Category - Business Knowledge


Course Name - Business Ethic

Description - 'ယခုသင်ခန်းစာထဲမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေက ကျင့်ဝတ်နဲ့ ညီတယ် မညီဘူးဆိုတာကို ဆုံးဖြတ်နိုင်စေဖို့ နဲ့၊ အဖွဲ့ အစည်းတွေက ကျင့်ဝတ်တွေကို လေးစားလိုက်နာခြင်းဖြင့် ရရှိမယ့် အကျိုးအမြတ်တွေ ၊ ကိုယ့်အလုပ်နဲ့ မလိုက်ဖက်တဲ့ မသင့်လျော်တဲ့ အပြုအမှုတွေ၊ စီးပွားရေး ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ကျင့်ဝတ်များ အကြောင်းကို ဆွေးနွေးရှင်းလင်းထားပါတယ်။'

Objectives - 'စီးပွာရေးလုပ်ငန်းတွေ ကုမ္ပဏီတွေအနေနဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို သတ်မှတ်လိုက်နာသင့်ပါတယ်။ ဒါမှလည်း ကိုယ့်လုပ်ငန်းရဲ့ နာမည်ဂုဏ်သတင်း ကျော်ဇောပြီး ကိုယ့်ဝန်ထမ်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ နဲ့ ဝယ်ယူသူများကို စွဲဆောင်နိုင်တဲ့အခါမှာ သူများတွေထက် အားသာချက် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာကိုလေ့လာပြီး ကိုယ့်လုပ်ငန်းနှင့် ကိုယ့် ပတ်ဝန်းကျင်အတွက် ထိရောက်ပြီး အကျိုးရှိတဲ့ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်များ တိုးတက်စေဖို့ မျှော်လင့်မိပါတယ်။'


Dr. Khin Marlar Maung

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါက်တာ ခင်မာလာမောင်သည် ထိုင်းနိုင်ငံ Naresuan University မှ စီးပွားရေး စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရ တစ်ဦးဖြစ်သည်။ လူ့အစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု၊ စီးပွားရေး သုတေသန၊ အဖွဲ့အစည်းဆိုင်ရာ အပြုအမှု၊ စီးပွားရေးဆိုင်ရာ ဆက်သွယ်မှု၊ စီးပွားရေး အမူအကျင့်များ ဆိုင်ရာ ဘာသာရပ်များကို အထူးပြု လေ့လာခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာ စာတမ်းဖတ်ပွဲများတွင်လည်း ပါဝင်ခဲ့ပြီး စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရများကိုလည်း အစဉ် မွေးထုတ်ပေးလျှက်ရှိပါသည်။ လက်ရှိတွင် မိတ္ထီလာ စီးပွားရေး တက္ကသိုလ် ဝါဏိဇ္ဇ ဗေဒ ဌာန (Department of Commerce) တွင် ကထိကအနေဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ထို့ပြင် ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိပါသည်။


Contents of Course

Duration: 00:00:37

Duration: 00:16:47

Duration: 00:00:48