Category - Sales & Marketing


Course Name - Segmentation, Targeting, Positioning (STP process)

Description - 'ယခုသင်ခန်းစာမှာတော့ ဈေးကွက် စီးပွားရေးပညာရပ်မှာ အရေးပါတဲ့ (၁) ဈေးကွက် ဧရိယာများ ပိုင်းခြားသတ်မှတ်ခြင်း (၂) အသင့်လျော်ဆုံး ဈေးကွက်အစိတ်အပိုင်းကို ရွေးချယ်ခြင်း (၃) ရွေးချယ်ထားသော ဈေးကွက်အစိတ်အပိုင်းအတွင်း နေရာယူခြင်း ဆိုတဲ့ အချက် ၃ ချက် အကြောင်းကို ရှင်းလင်း သင်ပြသွားမှာ ဖြစ်ပါတယ်။'

Objectives - 'ဈေးကွက် စီးပွားရေးပညာရပ်မှာဆိုရင် (STP process) ဆိုသည်မှာ ဈေးကွက် ဧရိယာများ ပိုင်းခြားသတ်မှတ်ခြင်း၊ အသင့်လျော်ဆုံး ဈေးကွက်အစိတ်အပိုင်းကို ရွေးချယ်ခြင်း၊ ရွေးချယ်ထားသော ဈေးကွက်အစိတ်အပိုင်းအတွင်း နေရာယူခြင်း ဆိုတဲ့ အဆင့် ၃ ဆင့်နဲ့ ဖွဲ့စည်းထားသော ဈေးကွက်ဖော်ဆောင်ခြင်း၏ အဓိကအကြောင်းအရာ တစ်ရပ်ဖြစ်သည်။ ဒီ ခေါင်းစဉ်ဟာဆိုရင် ယခုခေတ်မှာ အသုံးများတဲ့ ပုံစံတစ်ခုဖြစ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ရောင်းဝယ်သူတွေ၊ အရောင်း မန်နေဂျာတိုင်း ဒီသင်ခန်းစာကို လေ့လာခြင်းဖြင့် ပိုမိုကောင်းမွန်သော အရောင်း အစီအစဉ်တွေ နဲ့ ဈေးကွက်တွင်း ဆောင်ရွက်ချက်တွေ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။'


U Kyaw Zaw Lin

Phone ♦ 09899991979

Address ♦ Mandalay, Myanmar.

ဦးကျော်ဇောလင်းသည် မန္တလေးမြို့ရှိ Apex Business School ၏ တည်ထောင်သူ၊ ကျောင်းအုပ်ဖြစ်ပြီး စီမံခန့်ခွဲမှုဘာသာရပ်များကိုသင်ကြားခြင်း အတွေ့အကြုံ ၁၀-နှစ်ကျော်ရှိသူ ဖြစ်ပါသည်။ Association of Business Executives - UK ၏ ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရဖြစ်ပြီး၊ Mandalay MBA Alumni Association ၏ EC Member ဖြစ်သည်။ လက်ရှိတွင် Apex Business School ၌လည်းကောင်း၊ အခြားပြင်ပ ကုမ္ပဏီဝန်ထမ်းများအားလည်းကောင်း စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် မိမိကိုယ်ပိုင်လုပ်ငန်းဖြစ်သော Hotel & Tourism လုပ်ငန်း ၂-ခုကိုလည်း စီမံအုပ်ချုပ်လျက်ရှိပါသည်။


Contents of Course