Aung Myin Online Learning

Aung Myin Online Learning

Social

Knowledge for All

Aung Myin Online Learning

Business Knowledge

Biography

Aung Myin Online Learning.

Contact info

Courses

Power of Habits
5921

Power of Habits

လူတိုင်း ကိုယ့်အတွက် ကောင်းကျိုးပေးနိုင်မယ့် နိစ္စဓူ၀ အလေ့အထတစ်ရပ်ကို အချိန်တိုအတွင်း တည်ဆောက်ပြီး အသားကျနေတဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Charles Duhigg ရေးသားခဲ့တဲ့ “Power of Habit” စာအုပ်မှာ ပါတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပေါ်လာပုံနဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲနိုင်ဖို့ အကူအညီပေးနိုင်တဲ့ အချက်များကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။

Good To Great
206

Good To Great

Great လို့ပြောရလောက်အောင် စွမ်းဆောင်ရည် သိပ်ကောင်းတဲ့ company တွေက သာမာန်အဆင့်အောင်မြင်မှုရတဲ့ Good company တွေထက် သာလွန်ကောင်းမွန်နေတဲ့ အချက်တွေ ရှိပါတယ်။ စာရေးသူ Jim Collins ဟာ စွမ်းဆောင်ရည် သိပ်ကောင်းတဲ့ ကုမ္ပဏီအမြောက်အများကို နှစ်ပေါင်းများစွာ အသေးစိတ်လေ့လာခဲ့ပြီးမှ တွေ့ရှိချက်တွေကို ထပ်မံသုံးသပ်ပြီး “Good To Great” စာအုပ်ကိုရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှ တစ်ဆင့် “Good To Great” စာအုပ်မှာ ပါဝင်တဲ့ လုပ်ငန်းအတွက် အရေးပါတဲ့ အချက်များကို လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာကြီးတွေက ညွှန်းဆိုရတဲ့ စာရေးသူ Jim collin ရဲ့ “Good to Great” ဆိုတဲ့ စာအုပ်မှာပါဝင်တဲ့ တကယ်စွမ်းဆောင်မှုကောင်းတဲ့ Great ကုမ္ပဏီတွေမှာ တွေ့ရှိရတဲ့ 1. Disciplined People "စည်းစနစ်ကျနသော လူများ" 2. Disciplined Thoughts စနစ်ကျနတဲ့ အတွေးများနဲ့ မှန်ကန်တဲ့ တွေးခေါ်ပုံများ 3. Disciplined Action စည်းစနစ်ကျနတဲ့ လုပ်ဆောင်ချက်များ စတဲ့ ကိုယ့်လုပ်ငန်းကို တိုးတက်အောင်မြင်အောင်စေနိုင်တဲ့ အချက်များကို တင်ပြထားတာ ဖြစ်ပါတယ်။

Mindset
261

Mindset

ဖြန့်ကျက်တွေးခေါ်တတ်သူ (Growth Mindset) တွေက စာအုပ်ကြီးအတိုင်း တွေးခေါ်တတ်သူ (Fixed Mindset)တွေထက် လူအများနဲ့ ပေါင်းသင်းဆက်ဆံခြင်းနဲ့ ဦးဆောင်စီမံခန့်ခွဲရာမှာ ပိုမိုကောင်းမွန်အောင် လုပ်နိုင်လေ့ရှိကြပါတယ်။ ဖြန့်ကျက်တွေးခေါ်မှုတွေ ကတဆင့် လူတိုင်း အစစအရာရာ အဆင်ပြေ အောင်မြင်ပြီး ပျော်ရွင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်စေနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ ပါမောက္ခ Carol ရေးသားခဲ့တဲ့ တွေးခေါ်မှု အလေ့အထများအကြောင်း “Mindset: the new psychology of success” စာအုပ်ထဲမှ တွေးခေါ်မှု အလေ့အထအကြောင်းကို အသေးစိတ် ရှင်းလင်း ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။

