Category - Sales & Marketing


Course Name - Business Research

Description - 'ယခုသင်ခန်းစာထဲမှာဆိုရင် စီးပွားရေးဆိုင်ရာ သုတေသနပြုလုပ်ခြင်းဆိုတာဘာလဲ၊ ဘာကြောင့်ဒီ သုတေသနတွေကို အကုန်ကျခံပြီး လုပ်ကြတာလဲ၊ လုပ်သင့်တာလဲ၊ ဘယ်သူတွေက သုတေသနတွေကို ပြုလုပ်ကြသလဲဆိုတာကို သင်ယူလေ့လာ နိုင်ပါတယ်။'

Objectives - 'စီးပွားရေးဆိုင်ရာ သုတေသနပြုလုပ်ခြင်းဆိုသည်မှာ လုပ်ငန်းတွေက ဝယ်ယူသူများနဲ့ ဈေးကွက်အကြောင်းကို လေ့လာပြီး ရရှိလာတဲ့ အချက်အလက်တွေကို သူတို့ပစ္စည်တွေ အရောင်းတက်ဖို့နဲ့ အမြတ်တိုးဖို့တွက် အကျိုးရှိရှိ ပြန်လည်အသုံးချခြင်းပဲဖြစ်ပါတယ်။ ဒါ့ပြင် ဒီသုတေသနတွေမှတဆင့် ဝယ်သူတွေရဲ့ လိုအပ်ချက်နှင့် ကိုယ့်စီးပွားပြိုင်ဘက်များ၏ အခြေအနေကိုပါ လေ့လာနိုင်ပါတယ်။'


Dr. Khin Marlar Maung

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဒေါက်တာ ခင်မာလာမောင်သည် ထိုင်းနိုင်ငံ Naresuan University မှ စီးပွားရေး စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရ တစ်ဦးဖြစ်သည်။ လူ့အစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု၊ စီးပွားရေး သုတေသန၊ အဖွဲ့အစည်းဆိုင်ရာ အပြုအမှု၊ စီးပွားရေးဆိုင်ရာ ဆက်သွယ်မှု၊ စီးပွားရေး အမူအကျင့်များ ဆိုင်ရာ ဘာသာရပ်များကို အထူးပြု လေ့လာခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာ စာတမ်းဖတ်ပွဲများတွင်လည်း ပါဝင်ခဲ့ပြီး စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ရများကိုလည်း အစဉ် မွေးထုတ်ပေးလျှက်ရှိပါသည်။ လက်ရှိတွင် မိတ္ထီလာ စီးပွားရေး တက္ကသိုလ် ဝါဏိဇ္ဇ ဗေဒ ဌာန (Department of Commerce) တွင် ကထိကအနေဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ထို့ပြင် ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိပါသည်။


Contents of Course


Duration: 00:14:46

Duration: 00:06:03

Duration: 00:26:29

Duration: 00:07:52