Subscription

Subscription

The 7 Hidden Reasons Employees Leave
75

The 7 Hidden Reasons Employees Leave

ဒီနေ့ခေတ်အချိန်မှာ စီးပွားရေးလုပ်ငန်းတွေကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေအနက်က တစ်ခုကတော့ ဝန်ထမ်းတွေအလုပ်ပြောင်းရွှေ့မှုနှုန်းများခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတယ်ဆိုတာက လုပ်ငန်းခွင်မှာ လိုအပ်ချက်တွေ၊ အဆင်မပြေမှုတွေ၊ မကျေနပ်ချက်တွေကို ရက်ပေါင်းများစွာကြုံတွေ့လာရတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလို မကျေနပ်ချက်တွေရှိနေကြောင်းကို ဖော်ပြတဲ့လက္ခဏာတွေကို မန်နေဂျာတွေအနေနဲ့ကြိုတင်သိမြင်နိုင်ပြီး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် စာရေးသူ Leigh Branham က The 7 Hidden Reasons Why Employees Leave ဆိုတဲ့ ဒီစာအုပ်ကို ရေးသားဖော်ပြထားပါတယ်။

လုပ်ငန်းတွေအတွက် ဝန်ထမ်းရေးရာဆက်ဆံရေးတွေကို အကြံပေးအတိုင်ပင်ခံသူတစ်ယောက်ဖြစ်တဲ့ စာရေးသူ Leigh Branham က လူတွေ့မေးမြန်းမှုအင်တာဗျူးတွေနဲ့ ဆားဗေးအချက်အလက်တွေကို အခြေခံပြီး ရေးသားခဲ့တဲ့ ဒီစာအုပ်ထဲမှာ ဝန်ထမ်းတွေအနေနဲ့ အလုပ်ကထွက်ဖို့ဆုံးဖြတ်စေတဲ့ အဓိကအချက် ၇-ခုနဲ့ အဲဒါတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

Ikigai
102

Ikigai

ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတွေဟာ အသက်ရှည်တဲ့လူမျိုးတွေအဖြစ် နာမည်ကျော်ကြားပါတယ်။ ဂျပန်နိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ အိုကီနာဝါကျွန်းက လူတွေကတော့ ပိုပြီးတော့ အသက်ရှည်ကြပါတယ်။ ဒီလိုအသက်ရှည်ရတဲ့အကြောင်းရင်းကို သိရှိဖို့အတွက် Hector Garcia နဲ့ Francesc Miralles တို့ဟာ ဂျပန်နိုင်ငံမှာ အသက်တစ်ရာကျော်သူတွေ အများဆုံးနေထိုင်ကြတဲ့ Ogimi မြို့ကို သွားရောက်လေ့လာခဲ့ကြပြီး သူတို့ရဲ့လေ့လာတွေ့ရှိမှုတွေကို အခြားထင်ရှားသူတွေရဲ့ အယူအဆတွေ၊ သုတေသနအချက်အလက်တွေနဲ့ ပေါင်းစပ်ပြီးတော့ Ikigai ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကတော့ လူတိုင်းကျန်းမာအသက်ရှည်စေဖို့အတွက် နေ့စဉ်နေ့တိုင်းမှာလိုက်နာလုပ်ဆောင်သင့်တဲ့အချက်တွေကိုသာမက အခြားဆင်ခြင်စဉ်းစားသင့်တဲ့အချက်တွေကိုပါ သိရှိစေရန်ဖြစ်ပါတယ်။

Ikigai ဆိုတဲ့ ဒီစာအုပ်ဟာ "ဂျပန်လူမျိုးတွေရဲ့ လူနေမှုအလေ့အထတွေအပေါ် အနောက်နိုင်ငံသားတွေရဲ့အမြင်" အနေနဲ့ နိုင်ငံတကာမှာ အလွန်နာမည်ကြီးတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဂျပန်လူမျိုးတွေအသက်ရှည်ရခြင်းရဲ့လျှို့ဝှက်ချက်ကို ထင်ဟပ်စေတဲ့ အဓိက အချက် ၁၀ ခုကို ရေးသားဖော်ပြထားပါတယ်။

How the Mighty Fall
62

How the Mighty Fall

စာရေးသူက ဒီစာအုပ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ “အောင်မြင်မှုရရှိလာစေတဲ့ အခြေခံတန်ဖိုးထားမှုတွေကို စွဲစွဲမြဲမြဲထိန်းသိမ်းထားနိုင်ဖို့၊ လုပ်ငန်းနယ်ပယ်အလိုက် ဖြစ်လေ့ရှိတဲ့သဘောကို နားလည်ထားပြီးတော့ လိုအပ်သလို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့နဲ့ အခက်အခဲ အကျပ်အတည်းတွေကြုံလာချိန်မှာ တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ဖို့” တွေက အလွန်အရေးကြီးတဲ့အကြောင်းတွေကို သိရှိစေရန်ရည်ရွယ်ထားပါတယ်။

ဒီဗီဒီယိုလေးကတော့ စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျသုတေသနပြုလေ့လာပြီးတင်ပြရာမှာနာမည်ကျော်တဲ့ စာရေးဆရာ Jim Collins ရေးသားဖော်ပြထားတဲ့ "How the Mighty Fall" ဆိုတဲ့ စာအုပ်ရဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ "လုပ်ငန်းတွေဟာ အောင်မြင်နေရာကနေ ကျရှုံးမှုလမ်းကြောင်းပေါ်ကို အဆင့် ၅-ဆင့်နဲ့ရောက်ရှိသွားလေ့ရှိတယ်" ဆိုတာကို ရေးသားဖော်ပြထားပါတယ်။

