Subscription

Subscription

How Successful People Think
255

How Successful People Think

ဘဝမှာ ကြုံလာတဲ့ပြဿနာ၊ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပြီးတော့ အောင်မြင်တိုးတက်မှုကို ရယူနိုင်တဲ့လူတွေဟာ မှန်မှန်ကန်ကန်တွေးခေါ်သုံးသပ်ပြီး ဆုံး ဖြတ်နိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။ ဒီ video လေးမှာတော့ နာမည်ကျော် အောင်မြင် ရေးဆိုင်ရာဟောပြောသူတစ်ယောက်ဖြစ်တဲ့ John C. Maxwell က How Successful People Think ဆိုတဲ့ စာအုပ်က အောင်မြင်သူတွေရဲ့ စဉ်းစားတွေခေါ်ပုံတွေနဲ့ တွေးခေါ် နိုင်စွမ်းကိုကောင်းမွန်တိုးတက်စေမယ့် နည်းလမ်းတွေကို သိရှိစေရန်ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ဟာ လုပ်ငန်းကိစ္စတွေနဲ့ပက်သတ်ပြီး အမြဲမပြတ်စဉ်းစားတွေးခေါ်နေရတာ ဖြစ်ပေမယ့် အများစုက ကိုယ့်ရဲ့တွေးခေါ်နေပုံကို သတိမမူကြပါဘူး။ ဒီသင်ခန်းစာမှာတော့ အောင်မြင်သူတွေ စဉ်းစားလေ့ရှိကြတဲ့ပုံစံ (၁၁) မျိုးနဲ့ စဉ်းစားနိုင်စွမ်းရှိဖို့ ဘယ်လိုလုပ် ဆောင်ရမယ်ဆိုတာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

So Good They Can't Ignore You
300

So Good They Can't Ignore You

ကြီးပွားတိုးတက်အောင်မြင်ရေး ခေါင်းစဉ်တွေနဲ့ဟောပြောကြတဲ့ သူတွေအများစုက အမြဲပြောလေ့ရှိကြတာကတော့ “ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ကြိုး စားလုပ်ဆောင်ပါ” ဆိုတဲ့စကားဖြစ်ပါတယ်။ ထက်သန်ပြင်းပြတဲ့စိတ်နဲ့သာ လုပ်ဆောင်ရင် ဘယ်နေရာမဆို အောင်မြင်မှုရလိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ်က ပါမောက္ခဖြစ်ပြီးတော့ နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်တဲ့ Cal Newport ရေးသားထားတဲ့ “So Good They Can’t Ignore You” ဆိုတဲ့ စာအုပ်မှ လူတစ်ယောက်အနေနဲ့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် တကယ်လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်နိုင်စွမ်းရှိဖို့ လိုတယ်ဆိုတာကို သိရှိစေရန်ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာတော့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ လုပ်ငန်းခွင်မှာ စွမ်းဆောင်နိုင်စွမ်းရှိမှုတို့ကြောင့် ဘဝမှာပျော်ရွှင်ကျေနပ်မှုရစေတာကို အချက် (၄) ချက်ဖြင့် အသေးစိတ်ဖော်ပြထားပါတယ်။

Ego is the Enemy
279

Ego is the Enemy

လူတိုင်းရဲ့ဘဝမှာ လောကသဘာဝအရ အနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် အချိန်တိုတိုအတွင်းမှာပဲ ပြန်လည်ကျရှုံးခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီသင်ခန်းစာမှာတော့ နာမည်ကျော်အမေရိကန်စာရေးဆရာ Ryan Holiday ရဲ့ “Ego is the Enemy” ဆိုတဲ့စာအုပ်မှ လူတစ်ယောက်ရဲ့ဘဝမှာ ကြုံတွေ့ရလေ့ရှိတဲ့ အနိမ့်အမြင့်အချိန်တွေမှာ သတိပြုရမယ့်အချက်တွေကို သိရှိစေရန်ရည်ရွယ်ပါတယ်။

