Subscription

Subscription

The Tipping Point
142

The Tipping Point

လူအများရဲ့ အာရုံစိုက်မှုကို ရယူနိုင်ပြီးတော့ ထူးခြားတဲ့အပြောင်းအလဲတွေကို ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်တဲ့လူတွေ၊ လုပ်ငန်းတွေဟာ ဘယ်သူတွေဆီကို သတင်းစကားပေးရမယ်၊ အဲဒီ သတင်းကို အခြားသူတွေဆီကို ပြန့်နှံ့အောင် ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကို သိနားလည်သူတွေဖြစ်ကြပါတယ်။ ဒီသင်ခန်းစာလေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာရေးဆရာ Malcolm Gladwell ရဲ့ “Tipping Point’ ဆိုတဲ့စာအုပ်မှ လူ့အဖွဲ့အစည်းအတွင်းမှာ လူတစ်ချို့ရဲ့ သေးငယ်တဲ့လုပ်ဆောင်ချက်ကလေးတွေဟာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် သင့်လျော်တဲ့အချိန်၊ နေရာ၊ လူအုပ်တွေကြားကို ရောက်ရှိသွားခဲ့ရင် ကူးစပ်ရောဂါတစ်ခုရဲ့ဗိုင်းရပ်စ်တွေပြန့်နှံ့သွားသလိုပဲ လူအများကြားကို အလွယ်တကူစိ မ့်ဝင်ပြန့်နှံ့သွားလေ့ရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့ ထုတ်ကုန်ပစ္စည်းသစ်တွေ၊ သတင်းစကားတွေအနေနဲ့ လူအများကြားမှာ ဘယ်လိုပြန့်နှံ့သွားပြီးတော့ လူသိများထင်ရှားမှုဖြစ်လာသလဲဆိုတဲ့ အကြောင်းအရာကို အဓိကအချက် (၃) ချက်ဖြင့် ရှင်းလင်းဖော်ပြထားပါတယ်။

High Output Management
46

High Output Management

“စီမံခန့်ခွဲမှုပညာရပ်” ဆိုတဲ့ စကားကြားလိုက်ရင် “ဒါက သိပ်ကိုခက်ခဲနက်နဲလွန်းတယ်” လို့ လူအများစုက ထင်မြင်လေ့ရှိကြပါတယ်။ အမှန်တကယ်လည်း စီးပွားရေးအဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲနေရတဲ့ မန်နေဂျာတွေအတွက် လုပ်ငန်းတစ်ခုလုံးရဲ့ ကိစ္စရပ်တိုင်းမှာ အကောင်းဆုံးဖြစ်စေဖို့ စီမံရတာဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် ဒီသင်ခန်းစာလေးက ကမ္ဘာကျော်နည်းပညာ လု ပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Intel ရဲ့ CEO အဟောင်းဖြစ်သူ Andrew Grove ရေးသားတဲ့ “High Output Management” ဆိုတဲ့ စာအုပ်မှ ယနေ့ခေတ် မန်နေဂျာတွေရဲ့ အဓိကတာဝန်ဝတ္တရားတွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

လုပ်ငန်းခွင်တစ်ခုအောင်မြင်ဖို့အတွက် မန်နေဂျာတစ်ယောက်ရဲ့အဓိက တာဝန်က ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်မားဆုံးဖြစ်အောင် မြှင့်တင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာတော့ စွမ်းဆောင်ရည် ပြည့်ဝတဲ့မန်နေဂျာကောင်းတစ်ယောက်အနေနဲ့ မဖြစ်မနေသိရှိထားပြီးတော့ ဦးစားပေးလုပ်ဆောင်သင့်တဲ့အ ချက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။

