Subscription

Subscription

Marketing 4.0
398

Marketing 4.0

ယခုသင်ခန်းစာလေးကတော့ ကမ္ဘာကျော် Marketing စာအုပ်အများအပြားကို ရေးသားပြုစုခဲ့တဲ့ ပါမောက္ခ ဖိလစ်ကော်တလာရဲ့ Marketing 4.0 စာအုပ်အကြောင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် နည်းပညာအသစ်တွေကို အသုံးပြုပြီး Marketing လုပ်ဆောင်ချက်တွေ ပိုကောင်းအောင် လုပ်ဆောင်ဖို့ သိသင့်တဲ့အချက်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ Marketing ဆောင်ရွက်ရာမှာ အရင်တုန်းကလို သမားရိုးကျမဟုတ်ဘဲ ထိထိရောက်ရောက် ပိုမိုလုပ်ဆောင်လာနိုင်စေဖို့ ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာဆိုရင် ပါမောက္ခ ဖိလစ်ကော်တလာ ရေးသားထားတဲ့ Marketing 4.0 စာအုပ်မှာပါဝင်တဲ့ Marketing အတွက်အရေးပါတဲ့အချက်များကို အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့- Digital Influencers & 4Cs Using Content Marketing Multichannel Marketing - Omnichannel Marketing New Buyer's Journey 5As Door Knob - high commitment with low curiosity Human-Centric Marketing for Brand Attraction Brand Affinity - Engagement marketing for Brand Affinity The WOW moment

The First 90 Days
243

The First 90 Days

လုပ်ငန်းအသစ်တစ်ခုကို စတင်တည်ထောင်ရာမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခုကို ပြုပြင်ပြောင်းလဲချိန်မှာပဲဖြစ်ဖြစ်၊ အုပ်စုအဖွဲ့တစ်ခုနဲ့ တွဲဖက်ပြီး စတင်အလုပ်လုပ်ချိန်မှာပဲဖြစ်ဖြစ်၊ မန်နေဂျာတစ်ယောက် (သို့မဟုတ်) ခေါင်းဆောင် တစ်ယောက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေဟာ သူတို့ရဲ့ အလုပ်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး ရက် (၉၀) အတွင်းမှာ ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပထမရက် (၉၀) “ The First 90 Days” ဆိုတဲ့ စာအုပ်ကို ကြည့်ရှုလေ့လာပြီး ဦးဆောင်သူတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍသစ်တွေမှာ အောင်အောင်မြင်မြင်လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ပြီး ယခုသင်ခန်းစာလေးကို တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးမှာတော့- ဟားဗတ်တက္ကသိုလ်ရဲ့ ပါမောက္ခဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ မိုက်ကယ် ဝတ်ခင်စ်ရဲ့ “The First 90 Days” ပထမဆုံး ရက် (၉၀) ဆိုတဲ့စာအုပ်မှာ ရေးသားထားတဲ့ ဦးဆောင်သူအသစ်တွေအနေနဲ့ အစောပိုင်းမှာ အောင်မြင်နိုင်ဖို့နဲ့ အောင်မြင်မှုကို ရေရှည် ထိန်းသိမ်းထားနိုင်မယ့် အသေးစိတ်အချက်အလက်များကို အဓိက အချက် (၅) ချက်ခွဲပြီး ရှင်းလင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Ten Deadly Marketing Sins
271

Ten Deadly Marketing Sins

ယနေ့ခေတ်မှာ လုပ်ငန်းအများစုက မားကက်တင်းသဘောတရားတွေကို လက်ခံကျင့်သုံးနေကြပေမယ့် အားနည်းချက်တွေအများကြီး ရှိနေကြပါတယ်လို့ Kotler က ဆိုပါတယ်။ ဒီလိုလုပ်ဆောင်သင့်တဲ့ အရာတွေမှာ အားနည်းနေကြတဲ့အတွက် မားကတ်တင်းဆိုင်ရာ အဓိကအမှားအယွင်း ၁၀-ခုကို ကျုးလွန်မိကြတယ်။ ယခုသင်ခန်းစာလေးကတော့ Philip Kotler ရေးသားဖော်ပြထားတဲ့ "မားကတ်တင်းအမှား (၁၀) ခု"ကို လေ့လာသိရှိပြီး အပြိုင်အဆိုင်များတဲ့ ဈေးကွက်တွေမှာပြိုင်ဆိုင်နိုင်စွမ်းရှိဖို့နဲ့ လုပ်ငန်းရဲ့ရည်ရွယ်ချက်တွေကိုရရှိနိုင်ဖို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့မားကက်တင်းနယ်ပယ်မှာ ဦးဆောင်သူတစ်ဦးအနေနဲ့ထင်ရှားတဲ့ Philip Kotler ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ “10 Deadly Marketing Sins” မှာရေးသားဖော်ပြထားတဲ့ "မားကတ်တင်းအမှား (၁၀) ခု" နဲ့ အဲဒါတွေကိုပြုပြင်နိုင်မယ့် အကြံပြုချက်တွေကို ရှင်းလင်းတင်ပြပေးထားတာ ဖြစ်ပါတယ်။

