Subscription

Subscription

Power of Habits
5967

Power of Habits

လူတိုင်း ကိုယ့်အတွက် ကောင်းကျိုးပေးနိုင်မယ့် နိစ္စဓူ၀ အလေ့အထတစ်ရပ်ကို အချိန်တိုအတွင်း တည်ဆောက်ပြီး အသားကျနေတဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Charles Duhigg ရေးသားခဲ့တဲ့ “Power of Habit” စာအုပ်မှာ ပါတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပေါ်လာပုံနဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲနိုင်ဖို့ အကူအညီပေးနိုင်တဲ့ အချက်များကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။

Good To Great
213

Good To Great

Great လို့ပြောရလောက်အောင် စွမ်းဆောင်ရည် သိပ်ကောင်းတဲ့ company တွေက သာမာန်အဆင့်အောင်မြင်မှုရတဲ့ Good company တွေထက် သာလွန်ကောင်းမွန်နေတဲ့ အချက်တွေ ရှိပါတယ်။ စာရေးသူ Jim Collins ဟာ စွမ်းဆောင်ရည် သိပ်ကောင်းတဲ့ ကုမ္ပဏီအမြောက်အများကို နှစ်ပေါင်းများစွာ အသေးစိတ်လေ့လာခဲ့ပြီးမှ တွေ့ရှိချက်တွေကို ထပ်မံသုံးသပ်ပြီး “Good To Great” စာအုပ်ကိုရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှ တစ်ဆင့် “Good To Great” စာအုပ်မှာ ပါဝင်တဲ့ လုပ်ငန်းအတွက် အရေးပါတဲ့ အချက်များကို လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာကြီးတွေက ညွှန်းဆိုရတဲ့ စာရေးသူ Jim collin ရဲ့ “Good to Great” ဆိုတဲ့ စာအုပ်မှာပါဝင်တဲ့ တကယ်စွမ်းဆောင်မှုကောင်းတဲ့ Great ကုမ္ပဏီတွေမှာ တွေ့ရှိရတဲ့ 1. Disciplined People "စည်းစနစ်ကျနသော လူများ" 2. Disciplined Thoughts စနစ်ကျနတဲ့ အတွေးများနဲ့ မှန်ကန်တဲ့ တွေးခေါ်ပုံများ 3. Disciplined Action စည်းစနစ်ကျနတဲ့ လုပ်ဆောင်ချက်များ စတဲ့ ကိုယ့်လုပ်ငန်းကို တိုးတက်အောင်မြင်အောင်စေနိုင်တဲ့ အချက်များကို တင်ပြထားတာ ဖြစ်ပါတယ်။

Mindset
278

Mindset

ဖြန့်ကျက်တွေးခေါ်တတ်သူ (Growth Mindset) တွေက စာအုပ်ကြီးအတိုင်း တွေးခေါ်တတ်သူ (Fixed Mindset)တွေထက် လူအများနဲ့ ပေါင်းသင်းဆက်ဆံခြင်းနဲ့ ဦးဆောင်စီမံခန့်ခွဲရာမှာ ပိုမိုကောင်းမွန်အောင် လုပ်နိုင်လေ့ရှိကြပါတယ်။ ဖြန့်ကျက်တွေးခေါ်မှုတွေ ကတဆင့် လူတိုင်း အစစအရာရာ အဆင်ပြေ အောင်မြင်ပြီး ပျော်ရွင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်စေနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ ပါမောက္ခ Carol ရေးသားခဲ့တဲ့ တွေးခေါ်မှု အလေ့အထများအကြောင်း “Mindset: the new psychology of success” စာအုပ်ထဲမှ တွေးခေါ်မှု အလေ့အထအကြောင်းကို အသေးစိတ် ရှင်းလင်း ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။

