Category - Business Management


Course Name - Porter’s Generic Business Strategies

Description - 'အခု သင်ခန်းစာမှာတော့ အဲဒီလို မဟာဗျူဟာတွေကို စဉ်းစားဖော်ထုတ်ရာမှာ အသုံးပြု ကြတဲ့ ဟားဗက်စ်တက္ကသိုလ်က ပါမောက္ခ မိုက်ကယ်လ် ပေါ်တာ ဖော်ပြခဲ့တဲ့ မဟာဗျူ ဟာတွေကို ၁။ အခြားလုပ်ငန်းတူပြိုင်ဘက်တွေကို "ဈေးနှုန်းအသက်သာဆုံး" ဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီး ပြိုင်ဆိုင်ခြင်း ၂။ ကွဲပြားခြားနားစွာ လုပ်ဆောင်ခြင်း ၃။ စရိတ်သက်သာတာကို ကြိုက်တဲ့ ဈေးကွက်အစိတ်အပိုင်းကို သီးခြားရွေးချယ်ပြီး အာရုံစိုက်ခြင်း ၄။ ကွဲပြားခြားနားမှုတွေကို တန်ဖိုးထားတဲ့ ဈေးကွက်အစိတ်အပိုင်းကို သီးခြားရွေးချယ်ပြီး အာရုံစိုက်ခြင်း ဆိုပြီး အပိုင်း ၄ပိုင်း ခွဲပြီး တင်ပြထားပါတယ်။'

Objectives - 'ဈေးကွက် အရွယ်အစားကြီးမားလာတာနဲ့အတူ စီးပွားရေးလုပ်ငန်းတွေရဲ့ ပြိုင်ဆိုင်မှုဟာလည်းပဲ ပိုမိုပြင်းထန်လာပါတယ်။ ဒီလို ပြိုင်ဆိုင်မှုတွေက ထုတ်ကုန်နှင့် ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို တိုးတက်စေပြီး ဝယ်ယူသူပိုများလာအောင်နှင့် ဈေးကွက်ပိုတိုးတက်လာစေရန် တွန်းအားပေးလျှက်ရှိပါတယ်။ ယခု သင်ခန်းစာထဲမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်ကို တိုးတက်စေနိုင်မယ့် မိုက်ကယ်လ် ပေါ်တာ ဖော်ပြခဲ့တဲ့ မဟာဗျူ ဟာတွေကို ဖော်ပြပေးထားပါတယ်။'


U Kyaw Zaw Lin

Phone ♦ 09899991979

Address ♦ Mandalay, Myanmar.

ဦးကျော်ဇောလင်းသည် မန္တလေးမြို့ရှိ Apex Business School ၏ တည်ထောင်သူ၊ ကျောင်းအုပ်ဖြစ်ပြီး စီမံခန့်ခွဲမှုဘာသာရပ်များကိုသင်ကြားခြင်း အတွေ့အကြုံ ၁၀-နှစ်ကျော်ရှိသူ ဖြစ်ပါသည်။ Association of Business Executives - UK ၏ ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရဖြစ်ပြီး၊ Mandalay MBA Alumni Association ၏ EC Member ဖြစ်သည်။ လက်ရှိတွင် Apex Business School ၌လည်းကောင်း၊ အခြားပြင်ပ ကုမ္ပဏီဝန်ထမ်းများအားလည်းကောင်း စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် မိမိကိုယ်ပိုင်လုပ်ငန်းဖြစ်သော Hotel & Tourism လုပ်ငန်း ၂-ခုကိုလည်း စီမံအုပ်ချုပ်လျက်ရှိပါသည်။


Contents of Course