How to Win Friends and Influence People
382

How to Win Friends and Influence People

လူတိုင်းလူတိုင်းသည် မိမိပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်း၊ လုပ်ငန်းခွင်အသီးသီးတွင် လိုက်လျောညီထွေနေထိုင်တတ်ရန် လူအများနဲ့ပေါင်းသင်းဆက်ဆံရေးအတွက် လိုအပ်တဲ့နည်းလမ်းတွေ၊ လူအများ ကိုယ့်ကို သဘောကျလာစေမယ့် နည်းလမ်းတွေ၊ လူတွေက ကိုယ့်အမြင်ကို လက်ခံလာအောင် ဆွဲဆောင်စည်းရုံးနိုင်တဲ့ နည်းလမ်းတွေ၊ လူတွေကို ဦးဆောင်မှုပြုခြင်းနဲ့ လိုအပ်သလိုစည်းရုံး ခြင်းအတွက်နည်းလမ်းတွေ စတဲ့အခြေခံနည်း လမ်းများကို သိထားရန်လိုအပ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ကမ္ဘာ့အထင်ရှားဆုံး အောင်မြင်တိုးတက်ရေးစာအုပ်တွေထဲမှာ ထိပ်ဆုံးကပါဝင်တဲ့ စာရေးဆရာ ဒေးလ်ကာနယ်ဂျီရဲ့ “ How to win friends and influence people” ဆိုတဲ့စာအုပ်မှ မိမိကိုယ်ကိုတိုးတက်အောင် ဆောင်ရွက်လိုသူတိုင်းအတွက် အရေးပါတဲ့လုပ်ဆောင်ချက်တွေကိုသိရှိစေရန် ရည်ရွယ်၍တင်ပြထားခြင်းဖြစ်ပါတယ်။

ယခုသင်ခန်းစာလေးမှာ- ဒေးလ်ကာနေဂျီ ရေးသားခဲ့တဲ့ “How to win friends and influence people” ဆိုတဲ့ နာမည်ကြီးစာအုပ်မှာပါဝင်တဲ့ လူများနှင့် ပေါင်းသင်းဆက်ဆံရေးအတွက် လိုအပ်သော အခြေခံ နည်းလမ်း (၃) ခု၊ လူအများ ကိုယ့်ကို သဘောကျလာစေမည့် နည်းလမ်း (၆) ခု၊ လူတွေက ကိုယ့်အမြင်ကို လက်ခံလာအောင် ဆွဲဆောင်စည်းရုံးနိုင်တဲ့ နည်းလမ်း (၁၂) ခုနဲ့ လူတွေကိုဦးဆောင်မှုပြုခြင်းနဲ့ လိုအပ်သလိုစည်းရုံးခြင်းအတွက် နည်းလမ်း (၉) ခု တို့ကို ရှင်းလင်းတင်ပြပေးထားတာ ဖြစ်ပါတယ်။

The Lean Startup
233

The Lean Startup

လုပ်ငန်းသစ်တွေက စားသုံးသူတွေကြိုက်မယ်လို့ထင်ပြီး ထုတ်လုပ်လိုက်တာတွေနဲ့ စားသုံးသူတွေတကယ်ကြိုက်နှစ်သက်လို့ ဝယ်ယူသုံးစွဲတာတွေ ထပ်တူကျဖို့ တော်တော်ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာလေးမှာ စာရေးသူ Eric Ries ရေးသားထားတဲ့ “The Lean Startup” ဆိုတဲ့စာအုပ်မှာ စွန့်ဦးတီထွင်သူတွေအနေနဲ့ လုပ်ငန်းသစ်တွေကို စတင်တည်ထောင်တဲ့အချိန်ကာလမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို အကြံပြုတင်ပြ ထားတာဖြစ်ပါတယ်။