ဒီသင်ခန်းစာလေးမှာတော့ ဘဝရဲ့ရည်မှန်းချက်တွေအတွက် ကြိုးစားချိန်မှာ ကျိုးနွံနှိမ့်ချမှုရှိစေဖို့၊ အောင်မြင်မှုတွေကို တွေ့ကြုံခံစားရတဲ့အခါမှာ တန်ဖိုးထားနားလည်တတ်ဖို့နဲ့၊ ကျရှုံးမှုကို ရင်ဆိုင်ရချိန်မှာလည်း ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ဖို့အတွက် သိနားလည်ထားသင့်တာတွေကို အပိုင်း (၃) ပိုင်းဖြင့် အသေးစိတ်ဖော်ပြထားပါတယ်။

The 22 Immutable Laws of Marketing
225

The 22 Immutable Laws of Marketing

စီးပွားရေးလုပ်ငန်းတွေဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ သဘာဝပတ် ဝန်းကျင်ဆိုတာတွေနဲ့ တွဲဆက်နေတဲ့ ပတ်ဝန်းကျင်အတွင်းမှာ တည်ရှိနေတာမို့ အမြဲ ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။ ဒီသင်ခန်းစာလေးကတော့ ကမ္ဘာကျော် Marketing Agency ကြီးတွေကို တည်ထောင်ခဲ့သူတွေဖြစ်တဲ့ Jack Trout နဲ့ AL Ries တို့ရဲ့ “ 22 Immutable Laws of Marketing” ဆိုတဲ့စာအုပ်မှ လုပ်ငန်းရဲ့လုပ်ဆောင်ချက်တွေ၊ စီမံအုပ်ချုပ်ပုံတွေ၊ အယူအဆတွေမှာ အရာအားလုံးကို အမြဲတမ်းလိုက်ပြောင်းလဲစရာမ လိုဘဲအမြဲလိုက်နာလုပ်ဆောင်သင့်တဲ့အချက်တွေကို သိရှိစေရန်ရည်ရွယ်ပါတယ်။

အပြောင်းအလဲမြန်ဆန်ပြီး အပြိုင်အဆိုင်ပြင်းထန်တဲ့ ဒီနေ့ခေတ်ရဲ့ စီးပွားရေးနယ်ပယ်မှာ လုပ်ငန်းတိုင်းဟာ မားကတ်တင်းရဲ့အခြေခံသဘောတရားတွေကို သိနားလည်ထားဖို့လို အပ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ မားကက်တင်းနယ်ပယ်နဲ့ ပတ်သက်နေသူတိုင်းအတွက် သိမှတ်ထားသင့်တဲ့အချက် (၂၂) ချက်ကို အသေးစိတ်ဖော်ပြထားပါတယ်။

The Speed of Trust
133

The Speed of Trust

"Trust" ဆိုတဲ့ ယုံကြည်မှုက လူတစ်ယောက်နဲ့တစ်ယောက်အကြား၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအကြားမှာ ဘယ်လိုပတ်သက်ဆက်စပ်မှုတွေကိုမဆို သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာမှာတော့ လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာတွေကို ဟောပြောပို့ချသူတစ်ယောက်ဖြစ်တဲ့ Stephen M.R Covey ရဲ့ “Speed of Trust” ဆိုတဲ့ စာအုပ်မှာ ယုံကြည်မှုကို ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့အကြောင်းနဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို ရေးသားဖော်ပြထားပါတယ်။

အဖွဲ့အစည်းတိုင်း လုပ်ငန်းခွင်တိုင်းမှာ ဦးဆောင်ခန့်ခွဲနေရသူတွေအတွက် အခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာအခြေခံအကျဆုံးအရာဟာ "ယုံကြည်မှု" ဖြစ်ပါတယ်။ ဒီ video လေးမှာတော့ ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင်ခြင်းဟာ ဘယ်လိုအရေးပါသလဲ၊ ဒါကိုရရှိဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

