Category - Business Knowledge


Course Name - Introduction to taxation

Description - 'ဒီခေါင်းစဉ်က မြန်မာနိုင်ငံမှာ လက်ရှိကောက်ခံနေတဲ့ အခွန်အကောက်များအနက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံလျှက် ရှိတဲ့အခွန် (၅) မျိုးဖြစ်တဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူး ကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ အောင်ဘာလေသိန်းဆုခွန်တို့နှင့် သက်ဆိုင် သည့် ဥပဒေ၊ နည်းဥပဒေ၊ သိန်းဆုခွန်တု့ိနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ကို အခွန်ထမ်းပြည်သူများနှင့် အခွန်ဆိုင်ရာ လေ့လာသူတို့ သိရှိနိုင်ရန် ရှင်းလင်း ပို့ချထားတာ ဖြစ်ပါတယ်။'

Objectives - 'လူတစ်ဦးတစ်ယောက်ချင်းစီလိုပဲ စီးပွားရေးလုပ်ငန်းတွေကလည်း သက်ဆိုင်ရာ လုပ်ဆောင်ချက်အလိုက် အခွန်တွေ ပေးဆောင်ရပါတယ်။ စီးပွားရေးနယ်ပယ်တွင်လည်း ကုန်ပစ္စည်း (သို့) ဝန်ဆောင်ခခွန်၊ စက်ပစ္စည်းအသုံးပြုခ အခွန်၊ ကိုယ်ပိုင်ပိုင်ဆိုင်မှု အခွန် နဲ့ ဝန်ထမ်းနဲ့ ပက်သက်တဲ့အခွန် စသဖြင့် လုပ်ဆောင်ချက်အမျိုးမျိုးအလိုက် ပေးဆောင်ရသော စီးပွားရေးလုပ်ငန်းခွန်များစွာရှိပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူများအနေနဲ့ ကိုယ့်လုပ်ငန်း အပြောင်းအလဲ အခြေအနေလိုက် ကျသင့်ပေးဆောင်ရမယ့် အခွန်များအကြောင်းကို သိနားလည်ရန် လိုအပ်ပါတယ်။ ယခု သင်ခန်းစာ က စီးပွားရေး လုပ်ငန်းရှင်းတိုင်းတွက် အခွန်နဲ့ ပက်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။'


U Nay Lin Aung

Phone ♦ 09899991979

Address ♦ mandalay

ဦးနေလင်းအောင်သည် ပြည်တွင်းအခွန်များဦးစီးဌာနမှ အငြိမ်းစားဦးစီးအရာရှိဖြစ်ပြီး Tax Knowledge Sharing Group အခွန်ဥပဒေဆိုင်ရာ သင်တန်း၏တည်ထောင် သူဖြစ်ပါသည်။ ရန်ကုန်မြို့ ၊ဗိုလ်တထောင်မြို့နယ်၊၄၅ လမ်း (အထက်)၊အမှတ် ၁၄၄ B ၊ မြေညီ တွင် အခွန်ဥပဒေဆိုင်ရာ ပုံမှန်သင်တန်းများဖွင့်လှစ် သင်ကြားလျက်ရှိပြီး 909 Financial &Taxation services Co.,Ltd (909Audit Firm) နှင့် A2Z Tax Consultancy services Co.,Ltd တို့၏ ပိုင်ရှင် Managing Director အဖြစ် အခွန်ဆိုင်ရာအကြံပေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။


Contents of Course