Delivering Happiness
95

Delivering Happiness

ဒီနေ့ခေတ်အချိန်မှာ အကောင်းဆုံးဝန်ဆောင်မှုတွေကြောင့်ထင်ရှားတဲ့ Zappos ကုမ္ပဏီကိုပူးတွဲတည်ထောင်ခဲ့သူ Tony Hsieh ရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်တွေနဲ့အယူအဆတွေကိုသိရှိနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။

အင်တာနက်ခေတ်ဦးပိုင်းတုန်းက အွန်လိုင်းကြော်ငြာလုပ်ငန်းတစ်ခုကိုတည်ထောင်ခဲ့သူ၊ အခုအချိန်မှာ အွန်လိုင်းကတဆင့်ဖိနပ်တွေရောင်းချတဲ့ Zappos ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူအနေနဲ့ လူသိများတဲ့သူကတော့ Tony Hsieh ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အတွေးအခေါ်အယူအဆတွေ၊ အတ္ထုပ္ပတ္တိ တစိတ်တဒေသအကြောင်းနဲ့ Zappos ကုမ္ပဏီကို ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို သူကိုယ်တိုင်အသေးစိတ်ရေးသားထားတဲ့ Delivering Happiness ဆိုတဲ့ ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

The Art of Closing the Sale
64

The Art of Closing the Sale

ရောင်းချခြင်းဆိုတာဟာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ရှင်သန်မှု၊ တိုးတက်မှုတွေအတွက် အလွန်အရေးပါတဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ "လူတွေအနေနဲ့ ဝယ်ယူဖို့ကမ်းလှမ်းတာကို ငြင်းပယ်မှုပြုရာမှာ လုပ်ဆောင်လေ့ရှိကြတဲ့ပုံစံ (၉) မျိုး" နဲ့ "အရောင်းသမားတွေအနေနဲ့ အရောင်းအဝယ်ဖြစ်မြောက်အောင် သေချာစေဖို့အတွက် လုပ်ဆောင်နိုင်တဲ့နည်းလမ်း ၁၄-ခု" ကို အဓိက ဖော်ပြထားပါတယ်။

အရောင်းဆောင်ရွက်ချက်တစ်ခုမှာ ရောင်းသူရဲ့ကမ်းလှမ်းချက်ကို အလားအလာရှိတဲ့ဝယ်သူက လက်ခံလိုက်ပြီးတော့ အရောင်းအဝယ်ဖြစ်ခြင်းနဲ့ အဆုံးသတ်လိုက်နိုင်ဖို့ဆိုတာဟာ မလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အရောင်းအဝယ်တစ်ခုဖြစ်ဖို့အတွက် အပြီးသတ်လုပ်ဆောင်လိုက်တာကို Closing လို့ ခေါ်ပါတယ်။ "ရောင်းချခြင်းနဲ့ ပတ်သက်တဲ့စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူ၊ နာမည်ကျော်သင်ကြားပို့ချသူ Brian Tracy ရေးသားထားတဲ့ The Art of Closing the Sale ဆိုတဲ့ ဒီစာအုပ်ထဲမှာ အရောင်းဆောင်ရွက်ချက်တစ်ခုကို အကောင်းဆုံးအပြီးသတ်လုပ်ဆောင်နိုင်ဖို့အတွက် သိမှတ်ထားသင့်တာတွေကို ဖော်ပြပေးထားပါတယ်။

Traction
80

Traction

စနစ်တကျပုံမှန်လှုပ်ရှားလည်ပတ်နေတဲ့ဘယ်လိုအရာမဆို စီစဉ်တကျဖွဲ့စည်းထားတဲ့အစိတ်အပိုင်းတွေ ပေါင်းစပ်ပါဝင်ပါတယ်။ ဒါကို အင်္ဂလိပ်လို System လို့ခေါ်ပြီးတော့ မြန်မာလိုတော့ လုပ်ဆောင်ပုံစနစ်လို့ခေါ်ပါတယ်။ အမေရိကန်နိုင်ငံက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Gino Wickman ရေးသားထားတဲ့ Traction ဆိုတဲ့စာအုပ်ကတော့ ဒီလိုစနစ်တစ်ခုကို လက်ရှိလုပ်ငန်းအတွင်းမှာ တည်ဆောက်ချင်တဲ့သူတွေနဲ့ လုပ်ငန်းသစ်တစ်ခုကို စတင်ချိန်မှာ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိရှိစေဖို့ရည်ရွယ်ပြီး ရေးသားထားပါတယ်။

လုပ်ငန်းရှင်တွေအများစုဟာ လုပ်ငန်းစတင်ချိန်အစောပိုင်းကာလတွေမှာ အရာရာကို ကိုယ့်စိတ်တိုင်းကျစီမံခန့်ခွဲနိုင်ဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ ရေရှည်အတွက် လုပ်ငန်းရလဒ်တွေကောင်းမွန်နေဖို့ဆိုရင် အရာအားလုံးကိုကိုယ်တိုင်အသေးစိတ် ညွှန်ကြားစေခိုင်းနေဖို့မသင့်တော်ဘဲ သင့်တော်တဲ့စနစ်တခုကိုတည်ဆောက်ထားဖို့သာ လိုအပ်ပါတယ်။ ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ရမယ့်ကဏ္ဍတွေကို အပိုင်း ၆-ခု ပိုင်းခြားပြီးတော့ Traction ဆိုတဲ့ ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။