စာရေးသူ Eric Ries ရေးသားထားတဲ့ The Lean Startup ဆိုတဲ့ စာအုပ်ဟာ စွန့်ဦးတီထွင်သူတွေအနေနဲ့ လုပ်ငန်းသစ်တွေကို စတင်တည်ထောင်တဲ့ကာလမှာ လုပ်ဆောင်သင့်တဲ့အချက်တွေကို အကြံပြုတင်ပြထားတာဖြစ်ပါတယ်။

Zero to One
511

Zero to One

ယနေ့ခေတ်ကလာမှာ လူတိုင်းအတွက် လုပ်ငန်းသစ်တစ်ခုကို တည်ထောင်ဖို့အတွက် အခွင့်အရေးရှိနေပြီဆိုပေမယ့် သမားရိုးကျစဉ်းစားတွေခေါ်ပုံတွေကတော့ အလုပ်မဖြစ်တော့ပါဘူး။ အနာဂတ်အချိန်မှာ အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ဖို့အတွက်က လက်ရှိအခြေအနေတွေကို ကွဲပြားတဲ့အမြင်နဲ့ သုံးသပ်နိုင်ဖို့လိုပါတယ်။ ဒီသင်ခန်းစာမှာတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဒီဂျီတယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ PayPal ကိုပူးတွဲတည်ထောင်ခဲ့သူ Peter Thiel ရေးသားခဲ့တဲ့ Zero to One စာအုပ်မှ နည်းပညာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုစတင်တဲ့ပုံစံနှင့် ဒီနေ့ခေတ်မှာစီးပွားရေးလုပ်ငန်းသစ်တွေတည်ထောင်လိုတဲ့ မည်သူမဆိုလေ့လာသိရှိထားရမယ့်အကြောင်းအရာတွေကို ရည်ရွယ်ပါတယ်။

စာရေးဆရာ Peter Thiel ရေးသားခဲ့တဲ့ Zero to One စာအုပ်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လိုသူတိုင်းအတွက် နည်းပညာနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုစတင်တဲ့ပုံစံကို အဓိကဖော်ပြတာဖြစ်ပေမယ့်၊ ဒီနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းသစ်တွေတည်ထောင်လိုတဲ့ ဘယ်သူမဆို လေ့လာသိရှိထားရမယ့် အကြောင်းအရာတွေကိုပါ ဖော်ပြထားပါတယ်။

The One Thing
264

The One Thing

“တစ်ခုတည်းသောအရာ” ဆိုတာက နာမည်အတိုင်းပဲ ကိုယ့်ဘဝအတွက် ဘယ်အရာက အရေးအပါဆုံးလဲဆိုတာကို သိရှိအောင်လုပ်ဆောင်ပြီးတော့ ကျန်တာတွေကို လျစ်လျူရှုထားဖို့ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးကတော့ အမေရိကန်မှာ အကြီးဆုံးအိမ်ခြံမြေရောင်းဝယ်ငှားရမ်းမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Keller Williams ကိုတည်ထောင်ခဲ့သူ Gary Keller နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Jay Papasan တို့အတူရေးသားထားတဲ့ “The One Thing” ဆိုတဲ့စာအုပ်မှာ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းနှင့် ပင်ကိုယ်စွမ်း ရည်တို့ကိုတိုးတက်လိုသူများအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းကောင်းများကို သိရှိ စေရန်ဖြစ်ပါတယ်။

"The One Thing - တစ်ခုတည်းသောအရာ" ဆိုတဲ့ ဒီစာအုပ်ဟာ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းအားနဲ့ ပင်ကိုယ်စွမ်းရည်တို့ကို တိုးတက်လိုတဲ့သူတိုင်း ဖတ်ရှုထားသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

Built to Last
198

Built to Last

Visionary Companies ဆိုတဲ့ စံနမူနာပြုရလောက်တဲ့ ကုမ္ပဏီတွေမှာ ရေရှည်အောင် မြင်မှုကိုဖြစ်စေတဲ့ အဓိကအချက်ကတော့ တန်ဖိုးထားယုံကြည်မှုတွေကို အခြေခံဖွဲ့စည်း ထားတဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ထားနိုင်ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ထူးခြားအောင်မြင်တဲ့လုပ်ငန်းတွေအကြောင်းကို ဖော်ပြထားတဲ့ Good to Great ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူ Jim Collins ဟာ Standford တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Jerry Porras နဲ့အတူ Build to Last ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီသင်ခန်းစာမှာတော့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ လုပ်ငန်းတွေကို လေ့လာခဲ့ပြီးတော့ ဘာကြောင့်သူတို့ဒီလို အောင်မြင်နေရသလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ပြထားပါတယ်။

