Subscription

Subscription

Leaders Eat Last
139

Leaders Eat Last

ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အနာဂတ်တစ်ချိန်မှာ အားလုံးရဲ့ကောင်းကျိုးကို ဖြစ်စေနိုင်မယ့် ရည်မှန်းချက် ပန်းတိုင်ကို ရရှိဖို့အတွက် လှုံ့ဆော်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ အဲဒီပန်းတိုင်ဆီကို လျှောက်လှမ်းရာမှာ အခြားသူတွေကို ကောင်းကျိုးဖြစ်ထွန်းစေဖို့ ခေါင်းဆောင်က ကိုယ့်ရဲ့လိုအပ်ချက်ကို နောက်ဆုံးမှ ဖြည့်ဆည်းခြင်း အားဖြင့် အနစ်နာခံနိုင်ရပါတယ်။ Simon Sinek ရေးသားခဲ့တဲ့ Leader eats last စာအုပ်မှ ခေါင်းဆောင်မှုပညာရပ် အကြောင်းကို သိရှိနားလည်ပြီး အမြင့်မားဆုံး တိုးတက်မှုကို ရှာဖွေနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးမှာတော့ Simon Sinek ရေးသားခဲ့တဲ့ Leader eats last စာအုပ်မှ ခေါင်းဆောင်မှုဖြစ်ပေါ်လာပုံ၊ ခေါင်းဆောင်မှုအတွက် စွန့်လွှတ်အနစ်နာခံနိုင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူနိုင်မှု၊ အတူယှဉ်တွဲ တည်ရှိနေမှု၊ ယုံကြည်မှုရယူနိုင်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း စတဲ့ ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများ နဲ့ နည်းလမ်းများ အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Be a Sales Superstar
203

Be a Sales Superstar

အသက်မွေးဝမ်းကြောင်း အလုပ်နဲ့ ရာထူးအများစုက အရောင်းပိုင်းနဲ့ တစ်နည်းနည်းနဲ့ သက်ဆိုင် နေကြဖြစ်တဲ့အတွက် အရောင်းပိုင်းမှာ ကျွမ်းကျင်သူတွေဟာ အသက်မွေးဝမ်းကြောင်း အလုပ်တွေနဲ့ ဘဝ တက်လမ်းတွေမှာ ရရှိကြပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုပညာရပ်တွေနဲ့ အရောင်းကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်တွေကို ပို့ချနေသူ Brian Tracy က သူရေးသားခဲ့တဲ့ “ အရောင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်စေဖို့ ”Be a Sales Superstar ဆိုတဲ့ စာအုပ်ထဲမှာ အရောင်းနဲ့ပတ်သတ်ပြီး မိမိရဲ့စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို လေ့လာသင်ယူနိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာတော့ Brian Tracy က သူရေးသားခဲ့တဲ့ “ အရောင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်စေဖို့ ”Be a Sales Superstar ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ အရောင်းဝန်ထမ်း တစ်ဦး အနေနဲ့ လက်ရှိ ရောင်းအားထက် အဆပေါင်းများစွာ ပိုမိုမြှင့်တင်နိုင်ဖို့ ရှိသင့်ရှိထိုက်တဲ ဗဟုသုတတွေနဲ့ ဖြည့်စည်းထားရမယ့် အချက်တွေကို ရှင်းလင်းတင်ပြ ပေးထားတာ ဖြစ်ပါတယ်။

Tribes
85

Tribes

ယခုသင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့- ကမ္ဘာ့ရောင်းအကောင်းဆုံး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူ စာရေးဆရာ- ဆက်ဂိုဒင် ရဲ့Tribes စာအုပ်မှာ ဖော်ပြထားတဲ့ ခေါင်းဆောင်ဖြစ်လိုသူတွေ၊ ခေါင်းဆောင်နေရာ ရောက်နေသူတွေ နဲ့ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုကို ဖန်တီးလိုသူတွေအတွက် အထောက်အကူပြုနိုင်ရုံသာမက စည်းလုံးခြင်းရဲ့ အင်အားကို ပိုသိမြင်လာစေပြီး ရဲရင့်မှန်ကန်တဲ့ ခေါင်းဆောင်မှုကသာလျှင် ပြောင်းလဲမှုတစ်ခုကို ဖန်တီးနိုင်မယ့်အကြောင်းကို သိရှိလိုက်နာကျင့်သုံးနိုင်စေဖို့ ဖြစ်ပါတယ်။