Chasing Excellence
129

Chasing Excellence

ကမ္ဘာ့အကောင်းဆုံး ကြံ့ခိုင်ရေးအားကစားနည်းပြတစ်ဦးဖြစ်တဲ့ Ben Bergeron ဟာ ကမ္ဘာပေါ်က အသန်မာဆုံး အားကစားသမားတွေကို လေ့ကျင့်ပေးခဲ့သူဖြစ်ပါတယ်။ ဒီ video လေးမှာတော့ စာရေးသူ Ben Bergeron ရဲ့ “Chasing Excellent” ဆိုတဲ့စာအုပ်မှ ကမ္ဘာ့အသန်မာဆုံးအားကစားသမားတွေကို လေ့ကျင့်ပေးရင်းနဲ့ သိရှိခဲ့ရတဲ့ လေ့လာတွေ့ရှိချက်တွေကို သိရှိစေရန် ဖော်ပြထားပါတယ်။

ကမ္ဘာကျော်အားကစားသမားတွေအနေနဲ့ထိပ်တန်းအဆင့်ကိုရောက်ရှိနေတာဟာ သူတို့ရဲ့ပါရမီကြောင့်အဓိက မဟုတ်ဘဲ စိတ်အားထက်သန်မှု၊ အာရုံစူးစိုက်မှု၊ ကြံ့ကြံံ့ခံနိုင်စွမ်းရှိမှု၊ မလျှော့တမ်းစွဲမြဲစွာ ကြိုးစားအားထုတ်မှုတို့ကြောင့်သာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ အားကစားသမားတွေသာမကဘဲ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို လက်တွေ့အသုံးချသင့်တဲ့အချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

Blink
123

Blink

Blink ဆိုတာရဲ့တိုက်ရိုက်အဓိပ္ပာယ်က “မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အချိန်ကလေး” ကို ဆိုလိုတာ ဖြစ်ပါတယ်။ လူသားတွေရဲ့ လက်တွေ့ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချဖို့ခက်ခဲတာမို့ ကြန့်ကြာနေတတ်ပါတယ်။ ဒီသင်ခန်းစာလေးရဲ့ ရည်ရွယ်ချက်ကတော့ စာရေးသူ Malcolm Gladwell ရဲ့ “Blink” ဆိုတဲ့စာအုပ်မှ ကြုံတွေ့ လာတဲ့ကိစ္စရပ်တွေမှာ ဖြစ်ပေါ်လာတဲ့အခြေအနေအရ ဆုံးဖြတ်ချက်တွေကို အချိန်တိုအတွင်းမှာ ဘယ်လိုလျင်မြန်စွာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ရမလဲဆိုတဲ့ အကြောင်းအရာတွေကို သိရှိစေရန်ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာတော့ လူတွေဟာ အကြောင်းကိစ္စတစ်ခုကို ဖြေရှင်းရာမှာ ဆုံးဖြတ်ချက်ချမှတ်တာထက် ဖြစ်ပေါ် လာတဲ့အခြေအနေအရ အချိန်တိုအတွင်းမှာ လျှင်မြန်စွာသုံးသပ် ဆုံးဖြတ်နိုင်ခြင်းက ပိုပြီးလက်တွေ့ကျတယ်ဆို တာကို ဖော်ပြထားတာ ဖြစ်ပါတယ်။

