Category - Leadership


Course Name - Contemporary Leadership Styles

Description - 'ယခုသင်ခန်းစာမှာဆိုရင် ခေတ်သစ် ခေါင်းဆောင်မှုပုံစံ (၄) မျိုးဖြစ်တဲ့ (၁) သြဇာတိက္ကမ ကြီးမားမှုကို အခြေပြုတဲ့ ခေါင်းဆောင်မှုပုံစံ ၊ (၂) တပါးသူရဲ့ လိုအပ်ချက်ကို ကူညီဖြည့်စည်းပေးပြီး ပိုတိုးတက်လာအောင်လုပ်ဆောင်ပေးတဲ့ ခေါင်းဆောင်မှု ပုံစံ၊ (၃) တည့်မတ်မှန်ကန် ဖြောင့်မတ်မှုကို အခြေပြုတဲ့ ခေါင်းဆောင်မှုပုံစံ ၊ (၄) ပိုမိုကောင်းမွန်တဲ့ အသစ်အဆန်းတွေ တိုးတက်မှုတွေကို ဦးတည်ဖော်ဆောင်တဲ့ ခေါင်းဆောင်မှုပုံစံ နှင့် ထိုခေါင်းဆောင်မှုပုံစံ တစ်ခုချင်းစီရဲ့ ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာများကို အသေးစိတ် ရှင်းလင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'ခေါင်းဆောင်မှုပညာရပ်သည် အဖွဲ့အစည်းများ လုပ်ငန်းများ တိုးတက်လာအောင် လုပ်ဆောင်ရာမှာ အဓိကကျပါတယ်။ ဒါကြောင့် အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်တွေက သူတို့ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပြီး အကောင်းဆုံးဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်မှုတွေကို ပိုမိုတောင်းဆိုလာကြပါတယ်။ ဒီသင်ခန်းစာကတော့ ပြောင်းလဲတိုးတက်လာတဲ့ လုပ်ငန်းခွင်တွေအလိုက် ပြောင်းလဲ အသုံးပြုလာတဲ့ခေတ်သစ် ခေါင်းဆောင်မှုပုံစံများကို သိရှိနားလည်စေမှာ ဖြစ်ပါတယ်။'


Dr. Myint Myint Kyi

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်သည် ရန်ကုန်စီးပွားရေး တက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာန၏ MBA Program တွင် ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ထို့ပြင် ပုဂ္ဂလိက စီးပွားရေးကျောင်းများတွင် စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပို့ချလျှက်ရှိပါသည်။