Predictable Revenue
99

Predictable Revenue

"B2B Sales" လို့ ဆိုကြတဲ့ လုပ်ငန်းတစ်ခုရဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို အခြားလုပ်ငန်းတစ်ခုကို တိုက်ရိုက်ရောင်းချခြင်းဟာ ဒီနေ့ခေတ်စီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီ video လေးကတော့ နာမည်ကျော်အရောင်းပိုင်းဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီတစ်ခုရဲ့တ ည်ထောင်သူ Aaron Ross နဲ့ အရောင်းကျွမ်းကျင်သူ Marylou Tyler တို့ရေးသားထားတဲ့ “Predictable Revenue” ဆိုတဲ့ စာအုပ်မှ အရောင်းသမားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် သမားရိုးကျအရော င်းနည်းလမ်းတွေထက် ပိုမိုဆန်းသစ်မှုရှိပြီးတော့ လက်တွေ့လုပ်ဆောင်သင့်တဲ့အချက်တွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့ လုပ်ငန်းတစ်ခုအတွက် အလားအလာရှိတဲ့ ဝယ်ယူသူတွေကို စတင်ရှာဖွေခြင်းအဆင့်ကစပြီး အရောင်းဆောင်ရွက်ချက်ကို အဆုံးသတ်တဲ့အထိ အသေးစိတ်ရှင်းလင်းဖော်ပြထားပါတယ်။

Designing Your Life
121

Designing Your Life

လူတိုင်းလူတိုင်းဟာ ကိုယ်တိုင်နှစ်သက်မှုရှိပြီး အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် အခွင့်အရေး ရှိကြပါတယ်။ ဒီ video လေးကတော့ စတန်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ (၂) ဦးဖြစ်တဲ့ Bill Burnett နဲ့ Dave Evans တို့ရဲ့ “Designing Your Life” ဆိုတဲ့စာအုပ်မှ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားကို ကျေနပ်နှစ်သိမ့်နေပြီး၊ အမြဲမပြတ် တိုးတက်ပြောင်းလဲနေတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ လူနေမှုဘဝကို ဒီဇိုင်းရေးဆွဲသလို စနစ်တကျစဉ်းစားပုံဖော် ပေးနိုင်တဲ့နည်းလမ်းကောင်းတွေကို သိရှိစေရန် ရည်ရွယ်ပါတယ်

ဒီသင်ခန်းစာလေးကတော့ဒီဇိုင်နာတွေဟာ ပိုကောင်းတဲ့ပစ္စည်းသစ်တွေကိုရဖို့အတွက် လက်ရှိအရာတွေကို စဉ်ဆက်မပြတ် မွမ်းမံဆန်းသစ်နေလေ့ရှိသလိုပဲ ပိုကောင်းမွန်တဲ့ဘဝအခြေအနေကို ပိုင်ဆိုင်ချင်တဲ့ လူတိုင်းဟာလဲ လက်ရှိဘဝအခြေအနေကို အခြေခံပြီး ဘာတွေကိုပြောင်းလဲလုပ်ဆောင်သွားရမယ်ဆိုတာကို ရှင်းလင်းဖော်ပြထားပါတယ်။

Way of the Wolf
139

Way of the Wolf

ဒီ video လေးကတော့ အရောင်းသမားပေါင်းများစွာကို လေ့ကျင့်သင်ကြားပေးခဲ့သူ နာမည်ကျော်စာရေးဆရာ Jordan Belfort ရဲ့ “Way of the Wolf” ဆိုတဲ့စာအုပ်မှ ဘယ်လိုလုပ်ငန်းနယ်ပယ်မှာမဆို အသုံးချနိုင်တဲ့ အရောင်းပိုင်းဆိုင်ရာ နည်းလမ်းတွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

ဒီသင်ခန်းစာမှာတော့ အရောင်းမဖြစ်သေးတဲ့ အခြေအနေကနေ အရောင်းဖြစ်ပေါ်တဲ့အခြေအနေကို မျဉ်းဖြောင့် တစ်ကြောင်းဆွဲထားသလို မြင်ယောင်လိုက်ပြီးတော့ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားသင့်တဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကို ရှင်းလင်းဖော်ပြထားပါတယ်။