ဒီဗီဒီယိုလေးမှာဆိုရင် ကမ္ဘာ့ရောင်းအကောင်းဆုံး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူ စာရေးဆရာ- ဆက်ဂိုဒင် ရဲ့Tribes စာအုပ်မှာ ပါဝင်တဲ့ အုပ်စုတွေရဲ့ သဘာဝနဲ့ ခေါင်းဆောင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အချက်တွေကို ဆွေးနွေးတင်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Spin Selling
106

Spin Selling

ဒါကြောင့် Neil Rackham ရေးသားထားတဲ့ SPIN ဆိုတဲ့စာအုပ်မှာ ပါဝင်တဲ့ SPIN နည်းစနစ်ကို အသုံးချခြင်းအားဖြင့် အရောင်းဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်နေသူတိုင်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်နေသူတိုင်း ကိုယ့်ရဲ့လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ဖော်ဆောင်နိုင်စေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာတော့ Neil Rackham ရဲ့ နိုင်ငံပေါင်း ၂၀ကျော်က အရောင်းဆိုင်ရာ အချက်အလက်တွေပေါ် အခြေခံပြီး အရောင်းသမားတွေနဲ့ ဝယ်သူတွေရဲ့ အပြုအမူတွေကို လေ့လာရေးသားပြုစုခဲ့တဲ့ SPIN Selling ဆိုတဲ့ စာအုပ်ထဲက ပစ္စည်းတစ်ခုကို အောင်အောင်မြင်မြင် ရောင်းချနိုင်ဖို့အတွက် အဓိကကျသော SPIN အရောင်း နည်းစနစ်အကြောင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Time Management
166

Time Management

လူတိုင်းအတွက် အဖိုးတန်ဆုံးနဲ့ အရှားပါးဆုံး အရင်းအမြစ်ကတော့ အချိန် ပဲဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်တစ်မိနစ်ချင်းစီကို အာရုံထားပြီး အပြည့်အ၀ အသုံးချခြင်းဖြင့် နယ်ပယ်ရပ်အသီးသီးမှာ အောင်မြင်ကျော်ကြားကြသူများ ဖြစ်အောင် ကြိုးစားနိုင်ကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင် New York Times ရဲ့ ရောင်းအားအကောင်းဆုံး စာရေးဆရာလည်းဖြစ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်လည်းဖြစ်တဲ့ Kevin Kruse က ဘီလျံနာ သူဌေးများ ၊ အိုလံပစ်ကစားသမားများ၊ ထူးချွန်ကျောင်းသားများ နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို မေးမြန်းသိရှိခဲ့ရတဲ့ သူတို့ရဲ့ အသုံးအဝင်ဆုံး အချိန်စီမံခန့်ခွဲမှု လျှို့ဝှက်ချက် (၁၅) ချက်အကြောင်းကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Linchpin
127

