Category - Business Management


Course Name - Managerial Skills

Description - 'ယခုသင်ခန်းစာမှ လုပ်ငန်းခွင်မှာ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ မန်နေဂျာကောင်း တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်း ၊ပူးပေါင်းဆောင်ရွက်နိုင်စွမ်း နဲ့ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုဆိုတဲ့ အရည်အချင်း (၃) ခု အကြောင်းကို သင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။'

Objectives - 'စီမံခန့်ခွဲမှုနယ်ပယ်မှာ လုပ်ဆောင်နေရတဲ့ မန်နေဂျာတိုင်း လိုအပ်တဲ့ အရည်အချင်း ၃-ခု ရှိပါတယ်။ ဒီအရည်အချင်း ၃-ခုကတော့ ဆင်ခြင်သုံးသပ်နိုင်စွမ်း ၊ပူးပေါင်းဆောင်ရွက်နိုင်စွမ်း နဲ့ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်မှုတို့ပဲ ဖြစ်ပါတယ်။ ဒီအရည်အချင်း ၃ ခုက သူတို့ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်တာဝန်တွေကို ဆောင်ရွက်ရာမှာ ရှိသင့်တဲ့ အသိပညာနဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အခြေအနေ အရပ်ရပ်မှာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ယခုသင်ခန်းစာက အလုပ်တာဝန်တွေကို အကျိုးသက်ရောက်မှုကောင်းအောင် ဆောင်ရွက်ရတဲ့အခါ လူတွေနဲ့ နည်းပညာတွေကို သေချာ စီမံခန့်ခွဲနိုင်ရန် အရည်အသွေးတွေ လိုအပ်တဲ့ မန်နေဂျာတွေ အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။'


Daw San San Hla

Phone ♦ 09899991979

Address ♦ Mandalay

ဆရာမကြီး ဒေါ်ဆန်းဆန်းလှသည် ၁၉၈၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ မွန်ပြည်နယ်ဒေသကောလိပ်၊ နည်းပြဆရာမမှ စ၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တက္ကသိုလ်ဆရာမအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လူရည်ချွန်၊ စံပြကြက်ခြေနီ၊ လမ်းစဉ်လူငယ်၊ အနုပညာ၊ အားကစား စသော စခန်းများတွင် စခန်းအုပ်ချုပ်သူ ကြီးကြပ်ဆရာမအဖြစ် နိုင်ငံတော်မှပေးအပ်သော တာဝန်များကို စေတနာ အပြည့်ဖြင့် တာဝန်ထမ်းဆောင်ပေးခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံ ဖူဂျစ်ဆု (Fujitsu) ကုမ္ပဏီ၏ ဖူဂျစ်ဆု ပညာသင်ဆုကို မြန်မာနိုင်ငံအတွက် ပထမဆုံးအရွေးခံရသဖြင့် အမေရိကန်နိုင်ငံ ဟာဝိုင်ရီမြို့ရှိ ဂျပန်နှင့် အမေရိကန် ပူးပေါင်းဖွင့်လှစ်ထားသော Japan American Institute of Management Science (JAIMS) ကျောင်းတော်ကြီးတွင် Intercultural Management Program (ICMP) ကို ၁၉၉၆ - ခုနှစ် စက်တင်ဘာလမှ ၁၉၉၇ - ခုနှစ် မတ်လအထိ (၇)လခန့် လေ့လာဆည်းပူးခဲ့ပြီး စာပေပထမဆု၊ စကားပြောပြိုင်ပွဲပထမဆု၊ ခေါင်းဆောင်မှုဆု များကို ရရှိခဲ့ပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ကထိက ဆရာမအနေဖြင့် (MBA, DMA) ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၁-ခုနှစ်တွင် အငြိမ်းစားယူခဲ့သော်လည်း ကုမ္ပဏီများနှင့် လုပ်ငန်းများစွာတွင် ကုမ္ပဏီများအကြံပေးနှင့်လည်းကောင်း သင်တန်းများ ဟောပြောပို့ချပေးသူ (Corporate Trainer) အနေဖြင့်လည်းကောင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ကူညီပေးရင်း ယနေ့တိုင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းမှ ပံ့ပိုးပေးလျှက်ရှိနေပါသည်။


Contents of Course

Duration: 00:00:57

Duration: 00:04:57