Jim Collins နဲ့ Jerry Porras တို့ ရေးသားခဲ့တဲ့ "Built to Last" ဆိုတဲ့ ဒီစာအုပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့လုပ်ငန်းတွေကို ၆- နှစ်ကျော် လေ့လာခဲ့ပြီးတော့ ဘာကြောင့်သူတို့ဒီလိုအောင်မြင်နေရသလဲဆိုတဲ့ အကြောင်းရင်းခံတွေကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

This is Marketing
190

This is Marketing

ဟိုအရင်တုန်းကတော့ မာကတ်တင်းလုပ်ဆောင်ချက်တွေဆိုရင် ငွေများများသုံးပြီး ကြော်ငြာခြင်းကိုအဓိကလုပ်ဆောင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်အချိန်မှာတော့ သမားရိုးကျ မာကတ်တင်းလုပ်ဆောင်ချက်တွေက ထိရောက်မှုမရှိတော့ပါဘူး။ တိုးတက်လာတဲ့ နည်းပညာတွေ၊ ပြောင်းလဲလာတဲ့ လူတွေရဲ့အမူအကျင့်တွေနဲ့ ကိုက်ညီအောင်စဉ်းစားပြီးတော့ စနစ်တကျလုပ်ဆောင်မှသာ ကောင်းမွန်တဲ့ရလဒ် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာ တော့ကမ္ဘာကျော် မာကတ်တင်းစာအုပ်အများအပြားကို ရေးသားခဲ့ပြီး ထူးခြားဆန်းသစ်တဲ့မားကတ်တင်း အတွေးအမြင်တွေကို ဟောပြောလေ့ရှိသူ Seth Godin ရဲ့ This is Marketing ဆိုတဲ့စာအုပ်က ဘယ်လိုလုပ်ငန်းမျိုးမှာမဆို လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့ မားကတ်တင်းအယူအဆတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

"This is Marketing" ဆိုတဲ့ ဒီစာအုပ်မှာ သမားရိုးကျလုပ်ဆောင်ပုံတွေနဲ့ မလုံလောက်တော့တဲ့အတွက်၊ ထိရောက်တဲ့မားကက်တင်းလုပ်ဆောင်ချက်တွေကို ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့အကြောင်းအရာတွေ" နဲ့ "ဘယ်လုပ်ငန်းမျိုးမှာမဆို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ မားကက်တင်းအယူအဆတွေကို တဆင့်ချင်းလုပ်ဆောင်ရမယ့် အဓိကအချက် (၅) ချက်" တို့ကို ရေးသားဖော်ပြထားပါတယ်။

No Excuses
221

No Excuses

လူတိုင်း မိမိရဲ့ဘဝမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်လိုကြပေမယ့် အားကျစရာကောင်းတဲ့ ထူးထူးခြားခြားအောင်မြင်မှုတွေကိုတော့ လူအနည်းစုကသာ ရရှိကြပါတယ်။ တကယ် တော့မအောင်မြင်ရခြင်းရဲ့ အဓိကအကြောင်းရင်းက မိမိကိုယ်တိုင်ဆင်ခြင်တွေအမျိုးမျိုးနဲ့ မိမိရဲ့တက်လမ်းကို ပိတ်ဆို့ထားတာကြောင့် ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ခေါင်း ဆောင်မှုနဲ့ အောင်မြင်တိုးတက်မှုတွေကို ဟောပြောပို့ချနေသူ ဘရိုင်ယန်ထရေစီရဲ့ “ No Excuses” ဆိုတဲ့စာအုပ်က ဘဝတိုးတက်ရေးအတွက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းကိုင် တွယ်ရမယ့်နည်းလမ်းတွေကို သိရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

