Category - Sales & Marketing

314
00:00:00
Ansoff’s Growth Strategies
Description
'ယခုသင်ခန်းစာထဲမှာဆိုရင် ဈေးကွက်ဖော်ဆောင်မှုဘာသာရပ်ရဲ့ မဟာဗျူ ဟာမြောက် စီမံခန့်ခွဲမှုတစ်ခု ဖြစ်တဲ့ (အန်ဆော့ဖ် မတ်ထရစ်) အကြောင်းကို- ၁ - ဈေးကွက် ထိုးဖောက်ခြင်း ၂ - ဈေးကွက် ချဲ့ထွင်ခြင်း ၃ - ရောင်းကုန်ပစ္စည်းကို ချဲ့ထွင်ခြင်း နဲ့ ၄ - လုပ်ငန်းနယ်ပယ် ချဲ့ထွင်ခြင်း အဆင့် ၄ ဆင့်ဖြင့် ရှင်းလင်းတင်ပြထားတာ ဖြစ်ပါတယ်။'
Objectives
'ယခုသင်ခန်းစာလေးကတော့ စီမံခန့်ခွဲမှုတွေမှာ တာဝန်ယူလုပ်ဆောင်နေရတဲ့ အလုပ်အမှုဆောင်များ၊ မန်နေဂျာများ နဲ့ ဈေးကွက်အတွင်း ရောင်းဝယ်နေသူများ နာမည်ကြီး မဟာဗျူ ဟာမြောက် စီမံခန့်ခွဲမှုတစ်ခု ဖြစ်တဲ့ အန်ဆော့ဖ် မတ်ထရစ် အကြောင်းကို သိရှိနားလည်ပြီး ကိုယ့် လုပ်ငန်းခွင်မှာ ပြန်လည် အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါတယ်။ အန်ဆော့ဖ် မတ်ထရစ်ဟာဆိုရင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကိုယ့် ထုတ်ကုန်နဲ့ ဈေးကွက်ကို ဖွံ့ဖြိုးတိုးတက်အာင် စီစဉ်တဲ့ ပုံစံတစ်ခု ဖြစ်သည့်အပြင် ကိုယ့် အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်းရဲ့ တိုးတက်နိုင်မှု အလားအလာကို သိမြင်အောင် ဆက်သွယ်ပေးနိုင်ပါတယ်။'