Grit
158

Grit

တစ်ချို့လူတွေဟာ သူတို့ရဲ့ရည်မှန်းချက်တွေအတွက် ဘယ်လိုအခက်အခဲတွေပဲတွေ့တွေ့ ကြိုးစားအားထုတ်မှုတွေကို အရှိန်မလျှော့ဘဲနဲ့ အမြဲကြိုးစားနေလေ့ရှိပါတယ်။ ဒီ video လေးကတော့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်တဲ့ Dr. Angela Lee Duckworth ရဲ့ Grit ဆိုတဲ့စာအုပ်မှ ရည်မှန်းချက်တွေအောင်မြင်ဖို့ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိခြင်းတို့ဟာ ပညာရေး၊ စီးပွားရေးနဲ့ အခြားဘယ်လိုနယ်ပယ်တွေမှာမဆို အောင်မြင်မှုရရှိဖို့အတွက် အဓိကအချက်တစ်ခုဖြစ်တယ်ဆိုတာကို သိရှိစေရန် ရည်ရွယ်ပါတယ်။

ဒီသင်ခန်းစာမှာတော့ ဘဝမှာရည်မှန်းချက်တွေ ပြည့်ဝစေဖို့၊ အောင်မြင်မှုတွေရရှိစေဖို့နဲ့ ပျော်ရွှင်မှုတွေရရှိစေဖို့ အတွက် အရေးအကြီးဆုံး စရိုက်လက္ခဏာတစ်ခုက အလျှော့မပေးစတမ်း ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ရှင်းလင်းဖော်ပြထားပါတယ်

The Five Temptations of a CEO
135

The Five Temptations of a CEO

ဒီနေ့ခေတ်အချိန်မှာ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနေကြတဲ့ CEO တွေ အများစုဟာ မဟာဗျူဟာ အသစ်တွေဖော်ဆောင်ခြင်း၊ ဈေးကွက်သစ်တွေ ရှာဖွေခြင်းတွေမှာ ကျွမ်းကျင်ကြပေမယ့် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်တဲ့အပိုင်းမှာတော့ အားနည်းလေ့ရှိကြပါတယ်။ ဒီ video လေးကတော့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုပညာရပ်ပိုင်းမှာ နာမည်ကျော်ကြားသူ Patrick Lencioni ရဲ့ “The 5 Temptations of a CEO” ဆိုတဲ့စာအုပ်မှ CEO တွေရဲ့ မှန်ကန်ကောင်းမွန်တဲ့ အမူအကျင့် ပိုင်းဆိုင်ရာတွေကို အားနည်းသွားအောင်ပြုလုပ်နိုင်တဲ့အရာတွေကို သတိပြုမိစေဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

CEO တိုင်းအတွက် အရေးကြီးဆုံးက ကိုယ့်ရဲ့အဓိက ဦးစားပေး လုပ်ဆောင်ရမယ့်အရာတွေဟာ ကိုယ့်ရဲ့စိတ်ကျေနပ်မှုမဟုတ်ဘဲ ကိုယ့်လုပ်ငန်းတစ်ခုလုံးရဲ့အောင်မြင်မှုပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ CEO တွေ သတိပြုရှောင်ကျဉ်ရမယ့် "ဆွဲဆောင်မှု (၅) ခု" ကို အသေးစိတ်ရှင်းလင်းဖော်ပြထားပါတယ်။

13 Things Mentally Strong People Don't Do
81

13 Things Mentally Strong People Don't Do

ကျွန်တော်တို့ဟာ ကိုယ်တိုင်သတ်မှတ်ထားတဲ့ ဘဝရည်မှန်းချက်တွေအတွက် ပြင်းပြင်းထန်ထန်ကြိုးစားနေချိန် မှာကိုယ်ရဲ့စိတ်ဓာတ်ခွန်အားတွေကို ထိခိုက်လျော့နည်းသွားစေမယ့် အချက်တွေကို သတိမပြုမိဘဲဖြစ်သွားလေ့ ရှိပါတယ်။ ဒီသင်ခန်းစာလေးကတော့ စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံတစ်ဦးတဲ့ Amy Morin ရဲ့ “ 13 Things Mentally Strong People Don’t Do” ဆိုတဲ့စာအုပ်မှ စာရေးသူရဲ့ လုပ်ငန်းအတွေ့အကြုံအရ လူတိုင်းအတွက် စိတ်ဓာတ်ခွန်အားတွေရရှိစေရန် ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ဟာ စိတ်ဓာတ်ခိုင်မာမှုရှိဖို့ဆိုရင် ကိုယ့်ရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့အပြုအမူတွေကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ မှန်ကန်တဲ့လမ်းညွန်မှုအတွက် အထောက်အကူဖြစ်စေဖို့ စိတ်ဓာတ်ခိုင်မာသူတွေမှာရှိတဲ့ အချက် (၁၃) ချက်ကို အသေးစိတ်ဖော်ပြထားပါတယ်။