Linchpin

ဒီနေ့ခေတ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စီးပွားရေး အဖွဲ့အစည်းတွေမှာ ရပ်တည်အောင်မြင်နိုင်ဖို့ အတွက်ဆိုရင် “မရှိမဖြစ် အရေးပါသူ” ဆိုတဲ့ Linchpin တစ်ယောက်ဖြစ်နေဖို့ လိုပါတယ်။ အလုပ်တွေလုပ်ဆောင်ရာမှာ အရင်လို သမားရိုးကျ လုပ်ဆောင်တာတွေထက် တီထွင်ဖန်တီးတတ်ပြီး လူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ ချိတ်ဆက်ပေးတတ်ဖို့ လိုအပ်လာပါတယ်။ ဒီလို သမားရိုးကျအတိုင်း ပုံမှန်လည်ပတ် လုပ်ဆောင်နေလိုစိတ်တွေကို ကျော်လွှားပြီး ကိုယ့်ရဲ့ ပင်ကိုယ် ဖန်တီးနိုင်စွမ်းတွေကို အသုံးချနိုင်ဖို့ တိုက်တွန်းထားတဲ့ စာရေးဆရာ Seth Godin ရဲ့ Linchpin စာအုပ်ကို လေ့လာပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ထူးထူးခြားခြားအောင်မြင်သူများ ဖြစ်နိုင်ကြစေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင်- နာမည်ကျော်တဲ့ စာရေးဆရာ Seth Godin က ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေကို ရိုးရိုးရှင်းရှင်း ရေးသားဖော်ပြထားတဲ့ “Linchpin” စာအုပ်မှာပါဝင်တဲ့ ယနေ့ခေတ်အချိန်မှာ လိုအပ်နေတဲ့လူတွေရဲ့ အရည်အချင်းတွေ၊ ခံယူချက် သဘောထားတွေကို ထင်ဟပ်ပေါ်လွင်အောင် ဆွေးနွေး ဖော်ပြထားတာဖြစ်ပါတယ်။

Awaken the Giant Within
320

Awaken the Giant Within

ကျွန်တော်တို့လူသားတွေရဲ့ ဆုံးဖြတ်ချက် မှန်သမျှဟာ လက်ရှိဘဝနဲ့ အနာဂတ်ကာလကို အမြဲလိုလို အဆုံးအဖြတ်ပေးနေကြပါတယ်။ ဘဝမှာ တိုးတက်ပြောင်းလဲမှုတွေ ရရှိနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ အားငယ်စိတ်တွေ၊ အားလျော့စိတ်တွေ စတဲ့ အဖျက်သဘောဆန်တဲ့ အတွေးတွေကိုတွေကို အရင်တိုက်ထုတ်ရပါမယ်။ ဒီသင်ခန်းစာကတော့ ကိုယ်လိုချင်တဲ့ အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်ဖို့အတွက် Tony Robbin ရဲ့ “Awaken the Giant Within” စာအုပ်ပါဖော်ပြချက်တွေကို လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် စွမ်းဆောင်နိုင်စွမ်းတွေကို လှုံ့ဆော်ပေးပြီး ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို ရရှိနိုင်စေရန် ရည်ရွယ်တင်ပြပေးထားတာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာဆိုရင် ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာရေးဆရာ ဖြစ်ရုံသာမက စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ နည်းပြဆရာတစ်ဦးလည်း ဖြစ်တဲ့ တိုနီရော်ဘင်က သူ့ရဲ့ နာမည်ကျော် “Awaken the Giant Within” စာအုပ်မှာ ရေးသားထားတဲ့ ကိုယ့်ရဲ့ဘဝမှာ တိုးတက်ပြောင်းလဲမှုတွေကို ဖန်တီးလိုသူတိုင်းအတွက် လက်တွေ့လုပ်ဆောင်နိုင်သော အချက်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Influence - The Psychology of Persuasion
243

Influence - The Psychology of Persuasion

လုပ်ငန်းတစ်ခု လုပ်ဆောင်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးတွေအပြင် ကိုယ့်ရဲ့ စားသုံးသူတွေ၊ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စည်းရုံးနိုင်မှုကလည်း အရေးကြီးပါတယ်။ လူတွေရဲ့ တုံ့ပြန်မှုဟာ စိတ်ပညာသဘောတရားနဲ့ သက်ဆိုင်တဲ့အတွက်၊ လူ့စိတ်ကို လွှမ်းမိုးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေကို နားလည်ထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အကိုင်ကိုသာမကပဲ၊ ဘဝ ရည်မှန်းချက်တွေမှာပါ အောင်မြင်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာလေးက အမေရိကန်နိုင်ငံက နာမည်ကျော် တက္ကသိုလ်ပေါင်းများစွာမှာ စိတ်ပညာကို အထူးပြုသင်ကြားပေးနေတဲ့ ပါမောက္ခတစ်ဦးဖြစ်သူ Robert Cialdini ရေးသားခဲ့တဲ့ "Influence: The Psychology of Persuasion" လို့နာမည်ပေးထားတဲ့ “ဆွဲဆောင်စည်းရုံးမှု စိတ်ပညာ” ဆိုတဲ့ စာအုပ်မှာ ပါဝင်တဲ့ အခြေခံ နိယာမများကို ကိုယ့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ မှန်မှန်ကန်ကန်အသုံးပြုပြီး အခြားလူတွေနဲ့ ပြောဆိုဆက်ဆံမှုတွေ၊ စည်းရုံးမှုတွေကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်မျှဝေထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင် - ပါမောက္ခ Robert Cialdini ရဲ့ "Influence: The Psychology of Persuasion" စာအုပ်မှာ ဖော်ပြထားတဲ့ ကိုယ်တောင်းဆိုလိုက်တဲ့ အရာတွေကို အခြားလူတွေက လက်ခံဖို့အတွက် စည်းရုံးနိုင်မှုကို သက်ရောက်စေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံဥပဒေသ ၆ ချက်အကြောင်းကို လေ့လာ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။

