ်ခုကို အချိန်မီမပြီးရင် မကောင်းတဲ့ အကျိုးဆက်တွေရလာနိုင်တာ သိရက်နဲ့ စတင်လုပ်ဖို့၊ ပြီးအောင်လုပ်ဖို့ အချိန်ဆွဲနေခြင်းပဲ ဖြစ်ပါတယ်။ ဒီအကျင့်ဆိုးတွေကို ဖယ်ရှားနိုင်ဖို့တွက် ရည်ရွယ်ပြီး စာရေးဆရာ Dominic Mann က အချိန်ဆွဲခြင်း အလေ့အထကို ကျော်လွှားနည်း ၁၇ နည်း စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ယခုသင်ခန်းစာကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ စာအုပ်ထဲမှ လူအများစုရဲ့ အမူအကျင့်တွေကို ပိုမိုတိုးတက်စေတဲ့ အလေ့အကျင့်ကောင်းများကို မျှဝေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


Daw Zin Lay Nwe

Phone ♦ 09899991979

Address ♦ Mandalay

ဒေါ်ဇင်လေးနွယ်သည် မန္တလေး ဆေးဝါးတက္ကသိုလ် မှ B.Pharm ဘွဲ့ရတစ်ဦးဖြစ်ပါသည်။ မန္တလေးတက္ကသိုလ် စီးပွားရေး ဌာနမှ ပေးအပ်သောစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ကို တက်ရောက်အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ ထို့ပြင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာ ဘာသာနှင့် မန္တလေး တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို လေ့လာခဲ့ပြီး ဒီပလိုမာ ဘွဲ့ များကို ရရှိထားသူ တစ်ဦးလည်းဖြစ် ပါသည်။ ယခု အခါ Aung Myin Online Learning ၏ Business Development Manager အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသည်။