Subscription

Subscription

PC Mustafa
57

PC Mustafa

အလွန်ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားကြီးပြင်းလာရပေမယ့်လဲ မဆုတ်မနစ်တဲ့ကြိုးစားအားထုတ်မှုတွေကြောင့် သမားရိုးကျစားသောက်ကုန်လုပ်ငန်းတစ်ခုကို ဆန်းသစ်တီထွင်မှုတွေအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေအထိ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက လူငယ်လုပ်ငန်းရှင် "PC Mustafa" နဲ့ သူ့ရဲ့လုပ်ငန်းအကြောင်းကို အားကျအတုယူနိုင်စေဖို့အတွက် ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီနေ့အချိန်မှာ အောင်မြင်ကျော်ကြားလာခဲ့တဲ့ ID Fresh Food လုပ်ငန်းဟာ လုပ်ငန်းစတင်ခဲ့ချိန်တွေတုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်၊ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေကြောင့် ပေါ်ပေါက်လာတဲ့ဈေးကွက်တခုရဲ့အခွင့်အရေးကို ဘယ်လိုရယူနိုင်ခဲ့တယ်ဆိုတာတွေကို ဒီဗီဒီယိုလေးမှာ ဖော်ပြထားပါတယ်။