Service Failure
181

Service Failure

ဒီနေ့ခေတ် ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ စီးပွားရေးနယ်ပယ်ဟာ သိပ်ကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိဖောက်သည်တွေနဲ့ စားသုံးသူအသစ်တွေကို ကျေနပ်အောင်လုပ်ဆောင်ဖို့က ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို တသမတ်တည်းပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုနဲ့ပတ်သက်နေတဲ့ လုပ်ငန်းတိုင်းရဲ့ ဝန်ထမ်းဖြစ်စေ အလုပ်ရှင်ဖြစ်စေ ကိုယ့်ရဲ့ ဖောက်သည်တွေ ကျေနပ်အောင် ဆောင်ရွက်သင့်တဲ့ အချက်တွေကို နားလည်သဘောပေါက်လက်တွေ့ကျင့်သုံးခြင်းဖြင့် လုပ်ငန်းအတွက် အောင်မြင်မှုတွေကို ရရှိနိုင်အောင် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာဆိုရင် ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသူ၊ အတိုင်ပင်ခံနဲ့ စာရေးသူတစ်ဦးဖြစ်တဲ့ Jeff Toister ရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ Service Failure မှာပါဝင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့ ဖောက်သည်တွေ ကျေနပ်အောင် ဆောင်ရွက်သင့်တဲ့ အချက် (၁၁) ချက်ကို အခုလို ဖော်ပြထားပါတယ်။

Perennial Seller
121

Perennial Seller

ထုတ်ကုန်ပစ္စည်းတစ်ခုကို ဆယ်စုနှစ်တစ်ခုလောက်ထိ သက်တမ်းရှည်ကြာအောင်ဖန်တီးနိုင်ဖို့ ခက်ခဲပါတယ်။ ဒီလို အမြဲရှင်သန်နေမယ့် ရောင်းကုန်တစ်ခုဆိုတာ အချိန်ရဲ့ပြောင်းလဲမှုဒဏ်ကိုခံနိုင်မယ့် ပစ္စည်းတစ်ခုကိုဖန်တီးဖို့ ကြိုးစားအားထုတ်ခြင်းကနေ မွေးဖွားလာတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာလေးကတော့ Perennial Seller စာအုပ်မှာဖော်ပြထားတဲ့ အောင်မြင်မှုရဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို သိရှိနားလည်ပြီး ရေရည်တည်မြဲတဲ့ ထုတ်ကုန်တွေကို ဖန်တီးနိုင်ပြီး ရေရှည်အောင်မြင်မှုတွေရရှိနိုင်ဖို့ ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာလေးမှာဆိုရင် ထုတ်ကုန်တွေကိုဖန်တီးနေတဲ့ လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေသာမက မားကတ်တင်းဘာသာရပ်ကိုစိတ်ဝင်စားသူတိုင်း ဖတ်ရှုသင့်တဲ့ ကမ္ဘာကျော်စာရေးဆရာ Ryan Holiday ရေးသားထားတဲ့ Perennial seller ဆိုတဲ့ စာအုပ်အကြောင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာဖော်ပြထားတဲ့ အပိုင်း (၄)ပိုင်းကတော့- ဖန်တီးမှုအဆင့်၊ အပြီးသတ်ဆောင်ရွက်ခြင်းနဲ့ ဈေးကွက်တင်ပို့ခြင်းအတွက်ပြင်ဆင်တဲ့အပိုင်း၊ ဈေးကွက်ဖော်ဆောင်တဲ့အပိုင်း နဲ့ နောက်ဆုံးဖြစ်တဲ့ ကိုယ့်ဖောက်သည်တွေနဲ့ အမြဲထိတွေ့ရင်းနှီးမှုရှိနေဖို့ လုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Building a Story Brand
153

