Social
Biography
ဒေါက်တာအောင်ကိုကိုသည် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ဆေးပညာဘွဲ့ကို ၂၀၀၉ ခုနှစ်တွင် ရရှိပြီးသည်နှင့်တပြိုင်နက် HR လောကသို့စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Association of Business Executives, UK မှ ချီးမြှင့်သော World First, Top Paper Prize ကို Human Resource Management ဘာသာရပ်အတွက် ရရှိခဲ့ပါသည်။ STEPS နာတာရှည်ရောဂါ သုတေသနအတွက် အချက်အလက်ကောက်ယူရာတွင် စေတနာဝန်ထမ်းအဖြစ်ပါဝင်ခဲ့ပြီး ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့မှ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ Value - Added Tax နှင့်ပတ်သက်၍ IMF Washington မှ အကြံပေးအဖွဲ့လာရောက်ရာတွင်လည်း ပါဝင်ကူညီခဲ့ပါသည်။ Heriott - Watt University, Edinburgh Business School မှ လူ့အရင်းအမြစ်စီမံခန့်ခွဲမှု မဟာသိပ္ပံဘွဲ့ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှောင်းပိုင်းမှစ၍ လုပ်ငန်းခွင်သင်တန်းပေးခြင်းများစတင်လုပ်ကိုင်ကာ ပုဂ္ဂလိကသင်တန်းကျောင်းများတွင်လည်း လူ့အရင်းအမြစ်စီမံမှုဆိုင်ရာ သင်တန်းများပို့ချနေသူဖြစ်ပါသည်။ ဒါက်တာအောင်ကိုကိုသည် လက်ရှိတွင် Mottama Holdings Ltd. တွင် Learning and Development ပိုင်းကို ဦးဆောင်ကိုင်တွယ်လျက်ရှိပြီး Malaysia, North Borneo University College (NBUC) တွင် ပါရဂူဘွဲ့တန်း ဆက်လက်တက်ရောက်လျက်ရှိပါသည်။
Contact info
Courses