How to Stop Worrying and Start Living
283

How to Stop Worrying and Start Living

အရွယ်ရောက်လာတဲ့ လူတိုင်းမှာ စိတ်ပူပင်ရတာတွေ၊ စိုးရိမ်သောကတွေ အနည်းနဲ့အများရှိလာကြပါတယ်။ ဒါကြောင့် ဒီ video လေးကတော့ နာမည်ကျော်ဟောပြောသူ၊ စာရေးသူ Dale Carnegie ရဲ့ “How to Stop Worrying and Start Living” ဆိုတဲ့စာအုပ်မှ လူတိုင်းအတွက် စိုးရိမ်သောကတွေ လျော့နည်းသက်သာနိုင်စေမယ့်နည်းလမ်းတွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ ပြိုင်ဆိုင်မှုတွေများပြားလာတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ပူပင်ရတာတွေဟာ လူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒီသင်ခန်းစာလေးမှာတော့ စိုးရိမ်ပူပန်စရာတွေကို လျော့နည်းသက်သာစေမယ့် လူတိုင်းအလွယ်တကူ လိုက်နာဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

Psychology of Selling
126

Psychology of Selling

စီးပွားရေးလုပ်ငန်းတွေ အောင်မြင်မှုရဖို့နဲ့ ဆက်လက်ရှင်သန်နေနိုင်ဖို့အတွက် လိုအပ်တဲ့ငွေကြေးကို ရရှိစေနိုင်ဖို့ အရောင်းဌာနရဲ့ ဝန်ထမ်းတွေက စွမ်းဆောင်ပေးတာဖြစ်လို့ အရောင်းသမားတွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီ video လေးကတော့ နာမည်ကျော်စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ Brian Tracy ရဲ့ “Psychology of Selling” ဆိုတဲ့ စာအုပ်မှ အရောင်းသမားတွေသိသင့်တဲ့ လက်တွေ့ကျကျလုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ အရောင်းကဏ္ဍနဲ့ ပတ်သက်နေသူတိုင်း၊ မဖြစ်မနေသိထားသင့်တာတွေကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အထူးသဖြင့် B-to-B Selling လို့ ခေါ်ကြတဲ့ လုပ်ငန်းတစ်ခုရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို အခြားလုပ်ငန်းတစ်ခုကို ရောင်းချရသူတွေအတွက် ပိုပြီးတော့အကျိုးရှိစေနိုင်ပါတယ်။

The Snowball
154

The Snowball

ဒ်ီသင်ခန်းစာကတော့ စာရေးဆရာ Alice Schroeder ရေးသားထားတဲ့ “The Snowball” ဆိုတဲ့ စာအုပ်မှ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ သူဌေးကြီး Warren Buffett ရဲ့ဘဝဖြတ်သန်းမှုနဲ့၊ သူရဲ့အတွေးအမြင်တွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အယူအဆတွေ အကြောင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးမှာတော့ လုံ့လဝီရိယရှိသူ၊ ထူးခြားကောင်းမွန်တဲ့ အလေ့အကျင့်များကို အမြဲလုပ်ဆောင်သူ၊ အနာဂတ်ကို မျှော်မှန်းသုံးသပ် နိုင်သူတစ်ဦးဖြစ်တဲ့ Warren Buffett ရဲ့ ဘဝအဖြစ်အပျက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တီထွင်ကြံဆမှုတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။

Promo Video ( Free )
730

Promo Video ( Free )

ယခုဖော်ပြချက်သည် Service Failure စာအုပ်၏ အကျဉ်းချုံးဖော်ပြချက်သာဖြစ်ပါသည်။ အဆိုပါသင်ခန်းစာ၏ အသေးစိတ်ရှင်းလင်းပို့ချချက်ကို "Aung Myin Learning App" ၏ "Book Summaries" ကဏ္ဍတွင် လစဉ်ကြေးပေးသွင်း၍ လေ့လာနိုင်ပါသည်။

