ဇာတ်လမ်းပုံပြင်တွေကို ထုတ်ကုန်ပစ္စည်းတွေနဲ့ ကိုက်ညီအောင် ဖန်တီးဖော်ပြတာက ဖောက်သည်တွေကို ရည်ရှည်ထိန်းသိမ်းထားနိုင်ပြီးတော့ အကျိုးအမြတ်လဲ ပိုကောင်းမွန် တယ်ဆိုတာကို လုပ်ငန်းတွေက လက်ခံထားကြပါတယ်။ ဒီသင်ခန်းစာမှာတော့ ထူးခြားတဲ့မားကက်တင်းအတွေးအမြင်တွေကို ရေးသားဖော်ပြလေ့ရှိတဲ့ စာရေးဆရာ Seth Godin က ဇာတ်လမ်းကောင်းတွေကို ဖန်တီးနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဘယ်လိုအချက်တွေကို လုပ်ဆောင်ရမလဲဆိုတဲ့ အကြောင်းအရာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းများတွင်လည်း မိမိတို့အသိပေးချင်တဲ့ ထုတ်ကုန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ကြော်ငြာသတင်းစကားတွေကို စားသုံးသူတွေဆီကို ရောက်ရှိဖို့အ တွက်ငွေအမြောက်အများ သုံးစွဲပေမယ့်၊ အချို့အကြောင်း အရာတွေကိုပဲ စားသုံးသူတွေ ကမှတ်မိကြပါတယ်။ ဒါကြောင့် လူတစ်ယောက်ပြောဆိုလိုက်တဲ့ အကြောင်းအရာတွေ ဟာအခြားလူတွေရဲ့ စိတ်အာရုံ ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေစေဖို့အတွက်က သမားရိုးကျစ ကားပြောဆို တဲ့ပုံစံနဲ့ မဖြစ်နိုင်တဲ့အတွက် ဘယ်လိုအရာတွေက သက်ရောက်မှုရှိစေလဲ ဆိုတာတွေကို Made to Stick စာအုပ်ထဲမှာ အချက် ၆ ခုကို အတိုကောက်စာလုံးအနေ နဲ့ SUCCES လို့ရေးသားခဲ့ပြီး တစ်ခုချင်းစီကို အသေးစိတ်ရေးသား ဖော်ပြထားပါတယ်။
ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန်တွေက အကန့်အသတ်ရှိပေမယ့် လုပ်ဆောင်ရမယ့် အလုပ်တွေက ပိုပိုများလာပါတယ်။ ဘဝမှာမျှော်မှန်းထားတာတွေအတွက် ကိုယ့်ရဲ့ အချိန် တွေကိုအကျိုးရှိရှိ အသုံးချပြီးတော့ အလုပ်ပြီးမြောက်မှုပမာဏ ကို မြှင့်တင်ဖို့လိုပါတယ်။ ဒီသင်ခန်းစာမှာတော့ လူတိုင်းရဲ့ ဘဝတစ်လျောက်မှာ ဆောင်ရွက်မယ့် အလုပ်တွေအ တွက်အကောင်းဆုံးရလဒ်တွေ ရရှိနိုင်စေဖို့ အဓိက အချက် (၁၂) ချက်ကို အကြုံပြု ရေး သားထားပါတယ်။
ဒီသင်ခန်းစာမှာဆိုရင်တော့ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက် စေ့စပ်ညှိနှိုင်းမှုမှာလည်း မတူညီနိုင်တာကြောင့် ကိုယ့်ရဲ့ခံယူချက်နဲ့ လက်တန်းကြံဆ ဆောင်ရွက်နိုင်မှုကသာ အရေးကြီးတဲ့အကြောင်းကို အချက် (၉) ချက်နဲ့ အဓိက တင်ပြ ထားတာဖြစ်ပါတယ်။
မိမိလုပ်ငန်းရဲ့အကြောင်းကို လူတွေစိတ်ဝင်စားတဲ့အစီအစဉ်တွေမှာ ကြားဖြတ်ကြော်ငြာတာကအလုပ်မဖြစ်တော့တဲ့အတွက် အခြားနည်းလမ်းကို စဉ်းစားဖို့လိုအပ်လာပါတယ်။ အဲဒီအတွက်အဖြေတစ်ခုကတော့ Permission Marketing ဖြစ်တယ်လို့ စာရေးသူ Seth Godin ကဆိုပါတယ်။ Permission Marketing ရဲ့ အဓိကအချက်ကတော့ ကုန် ပစ္စည်းကို ချက်ချင်းရောင်းရဖို့ထက် စားသုံး သူတွေနဲ့ဆက်ဆံရေးကို ခိုင်မာမှုရရှိအောင် အရင်ဆုံး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ယုံကြည်မှုတည်ဆောက်နိုင် စေဖို့အတွက် Permission ဆိုတဲ့ စားသုံးသူတွေရဲ့ ခွင့်ပြုချက်ကို ရယူရာမှာ လုပ်ဆောင် ရမယ့် အဆင့် (၅) ဆင့်ကို ရှင်းလင်းဖော်ပြထားပါတယ်။
