Category - Sales & Marketing


Course Name - Digital Marketing

Description - 'အခုသင်ခန်းစာထဲမှာဆိုရင် ဒီဂျစ်တယ် ဈေးကွက်စီးပွားရေး ပညာရပ်ရဲ့ အဓိပ္ပါယ် နှင့် အရေးပါပုံတွေအပြင် ၎င်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ၊ ကုမ္ပဏီတစ်ခုရဲ့ ဈေးကွက် နည်းဗျူဟာများ နှင့်် ကိုယ့်လုပ်ငန်းအတွက် ဒီဂျစ်တယ် ဈေးကွက်စီးပွားရေး ဖော်ဆောင်ရာမှာ အရေးပါတဲ့ အဆင့်များ အကြောင်းကို ရှင်းလင်းဖော်ပြထား ပါတယ်။'

Objectives - 'ဒီဂျစ်တယ် ဈေးကွက်စီးပွားရေး ပညာရပ်ဆိုသည်မှာ ဆိုရှယ်မီဒီယာများ၊ အီးမေးလ်များ နှင့် ဝက်ဆိုက်များကဲ့သို့ ဒီဂျစ်တယ် လမ်ကြောင်းများမှ တဆင့် လက်ရှိ ဖောက်သည်များနှင့် အလားအလာရှိသော ဝယ်သူများကို ကိုယ့်ထုတ်ကုန်နှင့် ဝန်ဆောင်မှုတွေကို ကြော်ငြာ ရောင်းချခြင်း ဖြစ်ပါတယ်။ ဒီဂျစ်တယ် ဈေးကွက်စီးပွားရေးသည် အင်တာနက်နှင့် လျှပ်စစ်ပစ္စည်း ကိရိယာများကို အသုံးပြုပြီး ဈေးကွက်တွင်း ရောင်းချမှုကို ပေါင်းစည်းထားပါတယ်။ ယနေ့ခေတ်မှာဆိုရင် လူအများစုက အင်တာနက်အသုံးပြုမှုများလာပြီး အွန်လိုင်းပေါ်မှာ ရှိလာတဲ့အတွက်ကြောင့် သူတို့ဆီကို အလျှင်အမြန်နဲ့ ချက်ချင်းရောက်နိုင်တဲ့ ဒီဂျစ်တယ် ဈေးကွက်စီးပွားရေးက အရင်က အသုံးပြုတဲ့ နည်းတွေထက် ပိုပြီး အရေးပါလာပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာက စီးပွားရေးလုပ်ကိုင်နေသူအားလုံး ဈေးကွက်ပုံစံ အပြောင်းအလဲများမှ ကိုယ့်လုပ်ငန်းအောင်မြင်ရေးတွက် ဒီဂျစ်တယ် ဈေးကွက်စီးပွားရေးကို အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


U Min Than Htut

Phone ♦ 09899991979

Address ♦ Mandalay,Myanmar

ဦးမင်းသန်းထွဋ်သည် B.Sc. Chemistry ဘွဲ့ ရရှိပြီးနောက်တွင် ခရီးသွားလာရေးစီမံခန့်ခွဲမှု (Tourism Studies and Management) နှင့် UK နိုင်ငံ ICM အသိအမှတ်ပြု Marketing Management၊ Financial Management နှင့် Digital Marketing Strategy တို့ကိုလည်း လေ့လာခဲ့ပါသည်။ ထို့ပြင် Neuro-Linguistic Programming၊ Time Line Therapy၊ NLP coaching by American Board of NLP နှင့် Alliances from North American ကဲ့သို့သော အဖွဲ့အစည်းများမှာ အသိအမှတ်ပြု Practitioner တစ်ဦး၊ Trainer တစ်ဦး လည်း ဖြစ်ပါသည်။ ဦးမင်းသန်းထွဋ်သည် Pro Niti Travel လုပ်ငန်းနှင့် Trust Tourism & Management Institute လုပ်ငန်းတို့၏ တည်ထောင်သူ Founder ဖြစ်ပါသည်။


Contents of Course

Duration: 00:01:08

Duration: 00:06:53

Duration: 00:09:49

Duration: 00:16:42

Duration: 00:04:23