Category - Business Management


Course Name - Effective Delegation

Description - 'ခုသင်ခန်းစာထဲကနေ အဖွဲ့ အစည်းတစ်ခုမှာ လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းက ဘာကြောင့် အရေးပါရတာလဲ၊ အကျိုးရှိရှိနဲ့ တာဝန်တွေ ဘယ်လို ခွဲပေးရမလဲ၊ ဒီလို လုပ်ခြင်းကြောင့် ဘယ်လို အကျိုး ကျေးဇူးတွေ ရနိုင်သလဲဆိုတာကို လေ့လာသင်ယူနိုင်ပါတယ်။'

Objectives - 'လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းဆိုသည်မှာ တဦးတယောက်ကို ကိုယ့်ရဲ့ အလုပ်တာဝန် အာဏာများကို လွှဲပေးခြင်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာဆိုရင် မန်နေဂျာတွေက သူ့ လက်အောက်က ဝန်ထမ်းတွေကို သူတို့လုပ်နိုင်တဲ့ တာဝန်တွေကို လွှဲပြောင်းပေးရပါတယ်။ ဒီလို လုပ်ခြင်းဖြင့် လုပ်ငန်းတွေမှာ အချိန်ကုန်သက်သာပြီး အရင်ကထက် ပိုအကျိုးရှိစေပါတယ်။ ဒါကြောင့် အသင်းအဖွဲ့ ခေါင်းဆောင်ကောင်းနဲ့ မန်နေဂျာကောင်းဖြစ်လိုသူများအတွက် ယခု သင်ခန်းစာကို တင်ပြထားခြင်းဖြစ်ပါတယ်။'


Dr. Aung Kyaw

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါက်တာအောင်ကျော်သည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရတစ်ဦး ဖြစ်သည်။ ယခုအခါတွင် မုံရွာ စီးပွားရေးတက္ကသိုလ်၏ ဝါဏိဇ္ဇ ဗေဒ ဌာန (Department of Commerce) တွင် ပါမောက္ခနှင့် ဌာနမှူး ရာထူးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ရန်ကုန်၊ မန္တလေးမြို့များရှိ ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိသည်။ ထို့ပြင် ထိုင်းနိုင်ငံ မဲခေါင် ကောလိပ်၏ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် နိုင်ငံတော် အကြံပေး အနေဖြင့်လည်းကောင်း၊ မွန်ပြည်နယ် တည်ထောင်စ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် အတိုင်ပင်ခံ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည့် အပြင် ပုဂ္ဂလိက ကုမ္ပဏီများ၏ စီးပွားရေး စီမံကိန်းများ၊ လူ့အစွမ်အား အရင်းအမြစ် စီမံမှုများ နှင့် စီးပွားရေး တိုးတက်မှု စီမံချက်များတွက်လည်း စီးပွားရေး အတိုင်ပင်ခံ အဖြစ် ကူညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အသေးစား စီးပွားရေး တိုးတက်မှု၊ ဈေးကွက်စီးပွားရေး၊ ဝန်ထမ်းစီမံရေး နှင့် ငွေကြေးစီမံခန့်ခွဲရေး ဘာသာရပ်များ နှင့် ပက်သက်၍လည်း ပုဂ္ဂလိက ကုမ္ပဏီကြီးများတွင် အခါအားလျော်စွာ သင်ကြားပို့ချပေးလျှက်ရှိပါသည်။


Contents of Course

Duration: 00:11:20