Getting Things Done
164

Getting Things Done

ကိုယ်ရည်ကိုယ်သွေး တိုးတက်မှု နယ်ပယ်၏ အကောင်းဆုံးစာအုပ်တွေထဲက တစ်အုပ်အပါအဝင်ဖြစ်တဲ့ Getting Things Done စာအုပ်မှတဆင့် နေ့စဉ်စိတ်အတွေးတွေမှာ မသိစိတ်ရဲ့ အနှောင့်အယှက်တွေ ကင်းဝေးစေရုံသာမက အချိန်ကို အကျိုးရှိရှိအသုံးချပြီး တစ်ကိုယ်ရည် စွမ်းဆောင်နိုင်စွမ်းတွေ မြင့်တက်လာအောင် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့ တစ်ကိုယ်ရည်စွမ်းဆောင်နိုင်စွမ်း တိုးတက်မှုနဲ့ အချိန်ကို စီမံခန့်ခွဲမှု နည်းလမ်းတွေကို လေ့ကျင့်သင်ကြားပေးသူတစ်ဦးဖြစ်သော David Allen ရေးသားထားတဲ့ Getting Things Done စာအုပ်အကြောင်းကို ရှင်းလင်းတင်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှ ဘယ်လိုကိစ္စမျိုးမှာမဆို အပြီးသတ်လုပ်ဆောင်ရမယ့် ကိစ္စရပ်များကို ရှာဖွေသတ်မှတ်ခြင်းနဲ့ အဲ့ဒိကိစ္စရပ်တွေ ပြီးမြောက်ဖို့အတွက် လုပ်ဆောင်ချက်တွေမှာ ပေါင်းစပ်အသုံးပြုနိုင်တဲ့ လွယ်ကူရှင်းလင်းတဲ့ ဇယားတစ်ခု အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Hooked
181

Hooked

လူတိုင်းလိုလိုမှာ မသိစိတ်နဲ့ အလိုအလျောက် အကျင့်ပါပြီး လုပ်ဆောင်နေတတ်တဲ့ စွဲလမ်းမှုတွေ ရှိကြပါတယ်။ ဥပမာ- မနက်လင်းတာနဲ့ ကော်ဖီသောက်ချင်တာလိုမျိုးပေါ့။ ဒီလိုမျိုး ကိုယ့်လုပ်ငန်းက ထုတ်ကုန်တစ်ခုကို စားသုံးသူတွေ မသုံးရမနေနိုင်တဲ့ အရာတစ်ခု ဖြစ်အောင်၊ စွဲလမ်းနေအောင် ဖန်တီးထားခြင်းဖြင့် အကျိုးအမြတ်များ ဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာကတော့ စာရေးသူ Nir Eyal ရေးသားတဲ့ “Hooked” စာအုပ်ထဲမှာပါတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရည်ရွယ်ထားတဲ့ စားသုံးသူတွေကို ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်တွေမှာ စွဲလမ်းအောင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Think and Grow Rich
4144

Think and Grow Rich

ဘဝမှာ ကောင်းတာကိုပဲ တွေးတော့နေတဲ့သူတွေက အကောင်းတွေကိုသာ ကြုံတွေ့ရပြီး အဆိုးတွေကိုသာ တွေးတောတတ်သူများဟာလည်း အဆိုးနဲ့သာ တွေ့ကြုံရတာ များပါတယ်။ ဆိုလိုတာကတော့ လူတွေရဲ့တွေးခေါ်မှုတွေက သူတို့ရဲ့ ဘဝအောင်မြင်မှုအတွက် အဓိကကျတဲ့ အချက်ဖြစ်တာကြောင့် ပြင်းထန်တဲ့ စိတ်ဓါတ်၊ စည်းကမ်းနဲ့ အကောင်းမြင်စိတ်များ မွေးမြူပြီး ချမ်းသာကြွယ်ဝအောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာလေးကတော့ နယ်ပယ်ရပ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေနဲ့ သူဌေးကြီးတွေရဲ့ ပြုမှုတတ်တဲ့ အကျင့်တွေ၊ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထတွေကို နှစ်ပေါင်း ၂၀ ကျော် စူးစမ်းလေ့လာခဲ့ပြီး ရေးသားခဲ့တဲ့ “Think and Grow Rich” ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ချမ်းသာအောင် တွေးတော ကြံစည်လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Phil Knight
216