Ultralearning
119

Ultralearning

ဒီသင်ခန်းစာလေးကတော့ လူငယ်လုပ်ငန်းရှင်၊ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ “Scott Young” ရဲ့ Ultralearning ဆိုတဲ့စာအုပ်မှ အကြောင်းအရာတစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိစွာ လေ့လာနိုင်တဲ့ အတွေ့အကြုံတွေနဲ့ နည်းစနစ်တွေကို သိရှိစေရန် ရည်ရွယ်ပါတယ်။

ဒီသင်ခန်းစာမှာတော့ လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ သက်ဆိုင်ရာပညာရပ်တွေကို အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် သင်ယူနိုင်စွမ်း ရှိဖို့နဲ့ သင်ယူထားပြီးတာတွေကိုလဲ မိမိကိုယ်ကိုယုံကြည်မှုရှိစွာနဲ့ လက်တွေ့အသုံးချနိုင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကို ရှင်းလင်းတင်ပြထားပါတယ်။

Small Giants
139

Small Giants

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အပံံ့ပေးနေတဲ့ လုပ်ငန်းတွေဟာ အသေးစား လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီ video လေးကတော့ စီးပွားရေးဆောင်းပါးတွေကို ရေးသားနေတဲ့ စာရေးသူ Bo Burlingham က စံနမူနာပြုရလောက်အောင် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အမေရိကန်နိုင်ငံက လုပ်ငန်း (၁၄) ခုကို အသေးစိတ်လေ့လာခဲ့ပြီးတော့ သူတို့ရဲ့ထူးခြားချက်တွေအကြောင်းကို Small Giants ဆိုတဲ့ ဒီစာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

ဒီသင်ခန်းစာလေးကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် ဖြစ်လိုသူတိုင်းအတွက် လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲရာမှာ ဘယ်နည်းလမ်းတွေက မှန်တယ်၊ ဘယ်နည်းလမ်းတွေက မှားတယ်ဆိုတာမျိုးမရှိဘဲ ကိုယ့်လုပ်ငန်းအခြေအနေနဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကို ရွေးချယ်နိုင်မယ့် လေ့လာမှတ်သားစရာများကို ရှင်းလင်းဖော်ပြထားပါတယ်။

Peer Power
112

Peer Power

လုပ်ငန်းတစ်ခုအနေနဲ့ ရလဒ်ကောင်းတွေကို ရရှိဖို့ဆိုတာက လုပ်ငန်းတွင်းရှိဝန်ထမ်းတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု ကောင်းမွန်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းကြီးတွေအများအပြားကို အတိုင်ပင်ခံသူအဖြစ်လုပ်ဆောင်ခဲ့တဲ့ Cynthia Clay က ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုအတိုင်ပင်ခံသူတစ်ဦးဖြစ်တဲ့ Ray Olitt နဲ့အတူ "Peer Power" ဆိုတဲ့ ဒီစာအုပ်ထဲမှာ ဝန်ထမ်းတွေအချင်းချင်းအကြား အပြန်အလှန်ပြောဆိုဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းတွေကို ရေးသားဖော်ပြထားပါတယ်။

လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းတွေအကြားမှာ သဘောထားမတိုက်ဆိုင်မှုတွေ၊ ပဋိပက္ခတွေ အမြဲတမ်းရှိနေဆဲပဲဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးမှာတော့ စီမံအုပ်ချုပ်သူတွေအနေနဲ့ လုပ်ငန်းတွင်းမှာပြဿနာဖြစ်ပေါ်စေတတ်သူတွေရဲ့လက္ခဏာရပ်တွေနဲ့ ဝန်ထမ်းတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင်ပေးဖို့အတွက် ပြုမူလုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြထားပါတယ်။