Building a Story Brand

လူတွေဟာရှေးခေတ်အချိန်ကနေစပြီး ဒီနေ့နည်းပညာခေတ်အထိအောင် ဆွဲဆောင်မှုရှိတဲ့ပုံပြင်တွေ၊ ဇာတ်လမ်းတွေကို နှစ်သက်ကြပါတယ်။ ဒီလို ဇာတ်လမ်းတစ်ခုရဲ့ သက်ရောက်မှုကို ကုန်ပစ္စည်းတွေကို ရောင်းချတဲ့နေရာမှာလည်း အသုံးချနိုင်ပါတယ်။ ယခုသင်ခန်းစာလေးကတော့ Donald Miller ရေးသားထားတဲ့ Building a StoryBrand စာအုပ်ထဲမှာပါဝင်တဲ့ အချက်များကို သိနားလည်ခြင်းဖြင့် ကိုယ့်လုပ်ငန်းရဲ့ Brand အမှတ်တံဆိပ်ကို ဇာတ်လမ်းလေးတစ်ခုလိုဖန်တီးပြီး စားသုံးသူတွေကို ဆွဲဆောင်စည်းရုံးနိုင်ဖို့အတွက် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးမှာဆိုရင် Brand အမှတ်တံဆိပ်တွေဖန်တီးမှုအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီးတော့၊ နာမည်ကျော် စာရေးဆရာတစ်ယောက်လဲဖြစ်သူ Donald Miller ရေးသားထားတဲ့ Building a StoryBrand ဆိုတဲ့ စာအုပ်မှာပါဝင်တဲ့- ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို မှတ်မိလွယ်တဲ့ တေးသွားလေးလို ဇာတ်လမ်းတစ်ခုအဖြစ် ဖန်တီးရာမှာ အရေးပါတဲ့ Brand Script(ဇာတ်လမ်းတစ်ခုဖန်တီးခြင်း)ရဲ့ အခြေခံအချက် (၇) ချက်ကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Think Big
226

Think Big

ဒီနေ့ခေတ်ကာလဟာ အစဉ်အမြဲ ပြောင်းလဲတိုးတက်နေပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ဆင်ခြင်ပြီး အကောင်အထည်ဖော်နိုင်မှသာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ယခုသင်ခန်းစာလေးရဲ့ ရည်ရွယ်ချက်ကတော့- “Think Big” စာအုပ်မှာ ပါဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ရုံတင်သာမကပဲ အမေရိကန်သမ္မတကြီးတစ်ယောက် ဖြစ်လာခဲ့တဲ့အထိ အောင်မြင်နေသူ ဒေါ်နယ်ထရမ့် ပြောကြားထားတဲ့ အကြံပေးချက်တွေကို မှတ်သားပြီး ကိုယ်ပိုင်တိုးတက်မှုရအောင် ဆောင်ရွက်နိုင်စေဖို့ ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာတော့- ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးလည်းဖြစ်၊ အမေရိကန်နိုင်ငံရဲ့ (၄၅) ဦးမြောက် သမ္မတကြီးလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပ်နဲ့အတူ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Bill Zanker တို့အတူ ရေးသားထုတ်ဝေခဲ့တဲ့ “Think Big” ဆိုတဲ့စာအုပ်မှာ ရေးသားဖော်ပြထားတဲ့ အကြံပေးချက်တွေ၊ မှတ်သားလိုက်နာသင့်တဲ့အကြောင်းကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။