Category - Business Management


Course Name - Industry Analysis

Description - 'ယခုဗီဒီယိုထဲမှာဆိုရင် လုပ်ငန်းနယ်ပယ်ကို လေ့လာသုံးသပ်ခြင်း အကြောင်းကို မိုက်ကယ် ပေါ်တာရဲ့ တွန်းအား (၅) ရပ်ဖြစ်တဲ့ (၁) ဈေးကွက်ထဲကို ဝင်လာနိုင်တဲ့ ပြိုင်ဘက်အသစ်ရဲ့ အခြေအနေ (၂) ဝယ်သူရဲ့ ဈေးညှိနှိုင်းနိုင်တဲ့ စွမ်းအား (၃) ကုန်ကြမ်းပစ္စည်း ရောင်းချသူတို့ရဲ့ တွန်းအား (၄) ကိုယ့်ပစ္စည်းကို အစားထိုးနိုင်ခြင်း ရှိ၊ မရှိ (၅) ကိုယ့်ရဲ့ ပြိုင်ဘက် အခြေအနေတို့ အပေါ် မူတည်ပြီး ရှင်းလင်းသင်ကြားပေးထားတာ ဖြစ်ပါတယ်။'

Objectives - 'လုပ်ငန်းနယ်ပယ်ကို လေ့လာသုံးသပ်ခြင်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များက ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေ နဲ့ ဈေးကွက်တွေထဲမှာ ကိုယ့်ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဘယ်နေရာမှာ ရှိနေလဲ ဆိုတာတွေကို ဆန်းစစ်ဖို့တွက် အသုံးပြုလေ့ရှိကြပါတယ်။ ဒီလို လေ့လာသုံးသပ်ခြင်းမှ စီးပွားရေးလုပ်ငန်းတွေကို သူတို့ အကျိုးအမြတ်တွေတိုးတက်မယ့် နည်းလမ်းတွေ ခန့်မှန်းနိုင်စေရန် နှင့် ဈေးကွက်ထဲက အချက်အလက်တွေကို အသုံးပြုပြီး အားသာချက်ရရှိအောင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာတွေကို သိရှိနိုင်ပါတယ်။'


Dr. Aung Kyaw

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါက်တာအောင်ကျော်သည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရတစ်ဦး ဖြစ်သည်။ ယခုအခါတွင် မုံရွာ စီးပွားရေးတက္ကသိုလ်၏ ဝါဏိဇ္ဇ ဗေဒ ဌာန (Department of Commerce) တွင် ပါမောက္ခနှင့် ဌာနမှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ရန်ကုန်၊ မန္တလေးမြို့များရှိ ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံ မဲခေါင် ကောလိပ်၏ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် နိုင်ငံတော် အကြံပေး အနေဖြင့်လည်းကောင်း၊ မွန်ပြည်နယ် တည်ထောင်စ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် အတိုင်ပင်ခံ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည့် အပြင် ပုဂ္ဂလိက ကုမ္ပဏီများ၏ စီးပွားရေး စီမံကိန်းများ၊ လူ့အစွမ်အား အရင်းအမြစ် စီမံမှုများ နှင့် စီးပွားရေး တိုးတက်မှု စီမံချက်များတွက်လည်း စီးပွားရေး အတိုင်ပင်ခံ အဖြစ် ကူညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အသေးစား စီးပွားရေး တိုးတက်မှု၊ ဈေးကွက်စီးပွားရေး၊ ဝန်ထမ်းစီမံရေး နှင့် ငွေကြေးစီမံခန့်ခွဲရေး ဘာသာရပ်များ နှင့် ပက်သက်၍လည်း ပုဂ္ဂလိက ကုမ္ပဏီကြီးများတွင် အခါအားလျော်စွာ သင်ကြားပို့ချပေးလျှက်ရှိပါသည်။


Contents of Course

Duration: 00:04:56

Duration: 00:13:15

Duration: 00:07:24