Compound Effect လို့ပြောတဲ့ ဆင့်ပွားတိုးတက်မှု ဆိုတာက အရာတစ်ခုဟာ ကြိုးစားအားထုတ်မှုတစ်ခုကြောင့် တသတ်မတ်တည်း တဖြည်းဖြည်းချင်းတိုးပွားလာမယ်ဆိုရင်တစ်ချိန်မှာ ကြီးမားတဲ့ရလဒ်တစ်ခု ဖြစ်ပေါ်စေတာကိုဆိုလိုပါတယ်။ မိမိရဲ့လုပ်ဆောင်ချက်တွေကို မိမိဘဝအတွက် အကျိုးရှိစေမယ့် အလေ့အထတွေအနေနဲ့ စွဲမြဲသွားအောင် တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းလေးမှာ စစ်မှန်တဲ့ အောင်မြင်မှုကိုရရှိဖို့ ကိုယ်တိုင်တည်ဆောက်ထားရမယ့် အလေ့အကျင့်ကောင်းတွေကို နားလည်သိရှိစေရန် အသေးစိတ်ရှင်းလင်းဖော်ပြထားပါတယ်။
Brand အမှတ်တံဆိပ်ဆိုတာ ကုမ္ပဏီနဲ့ကုန်ပစ္စည်းအပေါ်မှာ လူတွေမြင်တဲ့ ထင်မြင်ယူဆချက်သက်သက်မဟုတ်ဘဲ၊ လုပ်ငန်းတစ်ခုရဲ့ ကိုယ်ပိုင်အရည်အသွေးကို ထင်ဟပ်နေစေတဲ့အရာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ ကမ္ဘာကျော်အောင်မြင်တဲ့ အမှတ်တံဆိပ်တွေမှာ တွေ့ရလေ့ရှိတဲ့အချက် (၇) ချက်ကို ရှင်းလင်းဖော်ပြထားပါတယ်။
၂၁ ရာစုမှာ သိပ္ပံပညာရှင်တွေဟာ လူသားတွေရဲ့ သဘာဝနှင့် သိစိတ်ဆိုင်ရာလုပ်ဆောင် ချက်တွေကို ပိုမိုနားလည်နိုင်ဖို့ သုတေသနတွေပြုလုပ်တဲ့အခါ လူတွေရဲ့ ဉာဏ်ရည်ပိုင်း ဆိုင်ရာစွမ်းဆောင်နိုင်မှုမှာ IQ ဆိုတဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ EQ ဆိုတဲ့စိတ်ခံ စားမှုပိုင်းဆိုင်ရာစွမ်းရည် ဆိုပြီးတော့ အပိုင်း (၂) ပိုင်းရှိတာကို လေ့လာတွေ့ရှိခဲ့ကြပါ တယ်။ ဒီသင်ခန်းစာမှာတော့ စိတ်ခံစားမှုပိုင်းဆိုင်ရာစွမ်းရည်ဖြစ်တဲ့ EQ နဲ့ပက်သတ်တဲ့ အချက် (၅) ချက်ကို ရှင်းလင်းဖော်ပြထားပါတယ်။
Outliers ရဲ့တိုက်ရိုက်အဓိပ္ပာယ်ကတော့ “ တမူထူးခြားသူများ သို့မဟုတ် သမားရိုးကျဓလေ့ ထုံးစံတွေထဲကနေ ခွဲထွက်နေတဲ့လူများ” လို့ဆိုလိုပါတယ်။ ဒီသင်ခန်းစာမှာတော့ သမားရိုးကျထက်ပိုပြီး ထူးခြားတဲ့အောင်မြင်မှုတွေကို ရရှိသူတွေဖြစ်လာဖို့အတွက် အထောက်အပံ့ဖြစ်စေခဲ့တဲ့ အချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။
ဂဲလ်လပ်အဖွဲ့အစည်းဟာ နှစ်ပေါင်း (၂၅) နှစ်ကျော်ကာလအတွင်းမှာ မတူညီတဲ့ကုမ္ပဏီပေါင်းများစွာက ဝန်ထမ်း (၁) သန်းကျော်ခန့်ကို တွေ့ဆုံးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး "စွမ်းဆောင်ရည်မြင့်မားသူတွေအတွက် အရေးကြီးဆုံးသော လုပ်ငန်းခွင်ဆိုင်ရာလိုအပ်ချက် ၁၂- ချက်" နဲ့ "မန်နေဂျာကောင်းတွေက ကိုယ့်ဝန်ထမ်းတွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဖော်ထုတ်အသုံးပြုနိုင်ဖို့အတွက် အကြံပြုချက် ၄-ချက်" တို့ကို ဖော်ပြထားပါတယ်။
"ဒုက္ခအခက်အခဲတွေဆိုတာဟာ လူတိုင်းရဲ့ဘဝမှာ မလွှဲမသွေကြုံတွေ့ရမယ့်အစိတ်အပိုင်းတွေဖြစ်ပါတယ်" အဲ့ဒီဘဝရဲ့အခက်အခဲတွေကို တွန်းလှန်ကျော်ဖြတ်တဲ့အခါမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စွမ်းရည်တွေနဲ့ အလေ့အကျင့်တွေကို သိရှိနိုင်ဖို့အတွက် လူပုဂ္ဂိုလ်နဲ့ သမိုင်းဖြစ်ရပ်တွေ၊ တွေးခေါ်ပညာရပ်ဆိုင်ရာအယူအဆတွေကို လေ့လာခဲ့ပြီး စာရေးသူ Eric Greitens က "Resilience" ဆိုတဲ့ ဒီစာအုပ်ထဲမှာ အချက် ၆ ချက်နဲ့ ရေးသားဖော်ပြထားပါတယ်။
စားသုံးသူတွေက ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုမှတ်သားခြင်းဟာ သူတို့ရဲ့စိတ်ထဲမှာ ဖြစ်တဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ မားကတ်တင်း လုပ် ဆောင်ချက်တွေမှာ သိပ္ပံနည်းကျလေ့လာမှုတွေကို ပစ်ပယ်ဖို့ဆိုလိုတာ မဟုတ်ဘဲ၊ စားသုံး သူတွေရဲ့စိတ်ကူးတွေကို လွှမ်းမိုးသက်ရောက်မှု ဖြစ်စေတဲ့အရာတွေကို အသေးစိတ်ဖော် ပြထားပါတယ်။