U Zaw Myo Aung

U Zaw Myo Aung

Social

Founder of Pyin Nyar Eain Academy

U Zaw Myo Aung

MBA,MPA,BCSc.(hons) Professional Master of Project Management (AIT),G.Dip.SA (NUS),MPol.S (Second Year)

Biography

ဦးဇော်မျိုးအောင်ကို အဖ Dr.ကျော်ထွန်းအောင် အမိ ဒေါ်သန်းသန်းနွယ်တို့က ၁၉၇၆ ခုနှစ် ၊ မန္တလေးမြို့တွင် မွေးဖွားခဲ့ပါသည်။ မူလတန်းကို မလွန်ခရေပင်ဝိုင်းမူလတန်းကျောင်း၊ အလယ်တန်းနှင့် အထက်တန်းကို အမှတ် (၁၄) အ.ထ.က၊ မန္တလေးမြို့တွင် ပညာသင်ယူခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပါသည်။ အဆင့်မြင့်ပညာကို မန္တလေးစက်မှုတက္ကသိုလ်တွင် (MIT) စတုတ္ထနှစ် မြို့ပြ အင်ဂျင်နီယာသင်တန်းထိ တက်ရောက်ခဲ့ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ် (UCSM) မှ BCSc.(Hons:) ဘွဲ့ရရှိခဲ့ပါသည်။ ထို့နောက် Singapore NUS တွင် ဘွဲ့လွန်ပညာကို ဆက်လက်ဆည်းပူးခဲ့ကာ Graduate Diploma in Systems Analysis (ISS, SA29) ဘွဲ့ကို ရရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ စပြီး မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သော ဘွဲ့လွန်ဒီပလိုမာ၊ မာစတာသင်တန်းများတွင် တက်ရောက်ခဲ့ကာ MBA, MPA, DPS, Dip.in Apply Psychology ဘွဲ့များကို ရရှိခဲ့ပါသည်။ AIT (Thailand) နှင့် Ministry of Construction (Myanmar) တို့ ပူးပေါင်းဖွင့်လှစ်သည့် MPM 7 သင်တန်းကိုတက်ရောက်ခဲ့ကာ Professional Master of Project Management ဘွဲ့ကိုရရှိခဲ့ပါသည်။ ယခုလက်ရှိတွင် Mandalay University ၏ Master of Political Studies သင်တန်းတွင် Second Year သင်တန်းကို ဆက်လက် တက်ရောက်လျက်ရှိပါသည်။ ၁၉၉၆ ခုနှစ်တွင် MIT မှ သူငယ်ချင်းများနဲ့အတူ YEG Computer Designing & Training Center ကို စတင်တည်ထောင်ခဲ့ပြီး Optimum Engineering Group, Pyin Nyar Eain Academy ဟု အဆင့်ဆင့် အမည်ပြောင်းကာ မြို့ပြအင်ဂျင်နီယာ အထောက်အကူပြုသင်တန်းများ၊ RSE & PE ဝင်ခွင့် သင်တန်းများ၊ MBA & MPA ဝင်ခွင့် GMAT သင်တန်းများကို ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။ Singapore နိုင်ငံ Falkcon Interior နှင့် KPMG Singapore တို့တွင် ၂၀၀၈-၂၀၁၀ (၂) နှစ်ခန့် အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်။ 2016 ခုနှစ်တွင် Hyper Job Co., Ltd. ကို တည်ထောင်ကာ Operation Director အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အောင်မြင်သူလုပ်ငန်းစု၊ Mitsubishi Electrics၊ U Kar Ka Co., Ltd., တို့တွင် Project Manager နှင့် Marketing Manager အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်က စတင်ပြီး ယခုအချိန်ထိ Mandalay မြို့ရှိ Private College & University များဖြစ်ကြသော NVL Institute, London Business Academy, Strategy First University, YEC, Miba, MESI ကျောင်းများတွင် Senior Lecturer အဖြစ် Business Management ဘာသာရပ်များကို သင်ကြားမျှေ၀ ပေးလျက်ရှိပါသည်။ ပရဟိတအနေဖြင့် စေတနာတူ မိတ်ဆွေဆရာများနှင့် လက်တွဲကာ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကြီးတွင် စီးပွားရေးစီမံခန့်ခွဲမှု ပညာ ပညာဒါန သင်တန်းများ နှင့် Youth Development Programme ပညာဒါနသင်တန်းများစွာ ကို စီစဉ်ဖွင့်လှစ်ကာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

Contact info

Courses