Getting Things Done
171

Getting Things Done

ကိုယ်ရည်ကိုယ်သွေး တိုးတက်မှု နယ်ပယ်၏ အကောင်းဆုံးစာအုပ်တွေထဲက တစ်အုပ်အပါအဝင်ဖြစ်တဲ့ Getting Things Done စာအုပ်မှတဆင့် နေ့စဉ်စိတ်အတွေးတွေမှာ မသိစိတ်ရဲ့ အနှောင့်အယှက်တွေ ကင်းဝေးစေရုံသာမက အချိန်ကို အကျိုးရှိရှိအသုံးချပြီး တစ်ကိုယ်ရည် စွမ်းဆောင်နိုင်စွမ်းတွေ မြင့်တက်လာအောင် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့ တစ်ကိုယ်ရည်စွမ်းဆောင်နိုင်စွမ်း တိုးတက်မှုနဲ့ အချိန်ကို စီမံခန့်ခွဲမှု နည်းလမ်းတွေကို လေ့ကျင့်သင်ကြားပေးသူတစ်ဦးဖြစ်သော David Allen ရေးသားထားတဲ့ Getting Things Done စာအုပ်အကြောင်းကို ရှင်းလင်းတင်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှ ဘယ်လိုကိစ္စမျိုးမှာမဆို အပြီးသတ်လုပ်ဆောင်ရမယ့် ကိစ္စရပ်များကို ရှာဖွေသတ်မှတ်ခြင်းနဲ့ အဲ့ဒိကိစ္စရပ်တွေ ပြီးမြောက်ဖို့အတွက် လုပ်ဆောင်ချက်တွေမှာ ပေါင်းစပ်အသုံးပြုနိုင်တဲ့ လွယ်ကူရှင်းလင်းတဲ့ ဇယားတစ်ခု အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Hooked
189

Hooked

လူတိုင်းလိုလိုမှာ မသိစိတ်နဲ့ အလိုအလျောက် အကျင့်ပါပြီး လုပ်ဆောင်နေတတ်တဲ့ စွဲလမ်းမှုတွေ ရှိကြပါတယ်။ ဥပမာ- မနက်လင်းတာနဲ့ ကော်ဖီသောက်ချင်တာလိုမျိုးပေါ့။ ဒီလိုမျိုး ကိုယ့်လုပ်ငန်းက ထုတ်ကုန်တစ်ခုကို စားသုံးသူတွေ မသုံးရမနေနိုင်တဲ့ အရာတစ်ခု ဖြစ်အောင်၊ စွဲလမ်းနေအောင် ဖန်တီးထားခြင်းဖြင့် အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ စာရေးသူ Nir Eyal ရေးသားတဲ့ “Hooked” စာအုပ်ထဲမှာပါတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရည်ရွယ်ထားတဲ့ စားသုံးသူတွေကို ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်တွေမှာ စွဲလမ်းအောင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Think and Grow Rich
4172

Think and Grow Rich

ဘဝမှာ ကောင်းတာကိုပဲ တွေးတော့နေတဲ့သူတွေက အကောင်းတွေကိုသာ ကြုံတွေ့ရပြီး အဆိုးတွေကိုသာ တွေးတောတတ်သူများဟာလည်း အဆိုးနဲ့သာ တွေ့ကြုံရတာ များပါတယ်။ ဆိုလိုတာကတော့ လူတွေရဲ့တွေးခေါ်မှုတွေက သူတို့ရဲ့ ဘဝအောင်မြင်မှုအတွက် အဓိကကျတဲ့ အချက်ဖြစ်တာကြောင့် ပြင်းထန်တဲ့ စိတ်ဓါတ်၊ စည်းကမ်းနဲ့ အကောင်းမြင်စိတ်များ မွေးမြူပြီး ချမ်းသာကြွယ်ဝအောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့ နယ်ပယ်ရပ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေနဲ့ သူဌေးကြီးတွေရဲ့ ပြုမှုတတ်တဲ့ အကျင့်တွေ၊ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထတွေကို နှစ်ပေါင်း ၂၀ ကျော် စူးစမ်းလေ့လာခဲ့ပြီး ရေးသားခဲ့တဲ့ “Think and Grow Rich” ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ချမ်းသာအောင် တွေးတော ကြံစည်လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Purple Cow
132

Purple Cow

ယနေ့ခေတ် ဈေးကွက်ထဲမှာ စားသုံးသူများက ကိုယ့်အမှတ်တံဆိပ်ကို သိသာထင်ရှားပြီး အမှတ်ရနေစေဖို့အတွက် လိုအပ်တဲ့ တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ် တင်ပြထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင် မားကတ်တင်း အတွေးအမြင်စာအုပ်တွေ ရေးသားရာမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ Seth Godin ရဲ့ “Purple Cow” စာအုပ်ထဲက အရင်အချိန်က မားကတ်တင်း လုပ်ဆောင်ပုံများနဲ့ ယနေ့ခေတ် မှာ ပြောင်းလဲနေတဲ့ ပုံစံတွေကို ဥပမာများနဲ့ နားလည်မြင်သာအောင် တင်ပြပေးထားတာဖြစ်ပါတယ်။

