Category - Business Management

250
00:00:00
Consequence Management
Description
'ဒီဗီဒီယိုလေးမှာတော့ လုပ်ငန်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်အောင်ကူညီပေးနိုင်တဲ့ consequence management (အကျိုးဆက် စီမံခန့်ခွဲမှု) တွေ ဆိုတာဘာလဲ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုဖြစ်ရခြင်း အကြောင်းအရင်းတွေ၊ မကောင်းတဲ့ ရလဒ်တွေကို ပိုကောင်းတဲ့ဘက်ကို ရောက်အောင် ဘယ်လိုပြောင်းလဲမလဲ ဆိုတာတွေကို ရှင်းလင်းတင်ပြပေးထားပါတယ်။'
Objectives
'အကျိုးဆက်စီမံခန့်ခွဲမှု ဆိုသည်မှာ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ချင်းစီပဲ ဖြစ်ဖြစ် မကောင်းတဲ့ အခြေအနေတစ်ခုရဲ့ နောက်ဆက်တွဲတွေကြောင့် ကြုံတွေ့လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ကာကွယ်မှု ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်းအနေနဲ့ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ကိုယ့်လုပ်ငန်းထဲမှာ ဖြစ်ပျက်နေတဲ့ မကောင်းတဲ့ ရလဒ်တွေကို ရလဒ်ကောင်းတွေ ဖြစ်လာအောင် ကြိုးစား ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခုတင်ပြမယ့် သင်ခန်းစာက စီးပွားရေး လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်တွေပဲ ဖြစ်ဖြစ် အကျိုးဆက်စီမံခန့်ခွဲမှုရဲ့ အရေးပါပုံကို သိရှိနားလည်ပြီး ကိုယ့်လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်ထားပါတယ်။'