လူတိုင်း ကိုယ့်ရဲ့ဘဝမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်လိုကြပေမယ့်၊ အားကျစရာကောင်းတဲ့ ထူးထူးခြားခြားအောင်မြင်မှုတွေကိုတော့ လူအနည်းစုကသာ ရရှိကြပါတယ်။ ဘာကြောင့် မအောင်မြင်ရတာလဲဆိုတော့ "မိမိကိုယ်တိုင် ဆင်ခြေတွေအမျိုးမျိုးနဲ့ ကိုယ့်ရဲ့တက်လမ်းကို ပိတ်ဆို့ထားတာကြောင့်ဖြစ်တယ်" လို့ ခေါင်းဆောင်မှုနဲ့ အောင်မြင်တိုးတက်မှုတွေကို ဟောပြောပို့ချနေသူ Brian Tracy က "No Excuses" ဆိုတဲ့ ဒီစာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

The Kaizen Way
348

The Kaizen Way

Kaizen ဆိုတဲ့စကားလုံးဟာ ဂျပန်အသံထွက်ဖြစ်ပေမယ့် ဒီစကားလုံးရဲ့အယူအဆကို စတင်ဖော်ပြခဲ့သူကတော့ အမေရိကန်ပညာရှင် ပါမောက္ခ Edward Deming ဖြစ်ပါ တယ်။ Kai ဆိုတာက “ပြောင်းလဲခြင်း” လို့ အဓိပ္ပာယ်ရပြီး Zen ဆိုတာကတော့ “ပိုမိုကောင်းမွန်မှု” လို့အဓိပ္ပာယ်ရပါတယ်။ ဒီသင်ခန်းစာလေးကတော့ ဝါရှင်တန် တက္ကသိုလ်က စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အတိုင်ပင်ခံတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ Robert Maurer ရဲ့ “Kaizen Way” ဆိုတဲ့ စာအုပ်ထဲက ပြောင်းလဲတိုးတက်မှုတွေမှာ အဓိကကျတဲ့ သဘောတရားတစ်ခုကို လူတစ်ဦး စီရဲ့ ဘဝတိုးတက်မှုအတွက် အသုံးပြုနိုင်ရန်ရည်ရွယ်ပြီး တင်ပြထားခြင်းဖြစ်ပါတယ်။

Kaizen ဆိုတာက ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုတွေအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီအယူအဆကို စက်မှုလုပ်ငန်းတွေရဲ့ အရည်အသွေးမြှင့်တင်မှုအပိုင်းတွေမှာ အဓိကအသုံးပြုတာဖြစ်ပေမယ့် လူတစ်ယောက်ရဲ့ ဘဝတိုးတက်မှုအတွက်လည်း အသုံးပြုနိုင်ပါတယ်လို့ စာရေးသူကဆိုပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာလေးမှာ မိမိရဲ့အမူအကျင့်တွေကို ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ့် အချက် (၆) ချက်ကို အဓိကဖော်ပြထားပါတယ်။

Atomic Habits
190

Atomic Habits

အောင်မြင်ချင်တဲ့သူတွေဟာ ကိုယ်လိုချင်တဲ့ရလဒ်တွေအတွက် အလေ့အကျင့်ကောင်း လေးတွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်တွေဆိုတာက အချိန် ကြာလာတာနဲ့အမျှ စွဲမြဲလာတာမလို့ ကာလတိုအတွင်းမှာ မသိသာပေမယ့် အချိန်တစ်ခု ရောက်တဲ့အခါမှာတော့ သိသာတဲ့ရလဒ်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ယခုသင်ခန်း စာလေးကတော့ နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ James Clear ရဲ့ Atomic Habit ဆိုတဲ့စာအုပ်လေးကို လေ့လာပြီး လူတွေမှာ စွဲမြဲဖြစ်ပေါ်တတ်တဲ့ အလေ့ အကျင့်ကိုအခြေခံပြီးတော့ မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ နည်းလမ်း ကောင်းတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးမှာတော့ စာရေးသူ James Clear ရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ မှားယွင်းခဲ့ဲ့တဲ့ အမှားတွေကို သုံးသပ်ချက်တွေနဲ့ လူတွေရဲ့ တွေးခေါ် စဉ်းစားပုံ၊ အလေ့အကျင့်ဖြစ်ပေါ်ပုံတွေ၊ ပြီးတော့ ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုကို စွဲမြဲလာအောင် လုပ်ဆောင်ရာမှာ လက်တွေ့လေ့လာရမယ့် အဓိကအချက် (၄) ချက်ကို ရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်။