Category - Sales & Marketing

444
00:00:00
Distribution Contract
Description
'ဒီ သင်ခန်းစာမှာဆိုရင် နှစ်ဦးနှစ်ဖက် ချုပ်ဆိုမယ့် စာချုပ်မှာ ပါဝင်တဲ့ အဓိက အကြောင်းအရာတွေ၊ နေရာ၊ ဒေသ ပိုင်းခြားသတ်မှတ်မှု၊ အရောင်းပမာဏနှင့် အရောင်းကော်မရှင်ခံစားခွင့်များ၊ အရောင်းမြှင့်တင်မှုအစီအစဉ်များ၊ လုပ်ငန်းနှင့်ပတ်သတ်သော သင်တန်းပို့ချ မှုများ၊ စားသုံးသူများအတွက် ဝန်ဆောင်မှုပေးရသောကိစ္စများ၊ အခြား စည်းကမ်းသတ်မှတ်ချက်များ၊ စာချုပ်သက်တမ်းကာလနှင့် စာချုပ်ပျက်ပယ်ခြင်းဆိုင်ရာကိစ္စရပ်များ နှင့် အငြင်းပွားမှုများကို ဖြေရှင်းခြင်း အကြောင်းများကို ရှင်းလင်းတင်ပြထားပါတယ်။'
Objectives
'ကုန်ပစ္စည်း ဖြန့်ချီရေးစာချုပ်ဆိုသည်မှာ ပစ္စည်းရောင်းသူ နှင့် ဖြန်ချီသူအကြား ထားရှိသော ကတိစာချုပ် ဖြစ်သည်။ ထိုစာချုပ်ထဲတွင် ပစ္စည်းရောင်းချစဉ်အတွင်း ဖြန့်ချီသူဘက်က လိုက်နာရမယ့် အခြေအနေတွေနဲ့ စည်းကမ်းချက်များ ပါဝင်ပါတယ်။ ဒီလိုစာချုပ်တွေ ချုပ်ဆိုခြင်းဖြင့် နှစ်ဦးနှစ်ဘက်လုံးမှာ အငြင်းပွားစရာတွေ၊ သဘောထားကွဲလွဲချက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာကို လေ့လာခြင်းဖြင့် စီးပွားရေးလုပ်ကိုင်နေသူတိုင်း ကုန်ပစ္စည်း ဖြန့်ချီရေးစာချုပ်တစ်ခုတွင် ပါဝင်သင့်သောအချက်များကို နားလည်သဘောပေါက်ပြီး မိမိလုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်ဖို့တွက် ရည်ရွယ်ပါတယ်။'