17 Anti-Procrastination Hacks
103

17 Anti-Procrastination Hacks

"အချိန်ဆွဲခြင်း" ဆိုတာက လူသားတိုင်းနေ့စဉ်ကြုံတွေ့နေရတဲ့ အရာပဲဖြစ်ပါတယ်။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုတာနဲ့ အာရုံစိုက်မရတာတွေ တခြားအရေးမကြီးတဲ့ အကြောင်း အရာတွေကို အာရုံရောက်နေပြီးတော့ အလုပ် မပြီးတာတွေ ကြုံဖူးကြမှာပါ။ ဒီသင်ခန်းစာလေးမှာတော့ သြစတေးလျနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်တဲ့ Dominic Mann ရဲ့ “17 Anti- procrastination hacks” ဆိုတဲ့စာအုပ်မှ ရည်မှန်းချက်တွေ အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ရမယ်၊ အလုပ်တာဝန်တွေကို ဘယ်လိုခွဲဝေပေးရမယ်ဆိုတာတွေကို သိရှိစေရန် ရည်ရွယ်ပါ တယ်။

ဒီ video လေးမှာတော့ အချိန်ဆွဲခြင်းအလေ့အထကို ကျော်လွှားနည်း (၁၇) နည်းအကြောင်းကို ဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ်။

The 4 Disciplines of Execution
264

The 4 Disciplines of Execution

လုပ်ငန်းတစ်ခုအောင်မြင်လာပြီဆိုရင် ဒီလုပ်ငန်းက အိုင်ဒီယာကောင်းလို့ (သို့မဟုတ်) မဟာဗျူဟာကောင်းလို့ အောင်မြင်တာလို့ လူအများစုက ပြောကြပါတယ်။ အိုင်ဒီယာကောင်းတစ်ခုထက်ပိုပြီး အရေးပါတာက "လက်တွေ့ အကောင်အထည်ဖော်ခြင်း" ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်တိုးတက်မှုပိုင်း ဆိုင်ရာမှာနာမည်ကျော် အတိုင်ပင်ခံသူတွေဖြစ်တဲ့ Chris McChesney, Sean Covey နဲ့ Jim Huling တို့သုံးဦးရဲ့ “The 4 Disciplines of Execution” ဆိုတဲ့စာအုပ်မှ မိမိလုပ်ဆောင်ရမယ့်အလုပ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ပြီးစီးနိုင်ဖို့နဲ့ ရည်မှန်းချက်တွေကို ရရှိစေဖို့အတွက် လိုက်နာရမယ့်အချက်တွေကို သိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ဘယ်လုပ်ငန်းမျိုးမှာမဆို တကယ်ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ မရှိဘဲနဲ့ ရလဒ်ကောင်းတွေကို မရနိုင်ပါဘူး။ ဒါကြောင့် ဒီ video လေးကနေ ရည်မှန်းချက်တွေကို ရရှိနိုင်ဖို့အတွက် ဘယ်လိုအဖွဲ့အစည်းမျိုးမဆို အခြေအနေအမျိုးမျိုးအတွက် သင့်လျှော်ကို က်ညီတဲ့ လုပ်ဆောင်ချက်တွေကို အဓိကအချက် (၄) ချက်ဖြင့် ဆွေးနွေးတင်ပြထားပါတယ်။