The E-Myth Revisited
174

The E-Myth Revisited

ဒီသင်ခန်းစာလေးကတော့ နှစ်ပေါင်း (၄၀) ကျော် အသေးစားလုပ်ငန်းများ၏ အတိုင်ပင်ခံအနေနှင့် ဆောင်ရွက်ခဲ့သော Michael Gerber ရေးသားခဲ့တဲ့ “E-Myth Revisited” စာအုပ် အကြောင်းကို ဝေမျှထားတာဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး လက်ရှိအချိန်ထိ တိုးတက်အောင်မြင်အောင် မဆောင်ရွက်နိုင်သေးတဲ့သူတွေ (သို့) ပိုမို အောင်မြင်အောင်ဆောင်ရွက်လိုသူများအနေနဲ့ မျှော်မှန်းထားသော လုပ်ငန်းတစ်ခုပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ စာအုပ်ထဲက အဓိကအချက်များကို သိရှိနားလည်ပြီး လုပ်ငန်းမှာ ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင်“E-Myth Revisited” စာအုပ်ထဲမှာပါတဲ့ လုပ်ငန်းတည်ထောင်သူ ပါဝင်ဖြည့်ဆည်းပေးရမည့် အခန်းကဏ္ဍ (၃) ခု၊ ရေရှည်တည်တံ့နိုင်မည့် လုပ်ငန်းလည်ပတ်မှုစနစ် အကြောင်းနှင့် လုပ်ငန်းတည်ထောင်သူ၏ စီးပွားရေးလုပ်ငန်းအတွက် ရည်မှန်းချက်နဲ့ ဘဝရည်မှန်းချက် ကိုက်ညီမှုရှိခြင်း အကြောင်းများကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Buy.ology
137

Buy.ology

ယခု သင်ခန်းစာလေးကတော့ ကမ္ဘာကျော် Time Magazine နဲ့ Harvard Business Review စာစောင်တွေမှာ ဆောင်းပါးများရေးသားခဲ့တဲ့ စာရေးဆရာ Martin Lindstrom ရဲ့ Buy-ology စာအုပ်မှာ ပါဝင်တဲ့ ဝယ်ယူဆွဲဆောင်ခြင်းပညာ အကြောင်းကို လေ့လာသိရှိနားလည်ပြီး လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုဖော်ပြထားတဲ့ ဝယ်ယူအောင်ဆွဲဆောင်ခြင်းပညာ (Buy-ology) သင်ခန်းစာမှာဆိုရင် စားသုံးသူများရဲ့ စိတ်အာရုံထဲမှာ Brand အမှတ်တံဆိပ်တွေ အမြဲရောက်နေအောင် လုပ်ငန်းတွေ လုပ်ဆောင်ပုံအကြောင်းကို - ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို စီစဉ်တကျ ကြော်ငြာခြင်း၊ သွယ်ဝိုက်ပြီး ကြော်ငြာခြင်းနှင့် လိုဂိုများ၏ အရေးပါမှု၊ စကားလုံးများက လူတို့၏ အမူအကျင့်အပေါ် လွှမ်းမိုးနိုင်စွမ်းအား စတဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များနဲ့ တင်ပြပေးထားတာဖြစ်ပါတယ်။

Start with 'WHY'
180

Start with 'WHY'

လူအများစုက ဈေးကွက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ရွေးချယ်ရာမှာ သူတို့ဘာကြောင့် ရွေးချယ်သင့်သလဲဆိုတာကို တင်ပြပေးနိုင်တဲ့ ကုန်ပစ္စည်းတွေကို ဦးစားပေးလေ့ရှိပါတယ်။ ဒီသင်ခန်းစာလေးကတော့ နာမည်ကျော် စာရေးဆရာ Simon Sinek ရေးသားထားတဲ့ “Start with WHY” ဆိုတဲ့ စာအုပ်မှာ ပါဝင်တဲ့ လုပ်ငန်းမစတင်ခင်မှာ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ မေးခွန်းအားလုံးအတွက် အဖြေတွေရှိနေပြီး အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ထူထောင်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ နာမည်ကျော် ဟောပြောသူနဲ့ စာရေးဆရာဖြစ်တဲ့ Simon Sinek ရေးသားထားတဲ့ “Start with WHY” ဆိုတဲ့ စာအုပ်မှာ ပါဝင်တဲ့ စာသုံးသူများ ကုန်ပစ္စည်းတစ်ခုကို အခြားတစ်ခုထက် ပိုနှစ်သက်ရခြင်း အကြောင်းအရင်းများကို ရှင်းလင်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Deep Work
166

