Category - Leadership

1255
00:00:00
Leadership Vs Management
Description
'ယခုသင်ခန်းစာမှ ခေါင်းဆောင်မှု စွမ်းရည်နှင့် စီမံခန့်ခွဲမှု စွမ်းရည်တို့၏ အရေးပါပုံနှင့် ကွဲပြားခြားနားချက်များ၊ မတူညီသောအာဏာများကို အသုံးပြုမှု နှင့်လေးစားလိုက်နာမှုရှိရန်အတွက် အဆင့်များ အကြောင်းကို သင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။'
Objectives
'ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့ရဲ့ အဓိကခြားနားချက်ကတော့ ခေါင်းဆောင်မှုဆိုတာက ကိုယ်ညွှန်ကြားတဲ့ အလုပ်တွေကို လက်အောက်ငယ်သားတွေက လိုလိုလားလား တက်တက်ကြွကြွနဲ့ လုပ်ဆောင်အောင် လွှမ်းမိုးထားနိုင်တဲ့ အရည်အသွေးဖြစ်ပါတယ်။ စီမံခန့်ခွဲမှုမှာဆိုရင်တော့ တာဝန်ဝတ္တရားတွေကို အကျိုးရှိဆုံးနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်အောင် စည်းကမ်းချမှတ် ညွှန်ကြားခြင်းပင် ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ အလုပ်တိုင်းကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့ မန်နေဂျာရော ခေါင်းဆောင်ပါ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီ ကဏ္ဍ နှစ်ခုကို ကောင်းစွာ နားလည်ပြီး ခွဲခြားတတ်ဖို့ အထူးပင် အရေးပါပါတယ်။ ခုသင်ခန်းစာက အာဏာအရင်းအမြစ်များ နှင့်လေးစားလိုက်နာမှု ပေါ်အခြေခံပြီး ခေါင်းဆောင်နှင့် မန်နေဂျာတို့ရဲ့ အဓိကခြားနားချက်ကို ရှင်းလင်းနားလည်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'