Phil Knight

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ NIKE သမိုင်းကြောင်းကို လေ့လာခြင်းဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုသူတိုင်း စိတ်အားထက်သန်မှုများ ရရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာဆိုရင် ကမ္ဘာကျော် အားကစား အသုံးအဆောင်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ နိုက်ကီကို ဘယ်လို စတင်တည်ထောင်ခဲ့သလဲ ဆိုတာနဲ့ စီးပွားရေးလောကမှာ အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့ပုံများကို တင်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Purple Cow
125

Purple Cow

ယနေ့ခေတ် ဈေးကွက်ထဲမှာ စားသုံးသူများက ကိုယ့်အမှတ်တံဆိပ်ကို သိသာထင်ရှားပြီး အမှတ်ရနေစေဖို့အတွက် လိုအပ်တဲ့ တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ် တင်ပြထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင် မားကတ်တင်း အတွေးအမြင်စာအုပ်တွေ ရေးသားရာမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ Seth Godin ရဲ့ “Purple Cow” စာအုပ်ထဲက အရင်အချိန်က မားကတ်တင်း လုပ်ဆောင်ပုံများနဲ့ ယနေ့ခေတ် မှာ ပြောင်းလဲနေတဲ့ ပုံစံတွေကို ဥပမာများနဲ့ နားလည်မြင်သာအောင် တင်ပြပေးထားတာဖြစ်ပါတယ်။

Top Ittipat
2918

Top Ittipat

စွန့်ဦးတီထွင်မှုကို စိတ်ဝင်စား လုပ်ကိုင်လိုသူများအနေနဲ့ တချိန်က ဂိမ်းစွဲနေတဲ့ချာတိတ်လေး အဖြစ်မှ ယခုအခါ အများပိုင်ကုမ္ပဏီကြီးကို ဦးဆောင်နိုင်တဲ့ လုပ်ငန်းရှင်အဖြစ် ပြောင်းလဲကြိုးစားနိုင်ခဲ့တဲ့ Top Ittipat ကို အတုယူပြီး ကိုယ့်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာတော့ တိုကေးနွမ် Tao Kae Noi Food and Marketing Company ကို ဦးဆောင်နေသော ထိုင်းနိုင်ငံရှိ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးဖြစ်တဲ့ Top Ittipat အနေနဲ့ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပုံများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

The E-Myth Revisited
163

The E-Myth Revisited

ဒီသင်ခန်းစာလေးကတော့ နှစ်ပေါင်း (၄၀) ကျော် အသေးစားလုပ်ငန်းများ၏ အတိုင်ပင်ခံအနေနှင့် ဆောင်ရွက်ခဲ့သော Michael Gerber ရေးသားခဲ့တဲ့ “E-Myth Revisited” စာအုပ် အကြောင်းကို ဝေမျှထားတာဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး လက်ရှိအချိန်ထိ တိုးတက်အောင်မြင်အောင် မဆောင်ရွက်နိုင်သေးတဲ့သူတွေ (သို့) ပိုမို အောင်မြင်အောင်ဆောင်ရွက်လိုသူများအနေနဲ့ မျှော်မှန်းထားသော လုပ်ငန်းတစ်ခုပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ စာအုပ်ထဲက အဓိကအချက်များကို သိရှိနားလည်ပြီး လုပ်ငန်းမှာ ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ယခုသင်ခန်းစာမှာဆိုရင်“E-Myth Revisited” စာအုပ်ထဲမှာပါတဲ့ လုပ်ငန်းတည်ထောင်သူ ပါဝင်ဖြည့်ဆည်းပေးရမည့် အခန်းကဏ္ဍ (၃) ခု၊ ရေရှည်တည်တံ့နိုင်မည့် လုပ်ငန်းလည်ပတ်မှုစနစ် အကြောင်းနှင့် လုပ်ငန်းတည်ထောင်သူ၏ စီးပွားရေးလုပ်ငန်းအတွက် ရည်မှန်းချက်နဲ့ ဘဝရည်မှန်းချက် ကိုက်ညီမှုရှိခြင်း အကြောင်းများကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။