Deep Work

လူတစ်ယောက်ရဲ့ ဘဝအခြေအနေ တိုးတက်ပြောင်းလဲမှုတွေက သူနေ့စဉ်နဲ့အမျှ အလေးအနက်ထားပြီး အာရုံစိုက်လုပ်ဆောင်နေတဲ့ အရာတွေပေါ်မှာ မူတည်ပါတယ်။ အာရုံစိုက် လုပ်ဆောင်ခြင်းကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ထိုက်တန်တဲ့ ဆုလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella ရေးသားခဲ့တဲ့ “Deep Work” စာအုပ်ကို လေ့လာခြင်းဖြင့် အောင်မြင်မှုအတွက် အရေးပါတဲ့ အာရုံစိုက် လုပ်ဆောင်ခြင်း အလေ့အထကို နားလည်သိရှိပြီး စွဲမြဲနေအောင် လေ့ကျင့်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင် Satya Nadella ရေးသားခဲ့တဲ့ “Deep Work” စာအုပ်မှာ ပါဝင်တဲ့ အလုပ်လုပ်ရာမှာ အာရုံစူးစိုက် လုပ်ဆောင်ဖြင်းအကျင့်ကို မွေးမြူခြင်း၊ ပျင်းရိငြီးငွေ့ခြင်းကို လက်ခံခြင်း၊ Social Media အသုံးပြုခြင်းများကို လျော့ချခြင်း၊ ပေါ့ပေါ့တန်တန် လုပ်ဆောင်စိတ်ကို လျော့ချခြင်း စတဲ့ အချက်များကို လေ့လာနားလည်ပြီး တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်စေမှာ ဖြစ်ပါတယ်။

Enchantment
149

Enchantment

အပြိုင်အဆိုင်ပြင်းထန်တဲ့ ဒီနေ့ခေတ်ကာလမှာ သာမန်မားကတ်တင်း လုပ်ဆောင်ချက်တွေနဲ့ မလုံလောက်တော့တာမို့ ဆွဲဆောင်ညှို့ငင်နိုင်စွမ်းအားရှိဖို့က အရေးကြီးလာပါတယ်။ ဒါကို လုပ်ဆောင်နိုင်ဖို့အတွက်လည်း ဒီနေ့ခေတ်ရဲ့ နည်းပညာတိုးတက်မှုတွေကို အသုံးပြုပြီး ကိုယ့်လုပ်ငန်းရဲ့ ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်ညှို့ငင်နိုင်ဖို့အတွက် သိရှိထားသင့်တဲ့အချက်တွေကို Guy Kawasaki ရဲ့ Enchantment စာအုပ်မှ သိရှိနားလည်စေနိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

နာမည်ကျော်စာရေးစရာ တစ်ဦးဖြစ်တဲ့ Guy Kawasaki က သူ့ရဲ့ ဆယ်အုပ်မြောက်ဖြစ်တဲ့ “Enchantment” ဆိုတဲ့ စာအုပ်မှာ လုပ်ငန်းတစ်ခုအနေနဲ့ ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်ညှို့ငင်နိုင်ဖို့အတွက်- ဆွဲဆောင်ညှို့ငင်မှု အဓိပ္ပါယ်၊ ဆွဲဆောင်ညှို့ငင်နည်းများ၊ လုပ်ငန်းအတွက် တည်ဆောက်ယူနိုင်ပုံ နှင့် လုပ်ငန်းများရဲ့ လုပ်ဆောင်ချက်များမှာပါ ပေါင်းစပ် အသုံးပြုနိုင်ပုံများ အကြောင်းကို အသေးစိတ် ရေးသား တင်ပြပေးထားတာ ဖြစ်ပါတယ်။